Month

December 2020

ချန်ပီယံလိဂ်ပွဲမှာ ဒူးဒဏ်ရာရသွားတဲ့ ဂျိုတာရဲ့ ကြံ့ခိုင်မှု တိုးတက်နှုန်း ကောင်းမွန်

လီဗာပူးအသင်းဟာ ဒီဇင်ဘာလအတွင်း စွမ်းဆောင်ရည် မတည်ငြိမ်မှုနဲ့အတူ ရလဒ်ထိခိုက်မှုတွေ များခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ အရှိန်မြင့်ပြီး ကစားလာနိုင်မယ့် အခြေအနေ ရှိနေပါတယ်။ The Athletic မှ သတင်းထောက် ဂျိမ်းပီရက်ဇ်က ” သီယာဂိုနဲ့ ရှာကွီရီတို့ ပြန်လည် သက်သာလာသလိုပဲ ကိတ်တာကလည်း အရမ်းကြီး အခြေအနေ ဆိုးနေတာ မဟုတ်ဘူး။ ဒါ့အပြင် ဒူးဒဏ်ရာရနေတဲ့ ဂျိုတာရဲ့ တိုးတက်မှုကလည်း ကောင်းမွန်နေလို့ ဇန်နဝါရီ အကုန်လောက်မှာ ပြန်ပါလာနိုင်တယ်။ ကိုစတက်ကလည်း တူညီတဲ့ အချိန်အတွင်း ပြန်သက်သာလာနိုင်ပါတယ် ”… Continue Reading →

လီဗာပူးအသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ် ခေါ်ယူသွားနိုင်တယ်လို့ စကိုင်းစပေါ့ ဖော်ပြ

ဇန်နဝါရီဈေးကွက်အတွင်း လီဗာပူးအသင်းဘက်က ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်နေပေမယ့်လည်း ကစားသမား အဝင် ရှိလာနိုင်တယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ ခံစစ်မှာ ပြဿနာကြီးတွေ ရှိထားတဲ့ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ကို ကာလရှည် လက်လွတ်ထားရသလို မာတစ်ကလည်း ဇန်နဝါရီလ တစ်လလုံးနီးပါး ကစားနိုင်ဖွယ် မရှိပါဘူး။ ဒီအခြေအနေမှာ ကလပ်ဘက်က လူငယ် ခံစစ်သမား အများအပြားကို စောင့်ကြည့်မှုတွေ ရှိထားခဲ့ပြီး တက်ကြွတဲ့ လှုပ်ရှားမှုတွေတော့ မြင်လာရခြင်း မရှိသေးဘူး။ စကိုင်းစပေါ့ကတော့ ဒီနွေတုန်းကလည်း လီဗာပူးအသင်းက ကစားသမားသစ်… Continue Reading →

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို နေရာပြောင်းသုံးဖို့ ကလော့ပ်အား မာဖီ တိုက်တွန်း

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ် အနေနဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ဗဟိုခံစစ် ဆင်း ကစားစေပြီး နေသန် ဖိလစ်ကို ချန်လှပ်ထားသင့်ပြီလို့ လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီက နယူးကာဆယ်နဲ့ ပွဲ အပြီးမှာ တိုက်တွန်း ပြောဆို သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ အမှတ်ပေးဇယား ထိပ်မှာ ရှိနေသေးပေမယ့် ညက စိန့်ဂျိမ်းပါ့ခ် သွားရောက် ကစားတဲ့ပွဲမှာ အိမ်ရှင် နယူးကာဆယ် ကို အနိုင် မယူနိုင်ဘဲ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ လီဗာပူး… Continue Reading →

စိတ်ပင်ပန်းစရာ ၂၀၂၀ ကို ကာရန်ညီအောင် စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်လိုက်တဲ့ လီဗာပူး

အားနည်း ပင်ပန်းနေတဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်ပင်ပန်းစရာ နှစ်တစ်နှစ်ကို အဆုံးသတ်ခဲ့ပါပြီ။ ၂၀၂၀ ဟာ သံသယဖြစ်စရာမရှိ လီဗာပူးနှစ် ဖြစ်ခဲ့တယ်ဆိုရင် သူတို့ဟာ ဖြုန်းတီးတဲ့ ပုံစံနဲ့ ဒီနှစ်ကို အဆုံးသတ်သွားပါတယ်။ ဒီတစ်ပတ် လီဗာပူးဟာ ဖလားပြိုင်ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သင့်ပေမယ့် ၄ ရက်အတွင်းမှာပဲ ၄ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဝက်စ်ဘရွန်းလိုပဲ နယူးကာဆယ်ဟာ လက်ရှိချန်ပီယံတွေကို စိတ်ပျက်အောင် လုပ်နိုင်ခဲ့ပြီး စိန့်ဂျိမ်းစ်ပက်ခ်မှာ ဒီရာသီ ပထမဆုံး ဂိုးမရှိသရေပွဲကို ရရှိခဲ့ပါတယ်။ လီဗာပူးဟာ ယူနိုက်တက်နဲ့ ၃ မှတ်အကွာ… Continue Reading →

စိန့်ဂျိမ်းပါ့ခ်မှာ ကိုယ်ပျောက်လူသား ဖြစ်နေခဲ့တဲ့ လီဗာပူး ကြယ်ပွင့်ကို ပီတာခရော့ချ် စိတ်ပျက်နေ

ညက နယူးကာဆယ်အသင်းနဲ့ လီဗာပူးတို့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ လီဗာပူးအသင်း အားထားရမယ့် တိုက်စစ်မှူး မိုဟာမက် ဆာလက်က ပွဲထဲ မပါဝင်ခဲ့သလိုပဲ ပျောက်ဆုံးနေခဲ့တယ်လို့ တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ဝေဖန်ခဲ့ပြီး ဆာလက်ကြောင့်ပဲ လီဗာပူးဟာ အချိတ်အဆက်တွေ ပျက်သွားခဲ့တယ်လို့ ခရော့ချ်က ယူဆနေပါတယ်။ ပရီးမီးယားလိဂ်ကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် အခွင့်ကောင်း ရှိပေမယ့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ နှစ်ပွဲဆက် သရေကျခဲ့တာကြောင့် ပြိုင်ဘက်တွေ ချဉ်းကပ်လာမှုကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဘောက်ဆင်ဒေးက ပွဲမှာ ဝက်စ်ဘရွန်းကို ၁ဂိုး… Continue Reading →

ဒဏ်ရာရနေတဲ့ ခံစစ်မှူးတွေရဲ့ အခြေအနေကို ထုတ်ပြောပေးသွားတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က နယူးကာဆယ်နဲ့ပွဲအပြီး ဒဏ်ရာရနေတဲ့ ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့ရဲ့ အခြေအနေအတွက် စကားပြောမှု လုပ်သွားပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ မာတစ် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သူက နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပေါင်အတွင်းသား နာကျင်မှုကြောင့် အနားယူရမယ့် မာတစ်ဟာ လအတန်ကြာ နားရနိုင်တဲ့ဆိုတဲ့ သတင်းတွေထွက်နေခြင်းကြောင့် ခံစစ်သမားရဲ့ ဒဏ်ရာအတွက် ကလော့ပ်က အတည်ပြုမှု လုပ်ပေးသွားပါတယ်။ မာတစ်နဲ့ ပက်သက်လို့ ကလော့ပ်က ပြောရာမှာ “ မာတစ်ရတဲ့ ဒဏ်ရာမျိုးက ပုံမှန်အားဖြင့် ၃ ပတ်လောက် အချိန်ယူရမှာ ဖြစ်ပါတယ်… Continue Reading →

နယူးကာဆယ် ဝ-၀ လီဗာပူးပွဲမှ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ (Player Ratings)

နယူးကာဆယ်ပွဲမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Alisson – 7 (out of 10) နယူးကာဆယ်ဘက်က အခွင့်အရေး (၂) ကြိမ်လောက်ကို အကောင်းဆုံး ကာကွယ်ပေးခဲ့တယ်။ ကလက်ရဲ့ အဆုံးသတ်ကို သူကာကွယ်ပေးခဲ့တာက အသင်းကို clean sheet ရစေခဲ့ပါတယ်။ Trent Alexander-Arnold – 6 ပထမပိုင်းမှာ ကောင်းမွန်တဲ့ လက်မြောက်ဘောကို လုပ်ပေးခဲ့တယ်။ လက်မြောက်ဘောကိစ္စ ထည့်ပြောရတည်းက ပထမပိုင်း ဘယ်လောက်တောင် အထနှေးကြသလဲ မြင်သာပါလိမ့်မယ်။ ပွဲမှာ သွင်းဂိုးရနိုင်လောက်တဲ့… Continue Reading →

ဘဝက မင်းကို သံပရိုသီး ပေးလာခဲ့ရင် ဖျော်သောက်လိုက်ပါလို့ နယူးပွဲအပြီး ပြောဆိုတဲ့ ကလော့ပ်

လီဗာပူးအသင်းက နယူးကာဆယ်ကို သရေကျခဲ့တဲ့ ရလဒ်ကို လက်ခံသွားမှာဖြစ်ပြီး ရှေ့ဆက်ပြီး ကြိုးစားဖို့ကိုပဲ အာရုံစိုက်သွားမှာပါလို့ မန်နေဂျာကလော့ပ်က ဆိုပါတယ်။ သရေပွဲတွေ ဆက်နေတဲ့အတွက် ဝေဖန်မှုတွေ ထွက်နေပေမယ့် ကလော့ပ်ကတော့ အသင်းသားတွေ ကြိုးစားခဲ့သလို ပြိုင်ဘက်ကလည်း ကြိုးစားခဲ့တယ်လို့ မြင်တယ်။ သူကတော့ ရလဒ်ကို လေးစားပြီး အကောင်းအဆိုးတွေကို သင်ယူကာ ခက်ခဲနေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေကြားမှာ ဖြစ်လာတာကို လက်သင့်ခံဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ကလော့ပ်က ” ကျနေ်ာတို့ ဒီအခိုက်အတန့်တွေကို လက်ခံရပါမယ်။ ဆက်လက် ကြိုးစားခဲ့ပေမယ့် နယူးကာဆယ်ကလည်း သူတို့မှာရှိတဲ့… Continue Reading →

ပရီးမီးယားလိဂ် (၂) ပတ်နားမလား ကိစ္စအတွက် ပရီးမီးယားလိဂ်ဘက်က တရားဝင် စာထုတ်

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ်ကို ၂ ပတ်နားမယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး လိဂ်ဘက်က တရားဝင် သတင်း ထုတ်ပြန်ပေးလာပါပြီ။ ဗြိတိန်တွင်း ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေခြင်းကြောင့် ဆောင်းရာသီ အားလပ်ရက်ပုံစံ ၂ ပတ် အနားပေးမှုကို ဇန်နဝါရီလထဲ ပြုလုပ်သွားမယ်လို့ သတင်းထွက်နေခဲ့တာပါ။ ဒါပေမယ့်လို့ အဆိုပါ ကိစ္စက မဟုတ်မှန်ဘဲ သက်မှတ် စည်းကမ်းချက်တွေအောက်မှာ လိဂ်ကို ပုံမှန်အတိုင်း ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာလာခြင်း ဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ” ပရီးမီးယားလိဂ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!