Date

November 25, 2020

ကီးဘုတ်ဖိုက်တာတွေရဲ့ သားကောင် ဖြစ်နေတဲ့ လီဗာပူးလူငယ်လေးဘက်က လယ်လာနာ ကာကွယ်ပြောဆို

အွန်လိုင်းမှာ ကီးဘုတ်ဖိုက်တာတွေရဲ့ ဝိုင်းဝန်း အပြောအဆိုခံနေတဲ့ လီဗာပူး လူငယ် ကစားသမား နီကို ဝီလီယံဘက်ကနေ လီဗာပူး ကွင်းလယ်ဟောင်း ဖြစ်တဲ့ အဒမ် လယ်လာနာက ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။ နီကို ဝီလီယံဟာ လီဗာပူးအသင်းရဲ့ စက်တင်ဘာလထဲက လင်ကွန်းစီးတီးအသင်းကို ၇-၂ နဲ့ နိုင်တဲ့ ကာရာဘောင်းဖလား ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကို ပေးလိုက်ရတဲ့ ဂိုးမှာ ဝီလီယံရဲ့ ဘောလုံးဆုံးရှုံးမှုကနေ ဖြစ်သွားတာကြောင့် ထိုပွဲ အပြီးမှာ ၎င်းဟာ လူမှုကွန်ယက်ကနေ… Continue Reading →

အတ္တလန်တာပွဲမှာ သူဦးဆောင်ပေးရမယ့် တွဲဘက် ခံစစ်သမားနဲ့ ပက်သက်ပြီး မာတစ်ရဲ့ မှတ်ချက်

မန်နေဂျာကလော့ပ်က ဒီကနေ့ည ချန်ပီယံလိဂ်ပွဲအဖြစ် အတ္တလန်တာကို ရင်ဆိုင်ကစားရမှာ ဗဟိုခံစစ်အတွဲအဖြစ် ရိုင်းစ်နဲ့ ဖာဘင်ညိုထဲက တစ်ဦးကို မာတစ်နဲ့ တွဲထုတ်ဖွယ် ရှိပါတယ်။ ပွဲကြို အင်တာဗျူးမှာ မာတစ်ကို ခေါ်သွားခဲ့တာကြောင့် ကင်မရွန်းသားကြီးကို ပွဲထွက်လူစာရင်းကနေ ထည့်သုံးမယ် မျှော်လင့်ရတယ်။ သူ့ရဲ့ တွဲဘက်အဖြစ် အရင် အတ္တလန်တာပွဲမှာ ပွဲထုတ်ခဲ့တဲ့ ရိုင်းစ်ကို နေရာပေးပြီး ၇၂ နာရီ မပြည့်ခင် ယှဉ်ပြိုင်ရမယ့် ဘရိုက်တန်ပွဲအတွက် ဖာဘင်ညိုကို အရန်စာရင်းမှာ ထားမယ့် အနေအထားဖြစ်ပါတယ်။ မာတစ်က ကြံ့ခိုင်မှု ကောင်းနေတဲ့ တစ်ဦးတည်းသော… Continue Reading →

တိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်နိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောတဲ့ ကလော့ပ်

ချန်ပီယံလိဂ်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပွဲကစားခွင့်တွေ အနည်းငယ်ပဲ ရထားတဲ့ တိုက်စစ်သမား မီနာမီနိုကို နေရာပေးမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာရှသားဟာ ဒီရာသီမှာ ပွဲကစားခွင့် နည်းပါးနေသလို အများကြီး လုပ်ပြထားနိုင်ခြင်းလည်း မရှိသေးဘူး။ ဒါပေမယ့်လို့ လေ့ကျင့်ရေးကွင်းမှာတော့ အခြေအနေ ကောင်းနေဟန် ရှိပါတယ်။ မန်နေဂျာကလော့ပ်က “ မီနာမီနိုက ပုံစံကောင်း ကျဆင်းနေတာမျိုး မရှိပါဘူး။ တာကီက ကောင်းကောင်းကြီး လေ့ကျင့်နေပါတယ်။ တနင်္လာနေ့ လေ့ကျင့်ရေးတုန်းက သူ သိပ်ကောင်းထားပါတယ်။ သိပ်ကို အင်အားတောင့်တဲ့ လူစာရင်းပါပဲ။… Continue Reading →

ဒဏ်ရာ ပြဿနာကို ဖောက်ထွက်ဖို့ သူရှာထားတဲ့ လျှို့ဝှက် နည်းလမ်းကို ယာဂင် ဖွင့်ပြော

လီဗာပူးအသင်းဟာ ဒီရာသီမှာ ကိုဗစ်ကြောင့်ကော၊ ဒဏ်ရာပြဿနာတွေကြောင့်ပါ ကစားသမား ၁၇ ဦးထိကို အလှည့်ကျနဲ့ လက်လွတ်ထားခဲ့ရပြီးပါပြီ။ ဒါပေမယ့်လည်း ၃ ရက် တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်နေရတဲ့ ပွဲကြပ်တွေကို အခုချိန်ထိ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားထားနိုင်တယ်။ ဗန်ဒိုက်လို ကစားသမားကို တစ်ရာသီလုံး လက်လွတ်ရပြီး အယ်လီဆန်ကိုလည်း ၃ ပတ်ထိ လက်လွတ်ရပေမယ့် ပွဲစဉ် ၉ ထိ ပြီးခဲ့ချိန်မှာ အမှတ်ပေးဇယားထိပ်က စပါးနဲ့ ရမှတ်တူ၊ ချန်ပီယံလိဂ်မှာ အုပ်စုတွင်း ပထမနေရာကို ရယူထားနိုင်ခဲ့တယ်။ ဒါကြောင့် လူတိုင်းက လီဗာပူးရဲ့… Continue Reading →

အတ္တလန်တာပွဲမှာ အတောင့်တင်းဆုံး လူစာရင်း မထုတ်ဖို့ကို ရွေးဖွယ်ရှိတဲ့ မန်နေဂျာကလော့ပ်

ဒီကနေ့မှာ မန်နေဂျာကလော့ပ်ဟာ ပွဲထွက်လူစာရင်းထုတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ လက်စတာကို အနိုင်ရခဲ့ပေမယ့် အဲ့လို နိုင်ပွဲတွေကို ဆက်လက် ရယူဖို့ရာ လူစာရင်း ထိန်းညိမှုတွေ ဆက်လုပ်ဖို့ လိုအပ်ပါမယ်။ တနင်္ဂနွေနေ့ပွဲ မတိုင်ခင်တည်းက ရှာကွီရီကို လက်လွတ်ထားခဲ့ရပြီး လက်စတာနဲ့ပွဲမှာ ကိတ်တာကို ထပ်မံ လက်လွတ်ခဲ့ရပြန်တယ်။ အတ္တလန်တာပွဲအပြီး ၇၂ နာရီ မပြည့်ခင်မှာ လီဗာပူးဟာ ဘရိုက်တန်ကိုလည်း အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ များပြားတဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းနိုင်နေဆဲဖြစ်ပေမယ့် အမှားခံလို့ရမယ့် အနေအထားမှာ… Continue Reading →

လီဗာပူး လုပ်နိုင်ပြီး မန်စီးတီး၊ ချယ်ဆီးတို့ လုပ်ပြဖို့ မလွယ်တဲ့ ကိစ္စကြီးကို အလန်ရှီးယား ထုတ်ပြော

ပရီးမီးယားလိဂ် ချန်ပီယံဟောင်း အလန်ရှီးယားက ဒီရာသီ အမှတ်ပေးချန်ပီယံကို လီဗာပူးပဲ အနိုင်ရပါဦးမယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ဒဏ်ရာပြဿနာတွေ ထိုးနှက်ခံရပေမယ့်လည်း အကြိမ်တိုင်းမှာ ခြားနားတဲ့ ပုံစံတွေကို ပြသနိုင်ခဲ့တယ်။ လက်စတာနဲ့ပွဲမှာဆိုရင် ကလော့ပ်ရဲ့ အဓိက ဗဟိုခံစစ်အပြင် ညာအစွန်မှာ အသက် ၃၄ နှစ်အရွယ် မီလ်နာကို ထည့်သုံးပေမယ့်လည်း အင်္ဂလန်သားကြီးက ထူးချွန်ခြေစွမ်း ပြသနိုင်တယ်။ အဓိက ကစားသမား ၇ ဦးလောက်ထိ ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့် လီဗာပူးရဲ့ ကစားဟန်နဲ့ နိုင်လိုစိတ်တွေက လျော့မသွားတာမျိုးကို ပြိုင်ဘက် အသင်းတွေဆိုရင်… Continue Reading →

နှစ်ကြိမ် အမှားမခံဘူးဆိုတဲ့ အတ္တလန်တာမန်နေဂျာက လီဗာပူးကို ထိုးနှက်မယ့် နည်းစနစ်ကို ဖွင့်ဟ

ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၄ အဖြစ် အီတလီကလပ် အတ္တလန်တာကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ လီဗာပူးကို ၅-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကို ပြောင်းလဲပစ်နိုင်ဖို့ အတ္တလန်တာမန်နေဂျာက ရည်ရွယ်နေတယ်။ သူတို့အသင်းက ချန်ပီယံလိဂ်မှာ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်မယ်လို့ ယုံကြည်နေသလို လီဗာပူးကို ရင်ဆိုင်ကစားမယ့် နည်းဗျူဟာကိုလည်း ရွေးချယ်ထားပါတယ်။ ဂတ်စ်ပီယာနီက ” မနက်ဖြန် ကစားရမယ့်ပွဲက အတော်လေး ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ကျနေ်ာတို့က အရမ်းထူးချွန်တဲ့… Continue Reading →

ချန်ပီယံလိဂ်ပွဲကြို ကွင်းဖွင့်လေ့ကျင့်ရေးမှာ ဖာမင်နို မပါနိုင်ခဲ့ပေမယ့် ဒဏ်ရာရနေခြင်း မဟုတ်

ဒီမနက်တုန်းက လီဗာပူးအသင်းဟာ အက်ဆာ လေ့ကျင့်ရေးကွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ အစဉ်အလာအတိုင်း ကွင်းဖွင့် လေ့ကျင့်မှု အစီအစဉ်တွေကို လုပ်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်မှာတော့ ကိုဗစ် ပျောက်ကင်းသွားပြီဖြစ်တဲ့ ဆာလက် ပြန်လည် ပါဝင်လာနိုင်တာကို မြင်ခဲ့ရတယ်။ ဒါပေမယ့် လက်စတာပွဲမှာတည်းက လွဲချော်ထားတဲ့ ကွင်းလယ်လူ ရှာကွီရီ မပါခဲ့သလို ပွဲချိန်တွင်း ဒဏ်ရာရသွားတဲ့ ကိတ်တာလည်း မပါနိုင်ခဲ့ဘူး။ တိုက်စစ်မှူး ဖာမင်နိုကလည်း ကွင်းဖွင့် လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့ပါဘူး။ လူငယ်ကစားသမားတွေအပြင် ကိုစတက်၊ အိုရီဂီ၊ မီနာမီနိုတို့ ပါဝင်သွားနိုင်ခဲ့ပြီး အဆင်ပြေပြေ လေ့ကျင့်ရေး… Continue Reading →

လီဗာပူးကစားသမားဘဝ ပထမဆုံးဆုရအပြီး ဆုတောင်းမှု တစ်ခု ပြုသွားတဲ့ ဂျိုတာ

ဂျိုတာဟာ အောက်တိုဘာလအတွက် လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ပရိသတ်တွေ မဲပေးရွေးချယ်ခြင်းကို ရရှိသွားပါတယ်။ ဒီဆုဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး အနိုင်ရတဲ့ ဆုလည်းဖြစ်ပြီး အသင်းဖော်တွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့ကို ကျော်လွန်ပြီး အနိုင်ရခဲ့တာပါ။ ဂျိုတာဟာ အသင်းပရိသတ်တွေရဲ့ ချစ်ခြင်းကို ခပ်မြန်မြန် သိမ်းပိုက်လာနိုင်ခဲ့သူလည်းဖြစ်တယ်။ ဆုရတဲ့အပေါ် ဂျိုတာက “ ကျနော် အရမ်း ဂုဏ်ယူတယ်။ ဒီလို ဆုရတာက အမြဲတမ်း သိပ်ကောင်းပါတယ်။ ကျနော်ကို မဲပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားနိုင်ဖို့ ဆုတောင်းသလို အသင်းအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!