Date

January 8, 2021

အရည်အချင်း တစ်နေရာကလွဲရင် ဗန်ဒိုက်က အားလုံးမှာ ဖာဒီနန်ထက် သာပါတယ်ဆိုလာတဲ့ ဇာဟာ

ပဲလေစ့်တိုက်စစ်သမား ဇာဟာက ပရီးမီးယားလိဂ်မှာ သူ အလေးထားရတဲ့ ခံစစ်သမားဆိုလို ဗန်ဒိုက် တစ်ဦးတည်းရှိကြောင်းကို ထုတ်ဖော် ဝန်ခံမှု လုပ်သွားပါတယယ်။ တောင်ပံမှာ မြန်ဆန်လွန်းသလို လှိမ်ခေါက် ကျော်ဖြတ်မှုလည်း ကောင်းမွန်တဲ့ ဇာဟာက ရင်ဆိုင်ရမယ့် ခံစစ်သမားတွေနဲ့ ပက်သက်လို့ သိပ်ပြီး ဂရုမစိုက်ပေမယ့် ဗန်ဒိုက်ကိုတော့ ရှိန်တဲ့အကြောင်း ဝန်ခံခဲ့တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားတွေထဲက တစ်ဦးလို့ ညွှန်းဆိုကြတဲ့ ဖာဒီနန်ထက်တောင် ခံစစ်ပိုင်း အရည်အချင်း များစွာမှာ ဗန်ဒိုက်က သာလွန်တယ်လို့ သူက မြင်ပါတယ်။ ဇာဟာက… Continue Reading →

ဇန်နဝါရီဈေးကွက် မဝင်ပေမယ့် ခံစစ်မှူးသစ် (၂) ဦး ခေါ်ဖို့ အစီအစဉ်ရှိထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခံစစ်မှူးသစ် ခေါ်ယူသွားဖို့ မရှိဘဲ လက်ရှိ လူစာရင်းအတိုင်းပဲ ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ ခံစစ်အတွက် အစီအစဉ် မရှိတာမျိုး မဟုတ်ပါဘူး။ Independent သတင်းဌာနမှ လီဗာပူးသတင်းထောက် Melissa Reddy က ဖော်ပြရာမှာ လီဗာပူးဟာ ၂၀၁၇ တုန်းက ဗန်ဒိုက်ကို ကမ္ဘာစံချိန်တင်ကြေးပေးပြီး ခေါ်ယူရေး ပြုလုပ်ခြင်း မတိုင်ခင် ခံစစ်အတွက် ရှာဖွေမှုတွေ အများကြီး လုပ်ခဲ့သလို ဒီတစ်ကြိမ်မှာလည်း ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ကူလီဘာလေ၊ လာပေါ်တေး၊ အကန်ဂျီ၊… Continue Reading →

BREAKING: အက်စတွန်ဗီလာနဲ့ လီဗာပူးရဲ့ အက်ဖ်အေပွဲကို မူလ အစီအစဉ် အတိုင်းပဲ ယှဉ်ပြိုင်မည်

အက်စတွန်ဗီလာအသင်းက ဒီည ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲကို မူလ အစီအစဉ်အတိုင်းပဲ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုလိုက်ပါပြီ။ ဗီလာစီနီယာအသင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့် စီနီယာအသင်းသားတွေနဲ့ အသင်းဝန်ထမ်းတွေကို သီးသန့်ထား စောင့်ကြည့်နေတာဖြစ်တယ်။ ဒီညပွဲမှာတော့ စီနီယာမန်နေဂျာ ဒန်းစမစ်နဲ့ စီနီယာအသင်းသားတွေ ပါခွင့်ရမှာ မဟုတ်ဘဲ ယူ-၂၃ နည်းပြနဲ့ လူငယ် ကစားသမားတွေပဲ ပါဝင်လာမှာပါ။ အက်စတွန်ဗီလာဘက်က ထုတ်ပြန်တဲ့ စာမှာတော့ “ ဒီည ဗီလာပက်ခ်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲကို ယှဉ်ပြိုင်စေမှာဖြစ်ကြောင်း အက်စတွန်ဗီလာဘက်က… Continue Reading →

လူစာရင်းထဲက ပျောက်နေတဲ့ မီနာမီနိုအကြောင်း ဗီလာပွဲကြိုမှာ ကလော့ပ် သတင်းပေး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းမှာ ၁ နှစ်ကြာ ရှိလာခဲ့ပြီဖြစ်တဲ့ မီနာမီနိုဟာ ပိုမို အသားကျလာခဲ့ပါပြီလို့ အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောသွားပါတယ်။ ၂၀၂၀ ဇန်နဝါရီမှာ လီဗာပူးအသင်းကို စတင်ရောက်လာပြီးနောက်ပိုင်း သူဟာ ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထာားနိုင်ပါတယ်။ ဆဲလ်ဘတ်မှာ တောက်ပတဲ့ အလားအလာတွေ ပြသခဲ့တဲ့ မီနာမီနိုဟာ လီဗာပူးမှာတော့ တစ်နေရာတည်းမှာ ကစားရခြင်း မရှိဘဲ တိုက်စစ်ပိုင်း နေရာစုံအပြင် ကွင်းလယ်နေရာမှာပါ ကစားနေခဲ့တာပါ။ မီနာမီနိုကို အသုံးမပြုတဲ့ ကိစ္စနဲ့… Continue Reading →

ဒဏ်ရာရနေတဲ့ ဂျိုတာ၊ မာတစ်၊ ကိတ်တာတို့ရဲ့ တိုးတက်မှု အခြေအနေ

လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ကိတ်တာ၊ မာတစ်၊ ဂျိုတာတို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အက်စတွန်ဗီလာ ပွဲကြိုမှာ ယာဂင်ကလော့ပ်က ထုတ်ပြောခဲ့ပြီ ဖြစ်ပါတယ်။ ကိတ်တာနဲ့ ပက်သက်လို့ မန်နေဂျာ ကလော့ပ်က “ ဟုတ်ပါတယ်၊ မကြာခင် ပြန်ကစားနိုင်တော့မှာပါ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ပွဲမှာတော့ မဟုတ်ပါဘူး ” လို့ ပြောပြခဲ့တယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တာကြောင့် အနားယူနေရတဲ့ မာတစ်က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ပွဲအမီ သက်သာလာဖို့ မျှော်လင့်နေရဆဲဖြစ်ပါတယ်။ သူဟာ အက်စတွန်ဗီလာပွဲကိုတော့… Continue Reading →

လီဗာပူးပရိသတ်တွေ မကျေနပ်ဖြစ်နေတဲ့ ကိစ္စကို သေချာလေး ရှင်းပြသွားတဲ့ မန်နေဂျာကလော့ပ်

လီဗာပူးဟာ အပြောင်းအရွှေ့ဈေးကွက်ဖြင့် ာ ပြဿနာကို ဖြေရှင်းဖို့ မလုပ်ဘဲနဲ့ ခံစစ် အားနည်းချက်ကို ကိုင်တွယ်ဖို့ လိုမယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ယာဂင်ကလော့ပ်က အသင်းပိုင်ရှင်တွေအပေါ် ဝေဖန်နေမှုနဲ့ ပက်သက်လို့ ပြန်လည် ရှင်းလင်း ပြောဆိုပါတယ်။ ဒီရာသီ လီဗာပူးရဲ့ ဒဏ်ရာပြဿနာဟာ အတော်လေး ဆိုးရွားနေခဲ့ပြီး ဗန်ဒိုက်နဲ့ ဂျိုဂိုးမက်တို့က ရာသီလက်ကျန်ကို လွဲချော်ရမှာဖြစ်သလို လက်ရှိမှာ မာတစ်ကလဲ ဒဏ်ရာရနေတာပါ။ ကလော့ပ်ဟာ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ညိုကို ဗဟိုခံစစ်မှ ာကစားစေခဲ့ပြီး နောက်တန်းမှာ ကာဗာပေးဖို့ အကယ်ဒမီထွက်တွေဖြစ်တဲ့ ရိုင်းဝီလီယံနဲ့ နာသန်နီရယ်… Continue Reading →

အက်ဖ်အေ တတိယအဆင့်ပွဲကို အက်စတွန်ဗီလာ ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ရမယ့် လီဗာပူး

အက်စတွန်ဗီလာအသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်နေတာကြောင့် ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲကို ယူ-၂၃ အသင်းနဲ့ အကယ်ဒမီ အသင်းသားတွေပဲ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာ စီနီယာအသင်းမန်နေဂျာ ဒန်စမစ်ကော၊ စီနီယာအသင်းသားတွေပါ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အိမ်ရှင်အသင်းက ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် ထပ်မံ စစ်ဆေးမှုမှာ ပိုမတွေးမှုနှုန်း ဘယ်လောက် လျော့ကျမလဲပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒန်စမစ်အစား ယူ-၂၃ နည်းပြ မက်ဒီလာနေ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ အက်စတွန်ဗီလာဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!