Date

January 1, 2021

ကလော့ပ် ထုတ်ပြောတဲ့ ဗန်ဒိုက်ရဲ့ ဒဏ်ရာ ပြန်လည်ထူထောင်ရေးကိစ္စ နောက်ဆုံးရ အခြေအနေ

ဗန်ဒိုက်ရဲ့ တိုးတက်မှုတွေက အားရကျေနပ်စရာ ကောင်းပေမယ့်လည်း နယ်သာလန်သား ခံစစ်သမားက အချိန်အကြာကြီး ယူရဦးမှာပါလို့ မန်နေဂျာကလော့ပ်က အတည်ပြုပါတယ်။ ဒီကနေ့မှာပဲ အသင်းဝဘ်ဆိုဒ်ကနေ ဒီရက်ပိုင်းတွေအတွင်း လေ့ကျင့်ရေး ဗီဒီယိုတွေ တင်ပေးမှုတွေ လုပ်နေတဲ့ ဗန်ဒိုက် အခြေအနေကို ကလော့ပ်က သတင်းပေးလာတာပါ။ အောက်တိုဘာလမှာ ဒူးဒဏ်ရာရသွားပြီးနောက် ကာလရှည် အနားယူနေရတဲ့ ဗန်ဒိုက်ရဲ့ အခြေအနေက တိုးတက်မှု ရှိနေတာကိုတော့ ကလော့ပ်က ဝန်ခံပါတယ်။ ကလော့ပ်က “ ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဗန်ဒိုက်အကြောင်း ပြောရလို့လည်း ကျနော်အတွက် ပြဿနာ မရှိပါဘူး။… Continue Reading →

လီဗာပူးရဲ့ ဒဏ်ရာ အပူမီးတွေ လျှော့ပေးနိုင်မယ့် ဇန်နဝါရီ ပစ်မှတ် ကစားသမား ၅ ဦး

လီဗာပူးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာတော့ ကလပ်ရဲ့ အင်အားကို တိုးချဲ့ဖို့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မယ် မျှော်လင့်နေရဆဲပါ။ အထူးသဖြင့် လီဗာပူး ခံစစ်ပိုင်းဟာ ကာလရှည် ဒဏ်ရာ ပြသနာတွေ ရင်ဆိုင်နေရတာကြောင့် ယာဂင်ကလော့ပ် အနေနဲ့ အနှေးနဲ့ အမြန်ဆိုသလို ဗဟို ခံစစ်ကောင်းတွေ ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ မာတစ်ရဲ့ နောက်ဆုံး ရထားတဲ့ ဒဏ်ရာက သီတင်းပတ်တွေ အတော်ကြာဦးမှာ ဖြစ်တာကြောင့် လက်ကျန် ခံစစ်သမားတွေနဲ့ ရာသီဝက် ခရီး ကို ဘယ်လို သွားကြမလဲ ဆိုတာ… Continue Reading →

အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ဗဟိုခံစစ်ကနေ ကြိုးစားပေးနေပါတယ်ဆိုတဲ့ ဖာဘင်ညို

လီဗာပူးကစားသမား ဖာဘင်ညိုက သူဟာ ဒီရာသီ ဗဟိုခံစစ်မှူးနေရာမှာ ပိုမို နေသားကျလာကြောင်းနဲ့ ဒီနေရာက သူ့အတွက် တိုးတက်မှုတွေလည်း ရှိလာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဖာဘင်ညိုဟာ ကွင်းလယ်ခံစစ်သမားကောင်း ဖြစ်ပေမယ့်လည်း ဗဟိုခံစစ်နေရာကတော့ ကွဲပြားတဲ့ နေရာပါ။ သူဟာ နေရာသစ်မှာ ဘယ်လို ကစားရမယ်ဆိုတာကို မန်နေဂျာထံက လမ်းညွှန်မှု ရပါကြောင်းလည်း ဆိုသွားပါတယ်။ ဖာဘင်ညိုက “ ပထမဆုံး ဘောလုံးရာသီမှာ ခံစစ်မှူးနေရာက ကစားခဲ့သလို မနှစ်တုန်းကလည်း ဒီနေရာမှာပဲ ပွဲအနည်းငယ် ကစားခဲ့တယ်။ မန်နေဂျာက ခံစစ်မှူးနေရာအတွက် ကျနော်ကို ပြင်ဆင်ပေးထားပါတယ်။… Continue Reading →

လီဗာပူးက ဗန်ဒိုက်ကို ဆုံးရံှူးထားသလို အရေးကြီး ကစားသမား ဆုံးရှူံးထားတဲ့ ဆောက်သမ်တန်

လီဗာပူးက ဆောက်သမ်တန်ကို သွားရမယ့် ခရီးမှာ ဘယ်လို လူစာရင်း ထုတ်မယ်ဆိုတာကို ကြိုတင် မှန်းဆလို့ မရနိုင်သေးပေမယ့် နှစ်သင်းလုံးက အဓိက ခံစစ်သမားတွေကို လက်လွတ်ရမှာ ဖြစ်ပါတယ်။ မန်နေဂျာ ဟက်ဆန်ဟက်ရဲ့ အသင်းက ဒီရာသီမှာ ထူးချွန်တဲ့ ပုံစံတွေကို ပြသနေပေမယ့်လည်း မန်စီးတီးကို ၁-၀ ဖြင့် အရေးနိမ့်ပြီး နောက်ပိုင်းပွဲတွေမှာ ဖူလ်ဟမ်နဲ့ ဝက်ဟမ်းတို့ကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဆောက်သမ်တန်မှာလည်း ထိခိုက်မှုတွေ ရှိနေကြောင်းကို လီဗာပူးအခြေစိုက် သတင်းဌာနက လုပ်တဲ့ Anfield podcast မှာ… Continue Reading →

ဇန်နဝါရီအတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ဆဲလ်တာ လူငယ်ခံစစ်သမားကို ခေါ်ယူခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လာလီဂါကလပ် ဆဲလ်တာအသင်းမှ ၁၆ နှစ်သား ခံစစ်သမား Stefan Bajcetic ကို ခေါ်ယူမှု ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။ ကစားသမားကို ခေါ်ယူဖို့ လီဗာပူးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးစားခဲ့ပေမယ့် ၂၀၁၉ တည်းက ကစားသမားကို ကင်းထောက်နေတဲ့ လီဗာပူးကပဲ ယူရို ၂ သိန်းခွဲနဲ့အတူ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဇင်ဘာ မကုန်ခင်လေးမှာပဲ လီဗာပူးက ဘာမင်ဂမ် ဘယ်အစွန်လူ ကော်လမ် စကန်လွန်ကိုလည်း ပေါင် ၄… Continue Reading →

ဆောက်သမ်တန် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် ဆောက်သမ်တန်တို့ရဲ့ စိန့်မေရီ ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ နောက်ဆုံးပွဲတွေမှာ ဂိုးပေါက်တွေ ပျောက်နေခဲ့တာဖြစ်တယ်။ ရမှတ်တွေ ဖြတ်ရမယ့် အနေအထားမှာ လီဗာပူးက သရေပွဲတွေ ရင်ဆိုင်နေရတာက စိတ်ပျက်စရာဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ဒီပွဲမှာ သီယာဂို ပါဝင်လာနိုင်တာက အပြောင်းအလဲ ဖြစ်စေမယ်လို့ အိုဝင်က မြင်နေပါတယ်။ ပွဲနဲ့ပက်သက်လို့ အိုဝင်က ” လီဗာပူးက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၂ ပွဲမှာ ရမှတ် ၄… Continue Reading →

ဆောက်သမ်တန် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးက အိမ်ကွင်း မဆိုးလှတဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဆောက်သမ်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်း အကောင်းဆုံးမှာ နံပါတ် ၅ နေရာ ချိတ်ထားပါတယ်။ လီဗာပူးကတော့ ဒီရာသီ အဝေးကွင်းမှာ နိုင်ပွဲ ၂ ပွဲပဲ ရထားပြီး ၅ ပွဲ သရေ ၁ ပွဲရံှူးထားတာပါ။ ဒဏ်ရာပြဿနာတွေကနေ ကြိုးစားပြီး ထိပ်ဆုံးမှာ ရှိနေအောင် စွမ်းဆောင်နိုင်ပေမယ့် အဝေးကွင်း သရေပွဲတွေက… Continue Reading →

ဇန်နဝါရီအတွင်း လီဗာပူးအသင်း လှုပ်ရှားလာနိုင်တဲ့ အပြောင်းအရွှေ့ရေးရာ အစီအစဉ်များ

လီဗာပူးအတွက်က လက်မှတ်ထိုး ခေါ်ယူမှုအသစ် ရှိထားပြီး ဖြစ်ကြောင်း ကလော့ပ်က ပြောခဲ့တယ်။ ကလော့ပ်က “ ကျနေ်ာတို့မှာ ဟာသတစ်ခုရှိပါတယ်။ သီယာဂိုကို ဇန်နဝါရီမှာမှ ခေါ်ယူခဲ့သင့်တာလို့ ပြောခဲ့ကြတယ် ” ဆိုပြီး လီဗာပူးရဲ့ ခေါ်ယူမှုအသစ်က သီယာဂိုဖြစ်တယ်လို့ ဆိုခဲ့တယ်။ စက်တင်ဘာမှာ လီဗာပူးကို ရောက်လာပြီးနောက် ကိုဗစ် ကူးစက်ခံရမှုနဲ့ အောက်တိုဘာလ အလယ်မှာ ဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ ဒီဇင်ဘာလ ၃၀ နေ့တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့တယ်။ နှစ်သစ်မှာတော့ လီဗာပူးပရိသတ်တွေက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!