Date

November 24, 2020

အတ္တလန်တာပွဲကြို မီဒီယာတွေ့ဆုံမှုနဲ့အတူ ဒီကနေ့ညပိုင်း နောက်ဆုံးရ လီဗာပူးသတင်းများ

တိုက်စစ်မှူး ဆာလက်ကို အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲထုတ်လို့ ရပြီဖြစ်ကြောင်း မန်နေဂျာကလော့ပ်က အတည်ပြုပါတယ်။ သီယာဂို အပါအဝင် ဒဏ်ရာရ ကစားသမားတွေ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါလာမလား အမေးကို ကလော့ပ်က နည်းစနစ်ကို ကြိုတင်ပြောလိုခြင်း မရှိတာကြောင့် ဖြေဆိုပေးဖို့ ငြင်းဆန်လိုပါကြောင်း တုန့်ပြန်ပါတယ်။ အီတလီမှာ ၅ ဂိုးပြတ် အနိုင်ရတိုင်း အန်ဖီးမှာ အတ္တလန်တာကို ဂိုးပြတ် အနိုင်ရမှာ မဟုတ်ဘဲ ဂရုစိုက်ကာ ပြင်ဆင်ဖို့လိုမယ်လို့ ယာဂင်ကလော့ပ်နဲ့အတူ မီဒီယာတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ မာတစ်က ဖြေဆိုပါတယ်။ ပရီးမီးယားလိဂ် ၂… Continue Reading →

လီဗာပူး V အတ္တလန်တာ တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၄) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

မနက်ဖြန် ညမှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးက အီတလီကလပ် အတ္တလန်တာကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အုပ်စုတွင်း ၃ ပွဲကစား ရမှတ် ၉ မှတ်ရထားတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းနေတာပါ။ ဒီပွဲကို အပြတ်ဖြတ်နိုင်ခဲ့ရင် အုပ်စုကို ကျော်လွန်ပြီလို့ ပြောလို့ ရနိုင်တာကြောင့် သတိကြီးထားပြီး ယှဉ်ပြိုင်လာဖွယ် ရှိပါတယ်။ အိုဝင်က ” ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ လီဗာပူးက ၄ ပွဲမြောက်ပွဲကို ယှဉ်ပြိုင်လာမှာပါ။ အတ္တလန်တာနဲ့ အရင်တွေ့ဆုံမှုတုန်းက… Continue Reading →

ဖာမင်နိုကို သိပ်လှတဲ့ စကားလုံးတွေဖြင့် နှိုင်းယှဉ် ချီးကျူးသွားတဲ့ မန်နေဂျာကလော့ပ်

အတ္တလန်တာပွဲကြိုမှာ မန်နေဂျာယာဂင်ကလော့ပ်က တိုက်စစ်မှာ ဂိုးပေါက် ပြန်ရှာတွေ့နေတဲ့ ဘော်ဘီ ဖာမင်နိုကို အသိအမှတ်ပြု ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။ လက်စတာကို အနိုင်ရခဲ့စဉ် ပွဲသိမ်းဂိုးကို ဘော်ဘီက ခေါင်းတိုက် သွင်းယူခဲ့တာပါ။ သူ ဂိုးရပြီးတဲ့နောက် လီဗာပူးအသင်းဖော်တွေက ပြုံးပန်ဝေနေတဲ့ ဘော်ဘီကို အတော်လေး ပွေ့ဖက် အောင်ပွဲခံခဲ့တာကိုလည်း အားလုံး မြင်ခဲ့ရမှာဖြစ်တယ်။ အသင်းဖော်တိုင်းရဲ့ အချစ်တော်ဖြစ်သလို ပရိသတ်တွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ ဘော်ဘီဟာ အသင်းအတွက် ပေးဆပ်ကစားတတ်သူ ဖြစ်သော်လည်း သွင်းဂိုး နည်းပါးခြင်းကြောင့် ဝေဖန်သူတွေရဲ့ ထောက်ပြမှုကို အမြဲတမ်း ခံနေရသူဖြစ်ပါတယ်။… Continue Reading →

ဗန်ဒိုက် မရှိဘဲ ခံစစ်ကစားပုံ ပိုတိုးတက်လာအောင် လီဗာပူးက ဘယ်လို ကာကွယ်နေလဲ သုံးသပ်မှု

လီဗာပူးခံစစ်သမားဟောင်း ကာရေဂါက ကလပ်ရဲ့ ကစားဟန်ဟာ အသွင်ပြောင်းမှုတွေ ရှိလာခဲ့ပြီး ဗန်ဒိုက် မပါနိုင်တဲ့ ခံစစ်ကစားဟန်ကလည်း အပြောင်းအလဲတွေ စတင်လာတယ်လို့ ဆိုပါတယ်။ လီဗာပူးခံစစ်ဟာ ဗန်ဒိုက်ရှိစဉ်က ယုံကြည်မှုရှိရှိ ကစားပေမယ့် ဂိုးတွေ ပေးနေရတယ်။ ခံစစ်လိုင်း မြင့်ထားမှုဟာ ဂိုးတွေ ပေးနေရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး အခုချိန်မှာတော့ အနည်းငယ် ချကစားမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကာရေဂါက ” လက်စတာကို ယှဉ်ပြိုင်တဲ့ပွဲမှာ လီဗာပူးက ပြောင်းလဲသွားတယ်လို့ လူတွေက ပြောကြတယ်။ သူတို့ ၁၀ ကိုက် ၁၅… Continue Reading →

ဂျိုတာ ထွန်းတောက်လာခြင်းကြောင့် လီဗာပူးအတွက် အကျိုးရှိလာမှုတွေကို ရှင်းပြတဲ့ ဆာလက်

ဒီရာသီမှာ ဆာလက်ဟာ လီဗာပူးအတွက် ၁၀ ဂိုး သွင်းပေးထားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားသစ် ဂျိုတာကလည်း ၈ ဂိုးထိ သွင်းယူပေးထားခဲ့ပါပြီ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဂျိုတာရဲ့ သွင်းဂိုးမှာ ပင်နယ်တီ မပါပါဘူး။ လက်စတာနဲ့ပွဲမှာ ဆာလက် မပါနိုင်ခဲ့ဘဲ သူ့နေရာမှာ ဂျိုတာ ဝင်ရောက် ကစားခဲ့တယ်။ အတ္တလန်တာပွဲကစလို ဆာလက် ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေတာကြောင့် ညာခြမ်းတိုက်စစ်မှာ ဂျိုတာအစား ဆာလက်ပဲ ပြန်ပါလာနိုင်ပါတယ်။ မန်နေဂျာကလော့ပ် အနေနဲ့ တိုက်စစ် ၄ ယောက်တန်း ကစားမလား… Continue Reading →

လီဗာပူးအတွက် ဆန့်ကျင်ကွဲပြားမှုတွေ ပြလာတဲ့ အသင်းသား နှစ်ဦးအကြောင်း ဂျွန် အဲဒရစ် ပြော

မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo မှာတော့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန် အဲဒရစ်က အသင်းကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ဂျုံး၊ ကိတ်တာတို့နဲ့ ပက်သက်ပြီး သုံးသပ်ချက်တစ်ခု ရေးသားခဲ့ပါတယ်။ သူက ဂျုံးဟာ အကယ်ဒမီမှာ မြင်ထားရတဲ့ ကစားသမားလို မဟုတ်ဘဲ ပိုပြီး နည်းစနစ်ကျကျဖြင့် ခံစစ်ကိုလည်း ကူညီဖို့ကို နားလည်လာတဲ့ ရင့်ကျက်သူတစ်ဦးအဖြစ် ချီးကျူးခဲ့တယ်။ ကိတ်တာရဲ့ ဒဏ်ရာကိုတော့ စိတ်ပျက်မိကြောင်းနဲ့ ဒီလို မကြာခဏ ဒဏ်ရာရနေတာက ကောင်းတဲ့ ကိစ္စ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။ ဂျွန် အဲဒရစ်က… Continue Reading →

အခြေအနေ ကောင်းနေပေမယ့် သီယာဂိုကို လူစာရင်းထဲ မထည့်သေးတဲ့ ကိစ္စကို ကလော့ပ် ရှင်းပြ

မာဆေးဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ သီယာဂို ပြန်မကစားနိုင်သေးတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေပြီး ဝေဖန်မှုတွေကိုပါ လူသိထင်ရှား လုပ်နေကြသူတွေကို အံ့အားသင့်မိကြောင်း မန်နေဂျာကလော့ပ်က ပြောဆိုခဲ့ပါတယ်။ ဗန်ဒိုက်နဲ့အတူ ဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ နယ်သာလန်သားလို တစ်ရာသီလုံး နားရနိုင်လောက်တဲ့ထိ ကံမဆိုးခဲ့ပါဘူး။ ဒါပေမယ့်လို့ သူ့ဒဏ်ရာက သီတင်းပတ် တစ်ပတ်၊ နှစ်ပတ်နဲ့တင် ပြန်သက်သာမယ့် အနေအထား မဟုတ်ဘဲ ရာနှုန်းပြည့် ပြန်ကောင်းဖို့ အချိန်ယူရမယ့် ဒဏ်ရာမျိုး ဖြစ်နေခဲ့တာပါ။ မန်နေဂျာကလော့ပ်က ” သီယာဂိုက အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ ဘယ်အချိန်လောက်မှာ ပြန်ဆင်းနိုင်မလဲဆိုတာကတော့… Continue Reading →

အန်ဖီးကွင်းရဲ့ ထူးခြား ကစားသမား ၁၄ ဦးစာရင်းမှာ ပါဝင်နိုင်ခြင်းကို ဂုဏ်ယူနေတဲ့ ဖာဘင်ညို

လီဗာပူးအသင်းဟာ လက်စတာကို ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ အမှတ်ပေးပွဲ ၆၄ ပွဲဆက်တိုက် ရံှူးပွဲမရှိတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်မှာ ဒုတိယမှတ်တမ်းဖြစ်ပေမယ့် ကလပ်သမိုင်းမှာ အမှတ်ပေးပြိုင်ပွဲအတွင်း အမြင့်ဆုံး အိမ်ကွင်း ရံှူးပွဲမရှိ စံချိန်လည်း ဖြစ်လာခဲ့တယ်။ ပထမနေရာမှာ ရှိနေတာက ချယ်ဆီးအသင်းဖြစ်ပြီး ၈၆ ပွဲဆက် ရံှူးပွဲမရှိ စံချိန်ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ကလပ်ရဲ့ စံချိန်ကို လိုက်မှီဖို့ကတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေက အတော်လေး ကြိုးစားရဦးမှာပါ။ ထူးခြား မှတ်တမ်းတစ်ခုအဖြစ် လီဗာပူးအသင်းသား… Continue Reading →

ဗြိတိန်မှာ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရပေမယ့် အန်ဖီးကွင်းက ကွင်းပိတ် ဆက်ကစားရမည်

ဗြိတိန်အစိုးရက လော့ဒေါင်းတွေကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင် ရုတ်သိမ်းတော့မှာဖြစ်လို့ အဆင့်မြင့်တန်း အားကစားပြိုင်ပွဲတွေကို ပရိသတ် ပြန်ဝင်ခွင့်တွေ ပေးသွားတော့မှာဖြစ်ပါတယ်။ အမိုးပွင့် အားကစားကွင်းတွေကို သက်မှတ် စည်းကမ်းချက်တွေနဲ့အညီ ပြန်ဝင်ခွင့်ပေးမှာဖြစ်တယ်။ ဒါပေမယ့်လို့ ကိုဗစ် အန္တရာယ်ကြီးတဲ့ ဒေသအလိုက် အသက်သာဆုံး နေရာတွေမှာ ပရိသတ် ၄၀၀၀ ကနေ ကွင်းဝင်ဆံ့မှုရဲ့ ထက်ဝက် ဝင်ခွင့်ပေးမှုနဲ့ ပရိသတ် ၂၀၀၀ ကနေ ကွင်းဝင်ဆံ့မှုရဲ့ ထက်ဝက် ဝင်ခွင့်ပေးမှုတွေ ရှိမှာဖြစ်တယ်။ အန္တရာယ်ကြီးတဲ့ နေရာတွေမှာတော့ ကွင်းပိတ်ခြင်းဖြင့် ဆက်ကစားစေပါမယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!