Date

January 10, 2021

အက်ဖ်အေ စတုတ္ထအဆင့်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ခွင့်ပေးပါဆိုတဲ့ အပျော်တမ်းကလပ် မန်နေဂျာ

‘ လီဗာပူးနဲ့ ပေးတွေ့လိုက်စမ်းပါဗျာ ‘ ဆိုတဲ့ စကားကို ပြောလာတာက အက်ဖ်အေဖလား တတိယအဆင့်မှာ ဒါဘီကို အနိုင်ရပြီး အက်ဖ်အေ စတုတ္ထအဆင့်ကို တက်လာတဲ့ Chorley အသင်း မန်နေဂျာပဲ ဖြစ်ပါတယ်။ ကမ္ဘာသက်တမ်း အရင့်ဆုံး ဆုဖလားတွေထဲက တစ်ခုဖြစ်တဲ့ အက်ဖ်အေဖလားဟာ တတိယအဆင့်မှာ စိတ်လှုပ်ရှားစရာ ရလဒ်တွေ ထွက်ပေါ်လာခဲ့တာပါ။ အဲ့ထဲက ရလဒ်တစ်ခုကတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို အင်္ဂလန်ရဲ့ ဆဋ္ဌမတန်းလိဂ်က အပျော်တမ်းကလပ်ဖြစ်တဲ့ Chorley အသင်းက ၂-၀ ဖြင့် အနိုင်ရမှုလည်း ပါဝင်ပါတယ်။… Continue Reading →

“ကျနော် ကြံ့ခိုင်နေပါပြီ ကျနော် ပြန်လာပါပြီ လီဗာပူးပရိသတ်တို့” ဆိုပြီး ကြွေးကြော်တဲ့ ရှာကွီရီ

လီဗာပူးရဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ ရှာကွီရီက သူ ပြန်သက်သာလာပြီဖြစ်ကြောင်းနဲ့ ပွဲထွက်ပေးဖို့တွေအတွက် စောင့်မျှော်နေပါကြောင်း ထုတ်ပြောလာပါတယ်။ ရှာကိွီရီက “ ကျနော် ပြန်ပြီး ကြံ့ခိုင်လာပါပြီ၊ ကျနော် ပြန်လာပါပြီ။ ကျနော် ခံစားချက်တွေ ကောင်းနေသလို ကစားဖို့လည်း အဆင်သင့်ပါပဲ ” လို့ ရှာကွီရီက လီဗာပူးအသင်း ဝဘ်ဆိုဒ်ကို ထုတ်ပြောလိုက်ပါတယ်။ ဆွစ်ဇလန်သား ကွင်းလယ်လူဟာ ဒီရာသီစကတည်းက ကြွက်သား ဒဏ်ရာကြောင့် ပုံမှန် လေ့ကျင့်ရေးတောင် မဝင်နိုင်ခဲ့ပါဘူး။ ပြန်ကစားနိုင်မလို အခြေအနေတွေ မကြာခဏ ရှိခဲ့ပေမယ့်လည်း နောက်ဆက်တွဲ… Continue Reading →

ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ လီဗာပူးအသင်း ထုတ်သုံးသင့်တဲ့ ကွင်းလယ် (၃) ဦး အတွဲ

လီဗာပူးသတင်းထောက်ဖြစ်တဲ့ James Pearce က လာမယ့် ယူနိုက်တက်ပွဲမှာ အသင်းက ဘယ်လို ကွင်းလယ်အတွဲ ထုတ်သုံးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို ဟန်ဒို၊ သီယာဂိုနဲ့ ဂီနီတို့ကို တွဲဘက်ပေးတာကို မြင်လိုပါတယ်လို့ ထုတ်ပြောလာပါတယ်။ အက်ဖ်အေဖလားအပြီး နားရက် ၈ ရက် ရထားတဲ့ လီဗာပူးဟာ နောက်အပတ် စူပါဆန်းဒေးပွဲအဖြစ် အန်ဖီးမှာ ယူနိုက်တက်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒီကြားရက်မှာပဲ ယူနိုက်တက်က ပွဲကျန် ၁ ပွဲအဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ လီဗာပူးကတော့ ပွဲကစားရဖို့ မရှိပါဘူး။… Continue Reading →

လီဗာပူးနဲ့ ၁၅ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားကို ဒီရာသီ အရယူပေးလိုနေတဲ့ ဝိုက်နယ်ဒန်

လီဗာပူးရဲ့ ဟော်လန်သား ကွင်းလယ်ကစားသမား ဝိုက်နယ်ဒန်ကတော့ သူ အသင်းနဲ့ အတူ ရယူဖူးတဲ့ ဆုဖလား စာရင်းထဲမှာ အက်ဖ်အေ ဖလား ကိုလည်း ထည့်သွင်းပေးလိုနေပါတယ်။ ဝိုက်နယ်ဒန်ဟာ လီဗာပူးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါကပ်နဲ့ ဖီဖာ ကလပ်များ ကမ္ဘာ့ဖလားတို့ ရယူပြီး ဖြစ်သော်လည်း ပြည်တွင်း အခြားဆုဖလားများ မယူဖူးသေးဘဲ ရှိနေတာပါ။ လီဗာပူးအသင်းဟာ သောကြာနေ့မှာပဲ အက်စတွန်ဗီလာ အသင်းကို ၄-၁ နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်သို့ ရောက်သွားခဲ့ပြီ… Continue Reading →

ဗန်ဒိုက်ကို ဖျက်ထုတ်မှုအတွက် ပစ်ဖိုဒ့်ကို ကွင်းထဲက ထုတ်ပယ်ခဲ့သင့်ကြောင့် အိုလီဗာ ဝန်ခံ

မာဆေးဆိုဒ်ဒါဘီမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ မိုင်ကယ် အိုလီဗာက ဗန်ဒိုက်ကို ဖျက်ထုတ်မှုကြီး လုပ်ခဲ့တာအတွက် အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့်ကို ကွင်းထဲကနေ ထုတ်ပယ်ခဲ့သင့်တယ်လို့ ဝန်ခံလိုက်ပါတယ်။ အိုလီဗာနဲ့ ကိုတီတို့ဟာ အဆိုပါပွဲမှာ အခြားသော ဆုံးဖြတ်ချက်တွေ ပြုလုပ်ရေးထက် စိန်ခေါ်မှု ဖြစ်ခဲ့တဲ့ အနေအထားက လူကျွံမကျွံကိုပဲ အာရုံစိုက်နေခဲ့တာပါ။ နောက်ပိုင်းမှာ VAR ဒိုင် ကိုတီကလည်း သူဟာ လူကျွံဘောကိုပဲ အာရုံစိုက်နေခဲ့မိတာကြောင့် ဖျက်ထုတ်မှုနဲ့ ပက်သက်လို့ မစစ်ဆေးခဲ့မိဘူးလို့ ဝန်ခံခဲ့တယ်။ ထိုစဉ်က ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူ အိုလီဗာက… Continue Reading →

ယာဂင်ကလော့ပ်ရဲ့ အက်ဖ်အေပွဲ လူထုတ်ပုံကို အံ့အားသင့်ဖွယ် ဝေဖန်တဲ့ ဗီလာကစားသမားဟောင်း

အက်စတွန်ဗီလာ ကစားသမားဟောင်း တိုနီ ကက်စကာရီနိုက မနေ့က ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ လီဗာပူးအသင်းက ယူ-၂၃ အသင်းနဲ့ မပြိုင်ပေးတာအတွက် စိတ်ပျက်တယ်ဆိုပြီး ဝေဖန်သွားပါတယ်။ အက်ဖ်အေပွဲအပြီး ၉ ရက်တောင် အနားရမယ့် လီဗာပူးက လာမယ့် ပွဲအဖြစ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ကလော့ပ်က သူ့ကစားသမားတွေကို ပွဲအဆက် မပြတ်စေဖို့ အဓိက ကစားသမားတွေကို လှည့်သုံးခဲ့ကာ ကြံ့ခိုင်မှု စမ်းသပ်သွားခဲ့တယ်။ ဒါတောင်မှ လိုအပ်ချက် ရှိနေသေးလို့ ကြားရက်တွေမှာ 11 v 11 ခွဲကန်မှုတွေ လုပ်ရမယ်လို့… Continue Reading →

လီဗာပူးအတွက် ဘောလုံးရာသီတိုင်း အားသာချက်ဖြစ်စေမယ့် ကိစ္စကို ပက် ပြော

လီဗာပူးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက အကယ်ဒမီ ကစားသမားတွေကို စီနီယာအဆင့်ထံ နှစ်တိုင်း မိတ်ဆက်မှုပေးတာက အသင်းအတွက် အားသာချက်ဖြစ်လာမယ်လို့ ယုံကြည်နေတယ်။ လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ အကယ်ဒမီ ကစားသမားတွေကို ပိုမို နေရာပေးမှုနဲ့ အခွင့်အရေးတွေရဖို့ ပိုမို ဖန်တီးမှုတွေ လုပ်ပေးလာနေတယ်။ ဆိုလန်ကီ၊ ဘရူးစတားနဲ့ ဟိုဗာလို ကစားသမားတွေကို အသင်းကောင်းတွေထံ ရောင်းထုတ်ပေးခဲ့သလို ဒီရာသီမှာ ဂျုံး၊ နီကိုး၊ ရိုင်းစ်နဲ့ ကလယ်ဟာတို့က ပွဲကစားခွင့်တွေ ရလာနေပါတယ်။ ပက်လင်ဒါးက “ ကိုယ်ရဲ့ ကိုယ်ပိုင် ကစားသမားတွေကို ခေါ်ယူ… Continue Reading →

ဇန်နဝါရီဈေးကွက်မှာ ကစားသမားတွေက လီဗာပူးကို ပြောင်းလိုစိတ် မရှိဘူးဆိုတဲ့ Fabrizio Romano

ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးက ကစားသမားသစ် ခေါ်ယူဖို့ မရှိကြောင်း ယာဂင်ကလော့ပ်က ထုတ်ပြောထားပါတယ်။ အခြားတစ်ဖက်မှာ အပြောင်းအရွှေ့ဆိုင်ရာ နာမည်ကျော် သတင်းထောက်ဖြစ်တဲ့ Fabrizio Romano က သူ့ရဲ့ Here We Go podcast ကနေပဲ ကစားသမားတွေက လီဗာပူးကို ပြောင်းလိုစိတ်လည်း မရှိကြဘူးလို့ ထုတ်ဖော်သွားခဲ့တယ်။ လီဗာပူးက ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမယ်ဆိုရင် ကာလတိုအတွက်ပဲဖြစ်ကာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရနေချိန်မှာ ဝင်ကစားပေးဖို့တင် ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်သမားတွေ ပြန်သက်သာလာရင် ပွဲကစားခွင့်တွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!