Date

January 9, 2021

မြန်ဆန်ပြီး ဖန်တီးမှုရှိတဲ့ ကစားဟန်အတွက် လီဗာပူးကို အကျိုးပြုလာတော့မယ့် အသင်းသား (၂) ဦး

အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးရဲ့ ကစားဟန်ကို သွက်လက်စေပြီး ပိုမို တက်ကြွတဲ့ လှုပ်ရှားမှုတွေကို မြင်လာစေခဲ့တာက ဒုတိယပိုင်းက လူစားဝင် ကစားသမားတွေ ဖြစ်ကြပါတယ်။ ဒီရာသီစမှာ လီဗာပူးက တောင့်တင်းတဲ့ ကွင်းလယ်တွေကို ပိုင်ဆိုင်ခဲ့ပြီး လှုပ်အားနှုန်းကောင်းလှတဲ့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်နဲ့ မီလ်နလို ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တယ်။ ဖန်တီးမှုနဲ့ တိုက်စစ်ပိုင်းအတွက် ရှာကွီရီ၊ သီယာဂို၊ ကိတ်တာနဲ့ ချိန်ဘာလိန်လို ကစားသမားတွေက အားကိုးစရာဖြစ်ကာ ခံစစ်ကို ကာကွယ်ပေးဖို့ ဖာဘင်ညိုနဲ့ လူငယ်လေး ဂျုံးတို့လို လူစာရင်းကောင်း ရှိခဲ့တာပါ။ ဒါပေမယ့်လို့ ချိန်ဘာလိန်၊… Continue Reading →

ကြိုက်ဈေးရရင် အူပါမီကာနိုကို ထုတ်ရောင်းမယ်ဆိုလာတဲ့ လိုက်ဇစ် စီအီးအို

ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်း စီအီးအို Oliver Mintzlaff က သူ့အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အူပါမီကာနိုနဲ့ ဆာဘစ်ဆာတို့အတွက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် ရောင်းထုတ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အူပါမီကာနိုကို လီဗာပူးအပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့က ကာလရှည် စိတ်ဝင်စားနေတာပါ။ ဆာဘစ်ဆာကိုယ်တော့ လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က စိတ်ဝင်စားနေပြီး အထူးသဖြင့် မော်ရင်ညိုက သြစတြီးယား ကွင်းလယ်လူကို သဘောကျနေတာဖြစ်တယ်။ လီဗာပူးက ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ မသေချာပေမယ့်လည်း နွေမှာတော့ ဗဟိုခံစစ်မှူး နေရာအတွက်… Continue Reading →

စပါးရဲ့ အက်ဖ်အေဖလား ပြိုင်ဘက်အသင်းကို လီဗာပူး ကူညီနေခြင်းအပေါ် မော်ရင်ညို သဘောထား

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ပြိုင်ဘက် မရင်း အက်ဖ်စီ အသင်းကို အကူအညီ ပေးနေတဲ့ အပေါ် စပါးနည်းပြ မော်ရင်ညိုက သူ့သဘောထား ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ စပါးအသင်းဟာ အက်ဖ်အေဖလား သမိုင်းကြောင်းမှာ ထူးထူးခြားခြား အနေနဲ့ အင်္ဂလန်ရဲ့ အဌမ အဆင့်လောက်မှာ ရှိတဲ့ အမှတ်ပေးပြိုင်ပွဲမှ အသင်း ငယ် တစ်သင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ မာဆေးဆိုဒ် အခြေစိုက် တစ်သင်း… Continue Reading →

ပြင်ဆင်မှုတွေ အားလုံးကို အသစ်ပြန်လုပ်ခဲ့ရတာက အကြပ်ရိုက်စေခဲ့တယ်လို့ ယာဂင် ထုတ်ပြော

မနက်ကပွဲမှာ စီနီယာတွေနဲ့ လူငယ်တွေကို မျှတအောင် ထုတ်သုံးခဲ့တဲ့ ယာဂင်ကလော့ပ်က လူစာရင်းအတွက် သူ့ရဲ့ အခက်တွေ့မှုအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ အသင်းရဲ့ ပွဲကြို ပြင်ဆင်မှုတွေဟာ ဗီလာ စီနီယာအသင်းကို ရင်ဆိုင်ဖို့ ဖြစ်ခဲ့ပေမယ့် အခြေအနေတွေက ရုတ်တရတ်ပဲ ပြောင်းလဲသွားခဲ့တာပါ။ ဗီလာစီနီယာအသင်းက ကိုဗစ်ကူးစက်မှုတွေကြောင့် မကစားနိုင်ခဲ့ဘဲ လူငယ်အသင်းက ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ကိုယ်မသိတဲ့ ကစားသမားတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာက ပထမဆုံးပါလို့ ကလော့ပ်က ဝန်ခံတယ်။ ကလော့ပ်က “ ကျနော်ဘဝမှာ ကိုယ်ရင်ဆိုင်ရမယ့် သူတွေက ဘယ်သူတွေလဲဆိုတာကို မသိတဲ့ ဒီလို… Continue Reading →

ပရီးမီးယားလိဂ်မှာ နှစ်ယောက် မရှိအောင် ထူးခြားတဲ့ လီဗာပူးအသင်းသားကို အိုဝင် ထုတ်ဖော် ချီးကျူး

ညက ဗီလာပါ့ခ်မှာ ကစားသွားတဲ့ အက်စတွန်ဗီလာ အသင်းနဲ့ လီဗာပူးတို့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒုတိယပိုင်းမှ ၄၅ မိနစ် ဝင်ကစားသွားတဲ့ လီဗာပူး ကွင်းလယ်သမား သီယေဂို အယ်ကန်တာရာ ရဲ့ ခြေစွမ်းကို မိုက်ကယ်အိုဝင်က အထင်ကြီး သဘောကျနေပြီး ချီးကျူးပြောဆိုမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဗီလာ အသင်းဟာ စီနီယာ ကစားသမားများ ကိုဗစ် ကူးစက်ခံထားရတာကြောင့် အကယ်ဒမီ လူငယ် ကစားသမားတွေနဲ့သာ ပွဲထွက် ကစားခဲ့ပြီး လီဗာပူးက တောင့်တင်းတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲချိန်… Continue Reading →

လီဗာပူးအသင်းဘက် ဂိုးသွင်းနိုင်ခဲ့တဲ့ ခံစားချက်ကို ပွဲအပြီး ထုတ်ပြောတဲ့ ဗီလာလူငယ်လေး ဘယ်ရီ

ဘာစီလိုနာ အကယ်ဒမီ ကစားသမားဖြစ်ကာ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ အက်ဖ်အေ တတိယအဆင့်ပွဲမှာ ခြေပဂိုး သွင်းယူနိုင်ခဲ့တာက သူ့အတွက် ဂုဏ်အယူရဆုံး အခိုက်အတန့်ဖြစ်ကြောင်း ဗီလာလူငယ်လေး ဘယ်ရီက ထုတ်ပြောခဲ့ပါတယ်။ ၁၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဘယ်ရီက ” မြင်လိုက်ချိန်မှာပဲ သိခဲ့ပါတယ်။ ဂိုးပေါက်ထဲကို ဘောလုံး ရောက်သွားတာက ကျနော် ဂုဏ်အယူရဆုံးပါပဲ။ မိသားစုကလည်း တီဗီကနေ ကြည့်နေမှာပါ။ ဂိုးသွင်းနိုင်တာအတွက် သိပ်ပျော်သလို သွင်းဂိုးတွေ အများကြီး ဆက်ရဖို့လည်း မျှော်လင့်ပါတယ်။ ကျနော် သိပ်ကြိုးစားခဲ့ပါတယ်။ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ရတဲ့နောက်… Continue Reading →

ဗီလာပွဲ ပထမပိုင်းမှာ ရုန်းကန်ရတာ နည်းစနစ်ပိုင်း လိုအပ်ချက် (၂) ချက်ကြောင့်လို့ ကလော့ပ် ရှင်းပြ

မန်နေဂျာယာဂင်ကလော့ပ်က အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်း ခြေစွမ်းကို သံချေးတက်နေတဲ့ ခြေစွမ်းလို့ ခိုင်းနှိုင်းမှု ပြုလုပ်သွားပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ အမှားတွေက မသိမြင်နိုင်တဲ့ ကိစ္စတွေ မဟုတ်ဘဲ ပေးမှုနဲ့ ရွေးလျားမှုတွေမှာ လိုအပ်ချက် မများတာက အသင်းကို ထိခိုက်စေခဲ့တယ်လို့ သူကဆိုတယ်။ အဲ့အပိုင်းကို ပြင်ဆင်နိုင်ခဲ့တာကြောင့် အသင်းကစား တိုးတက်လာခဲ့တယ်လို့လည်း မန်နေဂျာက ယုံကြည်နေပါတယ်။ မန်နေဂျာကလော့ပ်က ” ကောင်လေးတွေ အကောင်းဆုံး ကစားသွားပါတယ်။ အဲ့တာတော့ ကောင်းပါတယ်။ ကျနေ်ာတို့ရဲ့ ဘောလုံး ကစားမှုမှာ ပြဿနာတွေ ရှိခဲ့တယ်။ အဲ့တာကို… Continue Reading →

အက်စတွန်ဗီလာ ပွဲအပြီး အသင်းရဲ့ အားနည်းချက်ကြီးကို ထုတ်ဖော် ဝန်ခံလိုက်တဲ့ မီလ်နာ

လီဗာပူးက အက်စတွန်ဗီလာကို ရင်ဆိုင်ကစားရာမှာ ပျှမ်းမျှအသက် ၁၈ နှစ်ကျော်ပဲရှိတဲ့ လူငယ်အသင်းကို အနိုင်ရခဲ့ပေမယ့် ဂုဏ်ယူစရာ စွမ်းဆောင်ရည် မဟုတ်ဘူးလို့ ဗီလာ ကစားသမားဟောင်းကြီး ဂျိမ်းမီလ်နာက ခံယူပါတယ်။ စီနီယာအသင်းသားတွေ ကိုဗစ်ကူးစက်မှုတွေကြောင့် စောင့်ကြည့်ခံနေရလို့ ဒီပွဲမှာ လူငယ်တွေဖြင့် ယှဉ်ပြိုင်လာခဲ့တာဖြစ်တယ်။ လီဗာပူးဘက်က လူငယ်တွေကော ဝါရင့်တွေပါ ပေါင်းစပ် ကစားပေမယ့် လိုအပ်ချက်တွေ များနေခဲ့ပြီး အထူးသဖြင့် ဂိုးသွင်းရမယ့် အနေအထားတွေမှာ ဘောလုံးကို သေချာ မပေးနိုင်ဘူးလို့ မီလ်နာက ဆိုပါတယ်။ မီလ်နာက ” ဗီလာအသင်းရဲ့ ကောင်းမွန်တဲ့… Continue Reading →

သီယာဂို ရှာကွီရီတို့ရဲ့ ထူးချွန်ခြေစွမ်းဖြင့် ဗီလာကို အနိုင်ယူကာ ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်ခဲ့တဲ့ လီဗာပူး

အက်ဖ်အေဖလား တတိယအဆင့်အဖြစ် ဗီလာပက်ခ်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ လီဗာပူးက မာနေးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဝိုက်နယ်ဒမ်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်နေဂျာကလော့ပ်ဟာ နောက်ပိုင်း လီဗာပူးအသင်း ခြေစွမ်းကျနေမှုကို ပြန်ဆယ်တင်ဖို့ ရည်ရွယ်ပြီး စီနီယာအချို့ကို ပွဲပန်းနေခြင်း မရှိတဲ့ လူငယ်တွေဖြင့် တွဲဘက်ပေးကာ အက်စတွန်ဗီလာကို ယှဉ်ပြိုင်စေခဲ့ပါတယ်။ ပထမပိုင်းမှာ ညာတောင်ပံက ဂျုံးရဲ့ ဖြတ်တင်ဘောကို မာနေး ခေါင်းတိုက် သွင်းယူပြီး အဖွင့်ဂိုး စယူပါတယ်။ ပွဲစတည်းက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!