Date

November 27, 2020

သီယာဂို ဟန်ဒိုနဲ့ ဘရိုက်တန်ပွဲမှာ ဘယ်လူစာရင်း ထုတ်သုံးမလဲအတွက် ကလော့ပ် အဖြေပေး

ဂျော်ဒန်ဟန်ဒါဆန် လေ့ကျင့်ရေး ပြန်ဝင်လာပေမယ့် သူရဲ့ အခြေအနေက ရာနှုန်းပြည့် ပြန်သက်သာသေးခြင်း မရှိဘဲ တစ်ဦးချင်း အနေအထားတွေဖြင့် လေ့ကျင့်မှုတွေ ဆက်လုပ်နေရဆဲဖြစ်တယ်။ ဘရိုက်တန်ပွဲကြိုမှာ ဟန်ဒါဆန် ပြန်သက်သာလာခြင်းကြောင့် အတ္တလန်တာပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ထားတဲ့ ကွင်းလယ်လူတွေထဲမှာ အနားပေးမှုတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် သီယာဂို အခြေအနေကို လုံးဝ အဖြေမပေးသလို မနက်ဖြန် မတိုင်ခင်ထိ ဘယ်လူစာရင်းကို မြင်ရပါမယ်ဆိုတာအတွက် အာမခံချက် ပေးနိုင်တာမျိုး မရှိသေးပါဘူး။ သီယာဂိုနဲ့ ဟန်ဒို လေ့ကျင့်နိုင်ပြီလား မေးခံရချိန်မှာ မန်နေဂျာက “ ဟန်ဒို… Continue Reading →

ကလော့ပ်ပြောတဲ့ ဘရိုက်တန် သုံးမယ့် နည်းစနစ်နဲ့ လီဗာပူးအတွက် အဓိကကျမယ့် အသင်းသား နှစ်ဦး

စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘရိုက်တန်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပြိုင်ဘက်အသင်းရဲ့ နည်းစနစ်နဲ့ သူပြင်ဆင်ထားရမယ့် ကိစ္စတွေကို ထုတ်ပြောမှု ပြုလုပ်လာခဲ့ပါတယ်။ ဘရိုက်တန်ဟာ အမှတ်ပေးဇယားမှာ အဆင့်ကောင်းအတွင်း ရှိမနေပေမယ့် ကစားပုံကောင်းတဲ့ ကလပ်အသင်းဖြစ်တယ်။ သူတို့ကို ယှဉ်ပြိုင်ကစားဖို့အတွက် အသင်းက ခံစစ်ပိုင်းကို အတော်လေး ပြင်ဆင်ထားရပါတယ်လို့ ကလော့ပ်က ဆိုပါတယ်။ ကလော့ပ်က ” ခံစစ်ပိုင်းနဲ့ ပက်သက်လို့ ကျနော်တို့ အများကြီး ပြင်ဆင်ထားပါတယ်။ သူတို့က ကွင်းကို ဖြန့်ကစားတတ်တယ်။ အဲ့အတွက် ကျနေ်ာတို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ကျနေ်ာတို့က အမြဲတမ်းလည်း ပြင်ဆင်ထားကြတာပါ… Continue Reading →

ပြိုင်ဘက် အဖြစ် ဆုံရပေမယ့် လီဗာပူးအသင်းရဲ့ ပွဲပန်းမှုတွေကို စာနာစကား ဆိုခဲ့တဲ့ လယ်လာနာ

လီဗာပူးအသင်းရဲ့ ပွဲဆက်များနေတဲ့ ပွဲစဉ်ဇယားကြောင့် အသင်းသားတွေ နွမ်းနယ်နေတာကြောင့် ဒီစနေမှာ ရုန်းကန်ရမယ်လို့ လီဗာပူး ကွင်းလယ်ဟောင်း အဒမ် လယ်လာနာ က ယုံကြည်နေတာပါ။ လီဗာပူးဟာ ဒီစနေမှာ လယ်လာနာရဲ့ လက်ရှိကလပ် ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ကြားရက် ချန်ပီယံလိဂ်မှာ အတ္တလန္တာအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ထားတဲ့ လီဗာပူးဟာ နားချိန် များများ မရနိုင်ဘဲ စနေနေ့မှာတင် ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်… Continue Reading →

စာချုပ်သစ် မရပေမယ့် လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာကို ဖျက်မှာ မဟုတ်တဲ့ ဝိုက်နယ်ဒမ်

လီဗာပူးအသင်းဟာ နွေမှာ အသင်းနဲ့ စာချုပ်ကုန်တော့မယ့် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ထွက်ခွင့်ပြုဖို့ကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။ The Athletic က ဖော်ပြရာမှာ ဝိုက်နယ်ဒမ်ရဲ့ စာချုပ် ကုန်ဆုံးဖို့ နီးကပ်လာကာ ဇန်နဝါရီမှာ အကြို သဘောတူညီမှုတွေ ရယူထားလို့ ရတော့မှာဖြစ်တယ်။ ဒါပေမယ့်လို့ ကလော့ပ်နဲ့ ဝိုက်နယ်ဒမ်ကြား ဆက်ဆံရေးက ကောင်းမွန်ကာ ဝိုက်နယ်ဒမ်ဟာ ရာသီကုန်ထိ လီဗာပူးအတွက် သစ္စာရှိစွာ ကစားပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲလို့ သိရတယ်။ မေလ မရောက်ခင်ထိ လီဗာပူးအသင်းဘက်ကကော ဝိုက်နယ်ဒမ်ဘက်ကပါ… Continue Reading →

လီဗာပူးအသင်းအတွက် ကစားပေးခွင့်ရဖို့ မျှော်လင့်ချက်ကြီး ရှိနေတဲ့ အန်းဒါးလက် ကြယ်ပွင့်

ဘယ်ဂျီယံကလပ် အန်းဒါးလက်အသင်း ကြယ်ပွင့်ကစားသမား မာကို ကာနန်က အင်္ဂလန်ကလပ် လီဗာပူးကို ပြောင်းခွင့်ရဖို့က သူ့ရဲ့ အိပ်မက်ပါလို့ ထုတ်ပြောလိုက်ပါတယ်။ ကွန်ဂိုဖွား ဘယ်ဂျီယံ ကစားသမားဟာ လက်ရွေးစင်အသင်းအဖြစ် ဘယ်ဂျီယံ ယူ-၂၁ အသင်းကို ကိုယ်စားပြုထားသူပါ။ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး ကွန်ပနီလို ထိပ်တန်းအဆင့်ထိ ရောက်လာမယ့်သူအဖြစ် နာမည်ထွက်လာနေသူဖြစ်တယ်။ ကွန်ပနီ ကိုင်တွယ်နေတဲ့ အန်းဒါးလက်အသင်းမှာ တောက်ပလာနေကာ ကာနန်ဟာ ဒီရာသီအတွင်း စီနီယာအဆင့် ၅ ပွဲထိကို ပါဝင်ကစားခွင့်ရထားတယ်။ သူဟာ ကွင်းလယ်လူအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။… Continue Reading →

ဘရိုက်တန် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ဒီအပတ်မှာတော့ လီဗာပူးဟာ ဘရိုက်တန်းအသင်း အိမ်ကွင်းကို သွားရောက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လူငယ်နဲ့ အရန်တွေ ထုတ်သုံးပြီး အတ္တလန်တာကို အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဗဟိုခံစစ်သမားအဖြစ် ဖာဘင်ညိုတို့ကို ထုတ်သုံးနိုင်တယ်။ တိုက်စစ်မှာလည်း အိုရီဂီအစား အဓိက ကစားသမားတွေ ပြန်ပါလာမှာ ဖြစ်ပါတယ်။ ပွဲနဲ့ ပက်သက်လို့ လော်ရိုးက ” အရင်အပတ်က အက်စတွန်ဗီလာကို အနိုင်ယူခဲ့တဲ့ ဘရိုက်တန်က အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့… Continue Reading →

လီဗာပူးနဲ့ ပက်သက်ပြီး သူအထင်ကြီးမိတဲ့ အပိုင်းကို ထုတ်ပြောသွားတဲ့ ဘရိုက်တန်မန်နေဂျာ

ဘရိုက်တန်မန်နေဂျာ ဂရေဟမ်ပေါ်တာက လီဗာပူးနဲ့ပွဲကြိုမှာ ပရီးမီးယားလိဂ် ချန်ပီယံတွေကို ချီးကျူးလိုက်ပြီး ကမ္ဘာအကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ ထုတ်ပြောလာပါတယ်။ ဘရိုက်တန်ဟာ ပေါ်တာလက်ထက်မှာ ကစားပုံ တိုးတက်လာတဲ့အသင်းဖြစ်သလို ကြံ့ခိုင်စွာ ကစားနိုင်မှုနဲ့ ပက်သက်လို့လည်း နာမည်ကြီးပါတယ်။ လီဗာပူးကစားသမားဟောင်း လယ်လာနာနဲ့ ချယ်ဆီးကစားသမားဟောင်း လမ့်တေးတို့ တောက်ပနေပြီး အမှတ်ပေးဇယား ရပ်တည်မှုကတော့ သိပ်မကောင်းလှသေးပါဘူး။ ဂရေဟမ် ပေါ်တာက ” ဆာလက်ကို အထောင်တိုက်စစ်နေရာထားပြီး ဖာမင်နိုကို နံပါတ် ၁၀ နေရာထားတာက အလုပ်ဖြစ်နိုင်ပါတယ်။ လီဗာပူးက ကမ္ဘာအကောင်းဆုံး လေးယောက်တန်း တိုက်စစ်ကိုတောင်… Continue Reading →

ဘရိုက်တန်ပွဲကြို အခြေအနေအရ လီဗာပူးရဲ့ ချန်ပီယံကာကွယ်မှုဟာ မျှော်လင့်တာထက် ခက်ခဲနိုင်

ဘရိုက်တန်ပွဲကြို လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာတော့ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်သက်သာလာပြီး အသင်းနဲ့ အပြည့်အဝ ပြန်လည် ပူးပေါင်းခဲ့ပါပြီ။ ဒါပေမယ့်လို့ သီယာဂို၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ထရန့်၊ ရှာကွီရီတို့ကတော့ အသင်းနဲ့အတူ ပူးပေါင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ အတွင်းသတင်းအဖြစ် ထွက်ပေါ်လာနေရာမှာ သောကြာနေ့ လေ့ကျင့်ရေးမှာ သီယာဂိုဟာ အသင်းနဲ့ ပါဝင်သွားနိုင်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက သူ့ရဲ့ ပုံရိပ်တွေကို ထုတ်ပြမှာ မဟုတ်သလို ဘရိုက်တန်နဲ့ပွဲအတွက်လည်း ရွေးချယ်မှာ မဟုတ်ဘူး။ မန်နေဂျာကလော့ပ်က ကစားသမားတွေရဲ့ အခြေအနေကို သူကိုယ်တိုင်တောင်… Continue Reading →

လီဗာပူးနဲ့ မစ်ဂျီရန်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း နောက်ဆုံးပွဲကို ဒေါ့မွန်ကွင်းမှာ ကစားကြမည်

ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အုပ်စုတွင်းပွဲစဉ် နောက်ဆုံးပွဲဖြစ်လာမယ့် လီဗာပူးနဲ့ မစ်ဂျီရန်ပွဲကို ဒိန်မတ်မြေမှာ မကစားဘဲ ဂျာမနီမြေမှာ ကစားဖို့အတွက် အတည်ပြုခဲ့ကြပြီဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ဗြိတိန်အစိုးရရခဲ့ ကန်သတ်ထားတဲ့ နိုင်ငံစာရင်းထဲ ပါဝင်သွားခဲ့ပြီဖြစ်တယ်။ ဒိန်းမတ်ကနေ ပြန်လာတဲ့သူတိုင်း ၁၄ ရက် ကွာရန်တင်းနေရမယ်လို့ ဗြိတိန်အစိုးရက သက်မှတ်ခဲ့ရာက ပရိသတ်ပါဝင်ခွင့်မရှိတဲ့ အဆိုပါပွဲကို ကြားကွင်းမှာ ကစားဖို့ စီစဉ်ခဲ့ကြပါတယ်။ ယူအီးအက်ဖ်အေက လီဗာပူးပွဲအတွက် ကြားကွင်းတစ်ခုကို ရှာပေးခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲကိုတော့ ဒေါ့မွန်တို့ရဲ့ Signual Iduna Park… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!