လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် နယူးကာဆယ်ထံ သွားရောက် ယှဉ်ပြိုင်ရာမှာ သွင်းဂိုး မရှိခဲ့ဘဲ ဝ-၀ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အသင်းက အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးမသတ်နိုင်ခြင်းကပဲ အနိုင်ရလဒ်နဲ့ ဝေးကွာစေခဲ့တာပါ။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ရလဒ်ကလွဲရင် စွမ်းဆောင်ရည်နဲ့ ပက်သက်လို အကောင်းမြင်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ မန်နေဂျာကလော့ပ်က ” ပရီးမီးယားလိဂ်က အသင်းကောင်းတွေပဲ ရှိတာပါ။ ကျနေ်ာတို့ အခွင့်အရေးကောင်းတွေ ရခဲ့တယ်။ ပြိုင်ဘက်ကလည်း ကောင်းပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ သဘောကျတယ်။ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်… Continue Reading →
လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ ပက်သက်တဲ့ သတင်းတွေအားလုံးကို ဖုံးကွယ်ထားပြီး ခံစစ်မှူးရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုတွေကအစ သတင်းထုတ်ပြန်ပေးခြင်း မရှိပါဘူး။ ဥပမာအားဖြင့် အတော်များများသော လီဗာပူးပရိသတ်တွေက ဗန်ဒိုက် ဘယ်မှာရှိနေတယ်ဆိုတာတောင် မသိကြဘူး။ ကျနေ်ာတို့ နောက်ဆုံးရထားတဲ့ သတင်းအရ ဗန်ဒိုက်ဟာ မာဆေးဆိုဒ်က အက်ဆာလေ့ကျင့်ရေးမှာ ရှိနေတာ မဟုတ်ဘဲ ဒူဘိုင်းက ကမ္ဘာအဆင့် လေ့ကျင့်ရေး စင်တာမှာ ကုသမှု ခံယူနေတာဖြစ်ပါတယ်။ ဗန်ဒိုက် သွားရောက်လေ့ကျင့်နေတဲ့ စင်တာက ဒူဘိုင်းမှာရှိတဲ့ Nad Al Sheba Sports Complex ဖြစ်ပါတယ်။… Continue Reading →
ဒီရာသီ ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ လီဗာပူးက ရေပန်းအစားဆုံး ဖြစ်ပေမယ့် လက်ရှိချန်ပီယံတွေကို အဓိက စိန်ခေါ်သူက ယူနိုက်တက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဖီးနဗီးရဲ့ ပြောဆိုမှုကို လီဗာပူးအခြေစိုက် Echo သတင်းဌာနက ဖော်ပြမှု လုပ်လာပါတယ်။ တူညီတဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်ဟာ လီဗာပူးနောက် ၂ မှတ်အကွာအဖြစ် အဆင့် ၂ နေရာကို ရောက်လာခဲ့တယ်။ စပါး၊ ချယ်ဆီးတို့ ရလဒ်တွေ ကျဆင်းနေသလို မန်စီးတီးကလည်း ပုံမှန်စွမ်းဆောင်ရည်အတွက် ရုန်းကန်နေရခြင်းကြောင့် ဒီရာသီ လီဗာပူးကို စိန်ခေါ်မယ့်အသင်းက ယူနိုက်တက်ပါဆိုပြီး အသံတွေ ထွက်လာနေကြတာဖြစ်တယ်။… Continue Reading →
လက်ရှိ နယ်သာလန်ကလပ် ပီအက်စ်ဗီမှာ ကစားနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာဖလား ချန်ပီယံဟောင်း မာရီယို ဂေါ့ဇီက လက်ရှိ ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ရဲ့ ဆက်ဆံမှု ပုံစံကို ထုတ်ပြောမှု လုပ်လာခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ကလော့ပ်ရဲ့ ဒေါ့မွန်အသင်းနဲ့ စတင်နေရာရလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂေါ့ဇီဟာ ၂၀၁၆ မှာတော့ ဒေါ့မွန်ကို ပြန်သွားခဲ့တယ်။ ဒီရာသီမှာတော့ သူဟာ နယ်သာလန်ကလပ် ပီအက်စ်ဗီကို အလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။… Continue Reading →
မန်နေဂျာကလော့ပ်က နယူးကာဆယ်ကို ရင်ဆိုင်ကစားရမယ့်ပွဲမှာ သီယာဂို မပါနိုင်ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောခဲ့ပြီဖြစ်ပါတယ်။ အသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်နေပြီဖြစ်တဲ့ သီယာဂိုဟာ တနင်္လာနေ့ လေ့ကျင့်ရေးမှာလည်း အပြည့် ပြန်ပါနိုင်ခဲ့တယ်လို့ ယုံကြည်ရတယ်။ သူဟာ ပုံမှန် လေ့ကျင့်ရေးတွေ စတင်နိုင်နေပေမယ့် ကာလရှည် ဒဏ်ရာရထားခဲ့တာကြောင့် ပုံစံကောင်းနေဖို့အတွက် လေ့ကျင့်ရေးတွေမှာ ပုံမှန်အတိုင်း ဆက်လုပ်ပြနိုင်ဖို့ ဦးစားပေးဦးမယ့် အနေအထား ဖြစ်ပါတယ်။ စပိန်သားကြီး နယူးကာဆယ်ပွဲမှာ ပါမလားအမေးကို မန်နေဂျာကလော့ပ်က “ သီယာဂိုနဲ့ ကောင်လေးတွေအားလုံး ကစားနေတာကို ကြည့်ရတာ ကျနော် ကြိုက်ပါတယ်။… Continue Reading →
၂၀၂၀ ခုနှစ်အတွက် လီဗာပူးရဲ့ နောက်ဆုံးသော ဘောလုံးပွဲအဖြစ် ဒီကနေ့ညမှာတော့ နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်ပက်ကွင်းကိုသွားပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ပွဲဟာ ဝက်စ်ဘရွန်းပွဲအပြီး ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရတဲ့ပွဲ ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေသလို ဗဟိုခံစစ်မှူး မာတစ်နေရာအတွက်လည်း ဖြေရှင်းမှု လုပ်ရမှာဖြစ်တယ်။ မာတစ်ရဲ့ ဒဏ်ရာ အသေးစိတ်ကို မသိရပေမယ့်လို့ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ဂိုးသမားအဖြစ် အယ်လီဆန်။ ညာအစွန် ထရန့်၊ ဘယ်အစွန် ရော်ဘတ်ဆန်တို့ကို ထုတ်သုံးပြီး… Continue Reading →
ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေတဲ့ ဗန်ဒိုက်ဟာ သူ့ရဲ့ ဒုတိယမြောက် ဗီဒီယိုကို အင်စတာဂရမ်ကနေ ဖော်ပြသွားခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရသွားပြီးတဲ့နောက်ပိုင်း ဗန်ဒိုက်ဟာ ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ စတင် ကြိုးစားလာခဲ့တာပါ။ နယ်သာလန်သားကြီးရဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် ပြန်လည် သက်သာလာဖို့တော့ အချိန်အကြာကြီး ယူရဦးမှာဖြစ်တယ်။ ဒီဇင်ဘာလ ၂၁ ရက်မှာ ဗန်ဒိုက်ဟာ ဘောလုံးစတင် ထိတွေ့တဲ့ ဗီဒီယိုကို လူမှုကွန်ယက်တွေမှာ စတင် ဖော်ပြခဲ့ပြီး… Continue Reading →
လီဗာပူးအသင်းဟာ ဒီအပတ်မှာ နယူးကာဆယ်အိမ်ကွင်းကို သွားရောက်ပြီး အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီရာသီ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်ဂိုး (၈) ဂိုးထိ သွင်းယူပေးထားတဲ့ အင်္ဂလန်သား တိုက်စစ်သမား ဝဲလ်ဆန်ကလည်း ဒီပွဲမှာ ပါဝင်လာမယ်လို့ မန်နေဂျာ စတိဗ်ဘရုဂျ်က ပြောဆိုထားတယ်။ နယူးတိုက်စစ်သမား ဝဲလ်ဆန်ဟာ နယူးကာဆယ် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒီမီဒီယာတွေ့ဆုံမှုက ပုံမှန်လို ပွဲနေ့မတိုင်ခင် တစ်ရက်၊ နှစ်ရက်မှာ လုပ်ခဲ့ခြင်း မဟုတ်ဘဲ ဝက်စ်ဘရွန်းကို သရေကျတဲ့ပွဲအပြီးမှာ တန်းလုပ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ကလော့ပ်က နယူးကာဆယ်နဲ့… Continue Reading →
နယူးကာဆယ်နဲ့ပွဲကြို မီဒီယာတွေ့ဆုံမှုက ဒီကနေ့မှာ ပြုလုပ်ရမှာဖြစ်ပေမယ့် ကလော့ပ်က ပွဲကြို တွေ့ဆုံမှု မလုပ်ပေးတော့ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောပါတယ်။ ပွဲနှစ်ပွဲ သိပ်ကပ်နေလို့ ဒီကနေ့မှာ ပုံမှန်လုပ်ရမယ့် တွေ့ဆုံမှုကို သီးသန့်လုပ်ပေးရမယ့်အစား ဝက်စ်ဘရွန်းနဲ့ သရေကျအပြီးမှာ တစ်ပါးတည်း နယူးကာဆယ်ပွဲကြို စကားပြောမှုကို ကြိုလုပ်သွားခဲ့တယ်။ အခု ဖော်ပြမယ့် သတင်းတွေကတော့ ဝက်စ်ဘရွန်းပွဲအပြီးမှာ သူကြိုတင် လုပ်ပေးခဲ့တဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ ဒါကြောင့် သီယာဂို ပြန်ကစားနိုင်မလား၊ မာတစ်နဲ့ ကိတ်တာ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေအတွက် ကလော့ပ်ရဲ့ အဖြေတွေက ဒီကနေ့မှာ… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑