Date

January 3, 2021

သီယာဂို၊ ချိန်ဘာလိန်တို့ထဲက တစ်ဦး ပါဝင်လာနိုင်တဲ့ ဆောက်သမ်တန်ပွဲ ပွဲထွက်လူစာရင်း ခန့်မှန်း

Liverpool’s XI vs. Southampton နှစ်ပွဲဆက်တိုက် သရေကျထားပြီးတဲ့နောက် ဒီပွဲမှာတော့ လီဗာပူးက အနိုင်သုံးမှတ်ကို သေချာပေါက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရမှတ်တူ အနေအထား ဖြစ်လာသလို စပါး၊ လက်စတာတို့ကလည်း ရလဒ်တွေ ပြန်ကောင်းလာခြင်းကြောင့် လီဗာပူးက ရမှတ်ယူမှုတွေမှာ ပိုမို တိုးတက်လာဖို့ လိုပါမယ်။ ဒီပွဲအတွက် သတင်းကောင်းကတော့ ကွင်းလယ်တစ်နေရာအတွက် သီယာဂို ပြန်ပါလာဖို့ မျှော်လင့်ထားနိုင်ပြီ ဖြစ်ပါတယ်။ သီယာဂို မတိုင်ခင်တည်းက ချိန်ဘာလိန်က ပြန်သက်သာလာပြီး အရန်ခုံမှာ မြင်လာရတယ်။ ရှာကွီရီနဲ့ မီလ်နာတို့ကလည်း… Continue Reading →

ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက် ဖြစ်လာပါစေ ဆုတောင်းနေတဲ့ လီဗာပူးကစားသမားဟောင်း

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ မဟာပြိုင်ဘက်ကြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အမှတ်ချင်း တူလာပြီး ဖလားယူဖို့ အပြိုင်ကြဲရတော့မယ့် အနေအထား အပေါ် လီဗာပူးအသင်းသားဟောင်း ဒန်နီမာဖီက ကျေနပ်နေပါတယ်။ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီးနောက်ပြီး ကျရိပ်ပြသွားပြီး လီဗာပူး၊ မန်စီးတီးနဲ့ ချယ်ဆီးတို့က တရိပ်ရိပ် တက်သွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆိုးရှား နည်းပြ ဖြစ်လာပြီးနောက် တည်ငြိမ်စ ပြုလာပြီး ဒီရာသီ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ အမှတ်တူ ဒုတိယ နေရာထိ တက်လှမ်းလာပါတယ်။ မာဖီကတော့… Continue Reading →

ဘော့မန်းကို လူသိဖို့ တစ်ယောက်ယောက်က လီဗာပူးကို အသုံးချနေကြောင်း ထုတ်ပြောမှု

ဒီရက်ပိုင်းမှာ လီဗာပူးနဲ့ ဘော့မန်းကြား အပြောင်းအရွှေ့ ကိစ္စတွေ ခပ်လှုပ်လှုပ် ဖြစ်လာနေပေမယ့် အခြေအနေက သတင်းတွေ ထွက်နေသလို အားတက်စရာ အနေအထားအဆင့်မှာ ရှိမနေဘူးလို့ သိရပါတယ်။ ဘော့မန်းရဲ့ အေးဂျင့်က သူ့ကစားသမားနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းထွက်နေခြင်းကို Liked လုပ်ခဲ့ခြင်း အပါအဝင် လှုပ်ရှားမှုတွေ အများကြီး ရှိလာခဲ့တာပါ။ လီဗာပူးရဲ့ နာမည်ကျော် သတင်းထောက်ကြီး ဂျိမ်းပီရက်ဇ် ကိုယ်တိုင်က ဘော့မန်းရဲ့ အင်စတာဂရမ်အကောင့်ကို Follow လုပ်ခဲ့တာကလည်း သတင်းတွေကို ပိုများပြားလာစေခဲ့တယ်။ ဒါပေမယ့်လို့ ဒီကိစ္စနဲ့ ပက်သက်လို့… Continue Reading →

ရိန်းဂျားမှာ စတီဗင်ဂျရတ်ရဲ့ အထင်ကြီးစရာ တည်ဆောက်ပြမှုတွေအတွက် ဂုဏ်ဖော် ချီးကျူးမှု

လီဗာပူး ယူ-၁၈ နည်းပြဟောင်း စတီဗင်ဂျရတ်ဟာ စကော်တလန်ကလပ် ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ပြီးနောက် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသလာနေခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၈ တုန်းကတော့ စကော်တလန်မှာ ကျဆင်းနေတဲ့ ကလပ်တစ်သင်းဖြစ်တဲ့ ရိန်းဂျားက မန်နေဂျာသစ်အဖြစ် အတွေ့အကြုံ မရှိတဲ့ စတီဗင်ဂျရတ်ကို တာဝန်ပေးတာက စွန့်စားမှုအဖြစ် မှတ်ချက်ပေးခံခဲ့ရတာပါ။ တစ်ဖက်မှာလည်း လီဗာပူးအဆက်အနွယ်တွေရှိတဲ့ ဂျရတ်ဟာ စကော်တလန်လိဂ်ကို အပြောင်းအလဲတွေ ယူလာပေးမယ်သူလို့ မျှော်လင့်ခံရမှုတွေ ရှိခဲ့ပါတယ်။ ယူရိုပါလိဂ်မှာတောင် ခြေစစ်ပွဲအဆင့်လောက်က ထွက်ခဲ့ရတဲ့ ရိန်းဂျားဟာ စတီဗင်လက်ထက်မှာ ပြည်တွင်းပြင်ပ ပြိုင်ပွဲတွေအတွင်း… Continue Reading →

အန်းဖီးကနေ ထွက်ခွာသွားရင် မှားလိမ့်မယ်လို့ သတိပေးလိုက်တဲ့ ဘာဘယ်

နယ်သာလန်သား တိုက်စစ်သမား ဘာဘယ်က အသင်းဖော်ဖြစ်သူ ဝိုက်နယ်ဒမ်နဲ့ လီဗာပူး အသင်းသားတွေကို အန်ဖီးကနေ မပြောင်းဖို့ ရည်ရွယ်တဲ့ တိုက်တွန်းမှုတွေ လုပ်သွားပါတယ်။ သူဟာ လီဗာပူးကနေ ဂျာမနီလိဂ်ကို ပြောင်းဖို့ ရွေးချယ်ခဲ့သူဖြစ်ပြီး အဲ့တာက သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံး နောင်တလည်း ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘာဘယ်က အခုလို ပြောပါတယ်။ ဘာဘယ်က “ မန်နေဂျာရာဖာ ဘင်နီတက်စ်လက်ထက်နဲ့ ကင်နီ ဒဲလ်ဂလစ် လက်ထက်တွေမှာ လီဗာပူးကစားသမားဘဝ ၄ ရာသီ နည်းပါးလောက် ကုန်ဆုံးခဲ့ပါတယ်။ ဟော့ဖင်ဟိန်းအတွက် ကစားပေးဖို့… Continue Reading →

အပြောင်းအရွှေ့ ရိုက်ခတ်မှုကြောင့် လျော့ရဲပြီး ပေါ့ဆနေတဲ့ ဆာလက်ရဲ့ ခြေစွမ်းကို သတိပေးမှု

စကော်တလန် ဘောလုံးလောကမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ လီဗာပူးကစားသမားဟောင်း ဒွန်ဟက်ချင်ဆန်က ဒီတလောမှာ ဆာလက်ရဲ့ ခြေစွမ်းတွေ ကျဆင်းနေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဆာလက်က အကောင်းဆုံး ပုံစံတွေမှာ ရှိမနေသလို သူ့ရဲ့ ကစားဟန်က လီဗာပူးတိုက်စစ်အတွက် အကူအညီ မဖြစ်ဘူးလို့ ထောက်ပြလာတာပါ။ လီဗာပူးကစားသမားဟောင်း အများအပြားက ဦးတည်ချက်လွဲသလို ဖြစ်နေတဲ့ ဆာလက်နဲ့ ပက်သက်လို့ ထောက်ပြမှုတွေ လုပ်နေပြီး ကစားသမားကို တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြန်လည် ပြသဖို့ တိုက်တွန်းလာနေကြတယ်။ ဒွန် ဟက်ချင်ဆန်က “ မိုက ကမ္ဘာအဆင့်… Continue Reading →

ဗန်ဒိုက်နဲ့ ပက်သက်တဲ့ သတင်းကောင်းကို မျှဝေသွားတဲ့ နယ်သာလန်မန်နေဂျာ ဒီဘိုးဝါး

နယ်သာလန်မန်နေဂျာ ဒီဘိုးဝါးဟာ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်နဲ့ FaceTime ကနေ ဆွေးနွေးစကားပြောမှု လုပ်ခဲ့ပါတယ်။ ဒူးဘိုင်းမှာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ လေ့ကျင့်နေတဲ့ ဗန်ဒိုက်ဟာ တိုးတက်မှုနှုန်း မြန်ဆန်နေတယ်လို့ သိရပြီး အချိန် ဘယ်လောက် ကြာဦးမယ်တော့ မသိရသေးပါဘူး။ အောက်တိုဘာမှာ ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာက ခွဲစိတ်မှုကနေ ကွင်းထဲ ပြန်ဝင်ဖို့ ၆ လလောက် ကြာမြင်နိုင်တယ် ခန့်မှန်းထားကြတယ်။ နယ်သာလန်မန်နေဂျာက “ အင်အားတွေ အများကြီးနဲ့အတူ သူ အတာ်လေး အလုပ်များနေပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!