Date

January 5, 2021

သီယာဂို ပါဝင်လာပေမယ့် လီဗာပူးကွင်းလယ်က ဟာကွက် များလွန်းနေခဲ့တာ ဘာကြောင့်လဲ

ဆောက်သမ်တန်နဲ့ပွဲမှာ ကွင်းလယ်လူ သီယာဂိုက မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးကွင်းလယ်က ပုံမှန် အနေအထားမျိုး မဟုတ်ဘဲ အရင်ပွဲတွေမှာ မြင်ခဲ့ရတဲ့ ကွင်းလယ်လောက်တောင် တောင့်တင်းမှု မရှိခဲ့ပါဘူး။ ဒါက ဘာဖြစ်လို့ပါလဲ? ဒါတွေအားလုံးရဲ့ အစက လီဗာပူးရဲ့ ဗဟိုခံစစ်ပိုင်း ပြတ်လပ်မှုကနေ စတင်လာပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရနေတဲ့နောက်ပိုင်း လီဗာပူးခံစစ်မှာ ဘောလုံးကိုင်ကစားနိုင်တဲ့ ခံစစ်မှူး မရှိတော့သလို တိုက်စစ်ကို ဘောလုံးဖြန့်ဝေရာမှာ ထူးချွန်တဲ့ မာတစ်ကိုယ်တိုင်ကလည်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတယ်။ သူတို့ သုံးဦးလုံး… Continue Reading →

ညကပွဲမှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့် အံ့အားသင့်ခဲ့ရတဲ့ ကလော့ပ် ရဲ့ ဆုံးဖြတ်ချက်

ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့် ဟာ ညက ပွဲမှာ ယာဂင်ကလော့ပ်ရဲ့ ဆုံးဖြတ်ချက် တစ်ခုကို အတော် အံ့အားသင့်ခဲ့မိကြောင်း ပွဲ အပြီးမှာ ဝန်ခံ စကား ပြောဆိုခဲ့ရပါတယ်။ လီဗာပူး ကစားသမားဟောင်း ဟာ ဂိုးလည်း သွင်းယူခဲ့ပြီး စိန့်အသင်းအတွက် အနိုင်သုံးမှတ်ပြည့် ရအောင် ကူညီနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်း ဗဟိုခံစစ်မှာ စီနီယာတွေ ဖြစ်တဲ့ မာတစ်၊ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာတွေ ရှိနေတာကြောင့် ကလော့ပ်က ဟန်ဒါဆန်နဲ့ ဖာဘင်ညို ဗဟိုခံစစ်ကနေ ပွဲထုတ်လာခဲ့ပါတယ်။ လီဗာပူး… Continue Reading →

အဝေးကွင်း ရလဒ်ဆိုးတွေနဲ့အတူ သံချေးတက်နေတဲ့ အခိုက်အတန့်ကို လီဗာပူး ရင်ဆိုင်နေရတယ်

ထရန့်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပေမယ့် ဆောက်သမ်တန်ပွဲအတွင်း ပွဲချိန် ၇၇ မိနစ်မှာတော့ ကလော့ပ်က သူ့ကို လူစားလဲခဲ့ကာ အရန်ခုံမှာ ထိုင်နေစေခဲ့တယ်။ ထရန့်ဟာ ပွဲအတွင်း ၃၈ ကြိမ် တိုင် ဘောလုံးဆုံးရှုံးခဲ့တဲ့နောက် ဒါဟာ ဒီရာသီ လိဂ်မှာ အများဆုံးအရေအတွက်လဲ ဖြစ်ပါတယ်။ သူဟာ ဂျိမ်းစ်ဝက်ပရောက်စ်ရဲ့ ပေးပို့မှုကို တားဆီးဖို့ လုံးဝလွဲချော်ခဲ့တာကြောင့် ဒန်နီအင့် ဂိုးသွင်းဖို့ အခွင့်အရေး ရစေခဲ့ပါတယ်။ အင့်ရဲ့ သွင်းဂိုးအပေါ် သူ့အမြင်နဲ့ ပတ်သက်ပြီး ကလော့ပ်က… Continue Reading →

ခံစစ်မှူးသစ် ခေါ်ယူရေး ကိစ္စ မတိုင်ခင်ကို ခေါင်းခဲစရာ ပြဿနာကြီး (၂) ရပ် ရှိနေတဲ့ လီဗာပူး

လီဗာပူးအသင်းမှာ ဗဟိုခံစစ်မှူးသစ်လိုတယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ထောက်ပြနေသလို အသင်းပရိသတ်တွေကလည်း ဒီအပိုင်းမှာ အားမရပေမယ့် အဲ့ကိစ္စ မတိုင်ခင်ကိုပဲ ခေါင်းကိုက်စရာ ပြဿနာ နှစ်ရပ်က ပေါ်ထွက်နေပြီဖြစ်ပါတယ်။ တိုက်စစ်က အဖျားရှုးနေတဲ့ ပြဿနာ လီဗာပူးတစ်သင်းလုံးမှာ အချက်ပေးသံတွေ ညံလာနေတဲ့ ကိစ္စကတော့ နောက်ဆုံး ၃ ပွဲအတွင်း ရမှတ် ၂ မှတ်ပဲရမှုမှာ တိုက်စစ်ပိုင်း ဂိုးပေါက်ပျောက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တဲ့ လီဗာပူးဟာ ဂိုးပေါက် ခြိမ်းခြောက်မှုကလည်း ၇… Continue Reading →

မာနေး၊ ဝိုက်နယ်ဒမ် ဖြစ်ရပ်တွေမှာ ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခြင်းကို ကလော့ပ် တုန့်ပြန်

မန်နေဂျာ ယာဂင်ကလော့ပ်ဟာ မာနေးဘက်ကို ကာကွယ်ပေးခဲ့ပြီး တိုက်စစ်ကစားသမားဟာ ဒိုင်ဗင်ထိုးတတ်တဲ့သူ မဟုတ်သလို ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲမှာ မိမိတို့က ပင်နယ်တီ ရခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးဟာ ဒန်နီအင့်ရဲ့ အစောပိုင်း သွင်းဂိုးကို ပြန်မချေနိုင်ခြင်းကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ဒီပွဲမှာ လီဗာပူးရဲ့ ပင်နယ်တီတောင်းဆိုမှု ၂ ကြိမ်က ငြင်းပယ်ခံခဲ့ရပေမယ့်လည်း အသင်းရဲ့ တိုက်စစ်ဟာ အနည်းငယ်သာ ခြိမ်းခြောက်မှုလုပ်နိုင်ခဲ့သလို ပြိုင်ဘက်ဂိုးသမား ဖရေဆာ ဖော်စတာက မပင်းပန်စွာနဲ့ တစ်ကြိမ်သာ ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။ ပထမအကြိမ် ပင်နယ်တီ ဖြစ်နိုင်ခြေမှာတော့… Continue Reading →

လီဗာပူး အမှတ်ရခဲ့သင့်တယ် ဆိုတဲ့ ဟန်ဒါဆန်နဲ့ ဂိုးပေါက် ဘယ်နှကြိမ်တည့်လဲ ပြန်မေးလိုက်တဲ့ ကာရေဂါ

လီဗာပူးအသင်းဟာ ညက စိန့်မေရီမှာကန်တဲ့ ပွဲမှာ အိမ်ရှင် ဆောက်သမ်တန် အသင်းကို အင့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ထိုပွဲ မတိုင်ခင် ဝက်စ်ဘရွန်း၊ နယူးကာဆယ်တို့ နဲ့ ပွဲတွေမှာလည်း သရေပွဲတွေသာ ရထားတဲ့ လီဗာပူးအသင်းဟာ ဇယားထိပ်ပိုင်းမှာ ဆက်ကြာနိုင်မယ့် အနေအထား မရှိတော့ပါဘူး။ ပွဲအစ နှစ်မိနစ်မှာတင် အင့်က ဂိုးသွင်းခဲ့တာကြောင့် လီဗာပူးသားတွေ ပြန်တုန့်ပြန်ကြဖို့ ကလော့ပ်က တွန်းခဲ့ပေမယ့် ချန်ပီယံ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုသာ ယူနိုင်သော်လည်း တစ်ပွဲလုံးမှာ ဂိုးပေါက် တစ်ကြိမ်သာ တည့်ခဲ့ပါတယ်။… Continue Reading →

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး မှတ်တမ်းကို ဆောက်သမ်တန်ပွဲမှာ ရသွားခဲ့တဲ့ ထရန့်

ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပုံမှန်ခြေစွမ်း ပြန်မရသေးတဲ့ ညာအစွန်လူ ထရန့်ဟာ ဆောက်သမ်တန်ပွဲမှာတော့ စိတ်ပျက်ဖွယ် မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ထရန့်ဟာ ဘောလုံးပိုင်ဆိုင်မှု ၃၈ ကြိမ်ထိ ဆုံးရံှူးခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ အမြင့်ဆုံး ဘောလုံးဆုံးရံှူးတဲ့ အရေအတွက် ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ မီလ်နာနဲ့ လူစားလဲခံခဲ့ရတဲ့ ထရန့်ဟာ ပွဲချိန် ၂ မိနစ်တိုင်းမှာ တစ်ကြိမ် ဘောလုံး ဆုံးရံှူးနေခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် ဒန်နီအင့်ရဲ့ အဆုံးသတ်သွားနိုင်မှုကလည်း ထရန့်ရဲ့… Continue Reading →

လီဗာပူးက ပရီးမီးယားလိဂ်ဖလား အနိုင်မရနိုင်တဲ့ အမှားနှစ်ခုကို ထောက်ပြသွားတဲ့ ကာရေဂါ

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူမှပဲ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဆောက်သမ်တန်ပွဲမှာ လီဗာပူးသုံးခဲ့တဲ့ ဗဟိုခံစစ်အတွဲဟာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ဖြစ်ပြီး နှစ်ဦးလုံးက ကွင်းလယ်လူတွေဖြစ်ပါတယ်။ လူငယ်တွေဖြစ်တဲ့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ ရှိပေမယ့်လည်း မသုံးခဲ့တာက ကလော့ပ်ဟာ ဒီလူငယ်တွေကို ဗဟိုခံစစ်နေရာမှာ သုံးဖို့ ယုံကြည်ချက် မရှိဘူးလို့လည်း ယူဆစရာရှိလာခဲ့တယ်။ ကာရေဂါက ” ခံစစ်သမားတစ်ဦး အင်အားမဖြည့်ဘဲ လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ်လို့ ကျနော် မမြင်ပါဘူး။ တစ်ယောက်တောင်မှ သူတို့ မခေါ်ဘူးဆိုရင်… Continue Reading →

ဒီလောက် ခက်ခဲနေရအောင် ဒုံပျံ တီထွင်နေတာလည်း မဟုတ်ဘူးလို့ မှတ်ချက်ပေးတဲ့ ကလော့ပ်

လီဗာပူးက ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပြီး မန်နေဂျာကလော့ပ်က ပွဲအပြီးမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကိုကော ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။ လီဗာပူးက ဒီပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့ရာက ဒန်နီအင့်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်တယ်။ ခြေပဂိုး ပြန်ယူဖို့ ပွဲချိန် ၈၈ မိနစ်လောက် အချိန်ရပေမယ့်လည်း အသင်းက ပုံစံကောင်းတွေ မပြသနိုင်ခဲ့ဘူး။ ဒီပွဲမှာ ထရန့်ဟာ ဘောလုံးပေးမှု အမှားပေါင်း ၃၈ ကြိမ် လုပ်ခဲ့ပြီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အများဆုံးအဖြစ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!