Date

November 28, 2020

ကွင်းလယ်ဒိုင် ရုပ်သံ VAR အားလုံးကို တစ်ထိုင်တည်း ထိုင်ဖဲ့ပြီး ဂုဏ်ပြုမှုပါ လုပ်သွားတဲ့ ကလော့ပ်

ဘရိုက်တန်ပွဲအပြီး ယာဂင်ကလော့ပ်ရဲ့ မီဒီယာ တွေ့ဆုံမှုကတော့ ခပ်လှလှလေး ပြီးခဲ့ခြင်း မဟုတ်ဘဲ ဂျာမာန်သားကြီးက သူ့ဘောင်ထဲကနေ ကွင်းလယ်ဒိုင်၊ ရုပ်သံနဲ့ VAR အားလုံးကို ပြန်လှောင်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲဟာ လီဗာပူးအတွက် အများကြီး အထိနာခဲ့တဲ့ပွဲဖြစ်ကာ ရမှတ် ၁ မှတ်ရခဲ့တာကတောင် ကံကောင်းတယ်လို့ ပြောရမှာပါ။ ဂျိုတာရဲ့ သွင်းဂိုး ငြင်းစရာမရှိ ပေးရတဲ့ အနေအထားကြောင်း ဂိုးရခဲ့တာကလွဲရင် အခြားသော သွင်းဂိုးတွေ ပယ်ဖျက်ခံရသလို ဂိုးပေါက်တောင် မခြိမ်းခြောက်နိုင်တော့တဲ့ ဘရိုက်တန်အတွက်လည်း ဒိုင်ဆုံးဖြတ်ချက်ဖြင့် ပင်နယ်တီတွေ ရစေခဲ့ပါတယ်။ ကလော့ပ်က ”… Continue Reading →

ဝဲလ်ဘတ်တောင် ပင်နယ်တီ မဟုတ်ဘူးလို့ ပြောတယ်ဗျာလို့ ဒိုင်လူကြီးကို ဝေဖန်တဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘရိုက်တန်နဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့ပေမယ့် စိတ်ပျက်နေတာကိုယ်တော့ ဖုံးကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဟန်ဒါဆန်ဟာ မကြာသေးခင်ကပဲ မာဆေးဆိုဒ်ဒါဘီတုန်းက သူ့ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရခြင်းနဲ့ ပက်သက်လို့ VAR ကို ဝေဖန်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အရေးယူခြင်း ခံရဖို့ နီးစပ်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း ပွဲပြီးခါနီးမှာ ဖြစ်ရပ်သေးလေး တစ်ခုကို ပြန်ကြည့်ပြီး အလွယ်တကူ ပင်နယ်တီ ပေးလိုက်တာအတွက် သူက မကျေနပ် ဖြစ်နေပါတယ်။ ဟန်ဒါဆန်က ” ကျနော်တို့ အနိုင်… Continue Reading →

မာနေး အရန်မှာ အနားပေးခံရပြီး ဟန်ဒို ပွဲထွက် ပါဝင်လာနိုင်တဲ့ ဘရိုက်တန်ပွဲကြို ခန့်မှန်းလူစာရင်း

ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ ဘရိုက်တန်းကွင်းထံ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြောက်လန်ဒန်ဒါဘီပွဲ မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်ရောက်ဖို့ကို အာရုံစိုက်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်း ဂိုးပေါက်ကိုတော့ အနီရောင်ကစားသမားဘဝ ပွဲ ၁၀၀ ပြည့်အဖြစ် အယ်လီဆန်ကပဲ တာဝန်ယူသွားမှာပါ။ ဒီရာသီအစ သူမပါဝင်နိုင်ခဲ့တဲ့ ၃ ပတ်ကာလမှာ လီဗာပူးခံစစ်က အတော်လေး ယိမ်းယိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ အယ်လီဆန်ရဲ့ ကစားကွက် ပူးပေါင်းပါဝင်မှု၊ တစ်ဦးချင်း ထိန်းသိမ်းပေးနိုင်မှုတွေဖြင့် ယုံကြည်စိတ်ချရမှုတွေကို ပေးလာခဲ့ပါတယ်။ ခံစစ်ကြောင်းမှာတော့ ဖာဘင်ညိုနဲ့ မာတစ် အတွဲကို ထုတ်သုံးဖို့… Continue Reading →

မန်နေဂျာကလော့ပ်ကို ဒုတိယအကြိမ် စွပ်စွဲ တိုက်ခိုက်ပြန်တဲ့ ရှက်ဖီးမန်နေဂျာ ဝိုက်ဒါ

ရှက်ဖီးယူနိုက်တက် မန်နေဂျာ ခရစ်ဝိုက်ဒါက မကြာသေးခင်ကပဲ မန်နေဂျာကလော့ပ်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ဝေဖန်ထားသူပါ။ သူက ဒီတစ်ကြိမ် ပရိသတ်ဝင်ခွင့် ကိစ္စနဲ့ ပက်သက်ပြီးလည်း ကလော့ပ်ကို ထပ်ပြီး ဝေဖန်လိုက်ပြန်ပါတယ်။ အင်္ဂလန်မြောက်ပိုင်းဟာ ကိုဗစ် အန္တရာယ် ကြီးမားမှုကြောင့် ဒီဇင်ဘာလမှာလည်း ပရိသတ်ဝင်ခွင့်တွေ ရဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မြောက်ပိုင်းဒေသထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ကတော့ ပရိသတ်ဝင်ခွင့် ရခဲ့ပြီဖြစ်ကာ ဒီအခြေအနေကို ကလော့ပ်ကလည်း ကြိုဆိုသွားပါတယ်။ မြောက်ပိုင်းကလပ်တစ်ခုဖြစ်တဲ့ လီဗာပူးက ပရိသတ် ၂၀၀၀ ပြန်ဝင်ခွင့်ရချိန်မှာ မန်ချက်စတာ အပါအဝင် ကျန်မြောက်ပိုင်း… Continue Reading →

ဂီနီ စာချုပ်နဲ့ ပက်သက်ပြီး သတင်းတစ်ခု ချပေးသွားခဲ့တဲ့ မန်နေဂျာကလော့ပ်

ကလပ်နဲ့ ဝိုက်နယ်ဒမ်ကြား စာချုပ်ကိစ္စဟာ လုံးဝ ပြီးပြည့်ခဲ့တာ မဟုတ်ဘဲ မျှော်လင့်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ ရှိနေကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောလာပါတယ်။ လီဗာပူးဟာ ဒီရာသီ ဝိုက်နယ်ဒမ်ရဲ့ နေရာစုံ ကစားပေးမှုအပေါ် အများကြီး မှီခိုနေခဲ့ရတာပါ။ ကွင်းလယ်လူတွေ ဆက်တိုက် ဒဏ်ရာရနေပေမယ့် ကြံ့ခိုင်မှု ပြည့်နေတဲ့ ဝိုက်နယ်ဒမ်ဟာ မီလ်နာနဲ့တွဲပြီး ထားတဲ့ နေရာတိုင်းအတွက် ကြိုးစားပေးနေသူဖြစ်ပါတယ်။ သောကြာနေ့က ဝိုက်နယ်ဒမ်ရဲ့ စာချုပ်ကိစ္စ မေးခံရချိန်မှာ ဒီနွေမှာ စာချုပ်ကုန်မယ့် အခြေအနေကို ဝိုက်နယ်ဒမ်ဘက်က ဆုံးဖြတ်ချက် မလုပ်ရသေးကြောင်းကို ကလော့ပ်က… Continue Reading →

ဘရိုက်တန် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ လီဗာပူးအသင်းဟာ ဘရိုက်တန်းအသင်းထံ သွားရောက်ပြီး အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အတ္တလန်တာအသင်းကို ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားထားပြီး စနေအစောပိုင်းပွဲအဖြစ် ဘရိုက်တန်ကို ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ ဒဏ်ရာ ပြဿနာတွေ များနေတဲ့ လီဗာပူးဟာ ဒီပွဲလည်း အဓိက ကစားသမားတွေကို အရန်နဲ့ လူငယ်တွေ တွဲဘက် သုံးလာတာမျိုး လုပ်ဦးမယ်လို့ ခန့်မှန်းရတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ ဖာဘင်ညိုု၊ ဂျိုတာတို့ ပွဲထွက်လူစာရင်းထဲကနေ ပြန်ပါလာနိုင်ကာ အတ္တလန်တာပွဲမှာ ပါဝင်ထားတဲ့ နီကိုး၊ အိုရီဂီ၊… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!