Date

January 12, 2021

ယူနိုက်တက်ပွဲကြို ထူးခြားသတင်းတွေနဲ့ အင်္ဂါနေ့ညပိုင်း နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးနဲ့ ယူနိုက်တက်ပွဲကို ဒိုင်လူကြီးအဖြစ် ပေါလ် တီယာနေးက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ အဂွယ်ရို၊ ပေါ့ဘာ အစရှိတဲ့ ထိပ်သီးတွေကို ဒီနွေမှာ ခေါ်ယူသွားလိုပြီး အမ်ဘတ်ပီကို ပြန်လည်ရောင်းထုတ်သွားလိုစိတ် ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်က ဒုတိယတန်းလိဂ်ကို အငှားထွက်ကစားနေတဲ့ လီဗာပူး ဘယ်အစွန်လူ အဒမ် လူးဝစ်ဟာ ဇန်နဝါရီမှာ လီဗာပူးကို ပြန်လာရမယ်လို့ သိရပါတယ်။ မန်နေဂျာကလော့ပ်ဟာ ဂန္တဝင်မန်နေဂျာတွေဖြစ်တဲ့ ဆာကင်နီ၊ ဆာအဲလက်စ်တို့နဲ့အတူ ရံပုံငွေပွဲတစ်ခုအတွက် အတူတကွ တက်ရောက် စကားပြောမှု လုပ်သွားမှာ ဖြစ်ပါတယ်။… Continue Reading →

လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာတရားကို ပြသဖို့ တက်တူးထိုးခဲ့တဲ့ ဒန်နီရယ် အဂ္ဂါ

ဒီကနေ့မှာ အဂ္ဂါက သူ့ရဲ့ တွစ်တာအကောင့်ကနေ ‘လွန်ခဲ့တဲ့ ၁၅ နှစ်က ဒီလိုရက်မှာ ငါ့ရဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်။ အနီရောင်ဂျာစီက ငါ့အတွက် အရာအားလုံး ပေးခဲ့ပါတယ် Y.N.W.A’ ဆိုတဲ့ စာသားကို တင်ခဲ့ပါတယ်။ အဂ္ဂါဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်းဖြစ်သလို အဲ့တာကလည်း သူ့ရဲ့ သစ္စာတရားကို လေးစားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဂ္ဂါက သူ့လက်ချောင်းမှာ လီဗာပူးရဲ့ ဆောင်ပုဒ်ကို တက်တူးရေးထိုးထားခဲ့ပြီး ၄ နှစ်အကြာ ၂၀၁၆ မှာတော့ လီဗာပူးမြို့ရဲ့ သင်္ကေတဖြစ်တဲ့ လိုင်ဗာငှက်… Continue Reading →

ယူနိုက်တက်နဲ့ ပွဲမှာ လီဗာပူး ပွဲထုတ်ကို ထုတ်ရမယ့် ကစားသမား ဂျွန်အဲဒရစ်ချ် အကြံပြု

လီဗာပူး တိုက်စစ်မှူးဟောင်းကြီး ဂျွန် အဲဒရစ်ချ်က အမှတ်ပေးဇယား ထိပ်ပိုင်းနေရာအတွက် အရေးပါတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ လီဗာပူးက စကေးလ်ကျွမ်းတဲ့ တကယ့် ကွင်းလယ်ကောင်း သီယေဂို အယ်ကန်တာရာ ကို ပွဲထုတ်ဖြစ်အောင် ထုတ်ဖို့ ကလော့ပ်အား တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာ လိုအပ်ေ်နတဲ့ အဆုံးအဖြတ် ပေးပို့မှုတွေ ပြုလုပ်နိုင်သူက သီယေဂို ဖြစ်တာကြောင့် ၎င်းကို ပုံမှန် ပွဲကစားခွင့် ပေးသင့်ပြီလို့ အဲဒရစ်ချ်က ထောက်ပြခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့နွေမှာ ဘိုင်ယန်ကနေ… Continue Reading →

ဖာနန်ဒက်စ် အပါအဝင် နှစ်ဦးကို သတိထားဆိုတဲ့ လီဗာပူးကစားသမားဟောင်းကြီးရဲ့ သတိပေးမှု

လီဗာပူးကစားသမားဟောင်း ဂျွန်အဲဒရစ်က ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးကပဲ ယူနိုက်တက်ရဲ့ ကစားသမားကောင်းတွေဖြစ်ပြီး သူတို့ကလွဲရင် မန်ချက်စတာကလပ်ရဲ့ ကစားသမားတွေက သာမာန်တွေပါလို့ ထုတ်ပြောလာပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီမှာ ပြည်တွင်းလိဂ်ကို လွှမ်းမိုးခဲ့တဲ့ လီဗာပူးဟာ တည်ငြိမ်မှုရဖို့နဲ့ ဒဏ်ရာပြဿနာတွေကြား ရုန်းကန်ခဲ့ရတာကနေ ဒီရာသီမှာ ပြိုင်ဘက်တွေကို အနောက်မှာ ပိုမိုနီးကပ်လာခွင့် ပေးထားရတယ်ဆိုတာကို နားလည်ထားတာပါ။ ဒါပေမယ့် အဲဒရစ်ခ်ျကတော့ ကလော့ပ်ရဲ့ အသင်းဟာ မန်ချက်စတာက ပြိုင်ဘက်တွေထက် ပိုပြီး အင်အားတောင့်တင်းဆဲ ဖြစ်တယ်လို့ ထင်မြင်နေသလို ဖလားစိန်ခေါ်မယ့်သူတွေကို တိုက်ထုတ်ဖို့ အန်ဖီးကွင်းမှာ ရလာတဲ့… Continue Reading →

အဝါထပ်ထိရင် လီဗာပူးနဲ့ပွဲ ပွဲပယ်ခံရနိုင်ပေမယ့် မက်ဂွဲရားကို ထုတ်သုံးမယ်လို့ ဆိုးရှား ကြေညာ

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲ မတိုင်ခင် အဝါကဒ် ပြသခံရပါက အင်္ဂလန်ဒါဘီကို လွဲချော်မှာ ဖြစ်ပါတယ်။ ဆိုးရှားကတော့ နောက်ထပ် တစ်ဝါရမယ်ဆိုရင် အဝါကဒ် ၅ ကဒ်ပြည့်သွားမယ့် ခံစစ်မှူး မက်ဂွဲရားကို ဘန်လေပွဲမှာ အနားပေမှာ မဟုတ်ဘဲ ပွဲထွက်စေမယ်လို့ ထုတ်ပြောခဲ့တယ်။ အကယ်လို့ ဘန်လေပွဲမှာ အဝါကဒ်ရပါက မက်ဂွဲရားက လီဗာပူးနဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ ဆိုးရှားက ‘ မက်ဂွဲရားကို ပွဲထုတ်မှာပါ။ အဲ့တာက သိပ်သေချာပါတယ်။ ကိုယ်ကစားနေတဲ့ ပွဲမှာ… Continue Reading →

ဆောင်းပါး | သံသယ အဝင်ခံရဆုံး ကစားသမားမှသည် အလွမ်းရဆုံး အသင်းသားဖြစ်လာတဲ့ ဂျိုတာ

အခုချိန်မှာ ဒီယေဂို ဂျိုတာအပေါ် လီဗာပူးဘက်က ဘယ်လောက်တောင် လွမ်းဆွတ်နေရလဲဆိုတာကို ကျနေ်ာတို့ အားလုံး သိကြပါတယ်။ ဘောလုံးရာသီ အစတုန်းကတော့ ဒီအပြောင်းအရွှေ့က ဘယ်လိုကနေ ဘယ်လို စတင်တယ် မသိပါဘဲ စတင်လာခဲ့တာပါ။ မိုက်ကယ် အတ်ဝပ်နဲ့ သူ့ရဲ့ ဝန်းထမ်းတွေက အပြောင်းအရွှေ့အတွက် ဒီလိုပဲ စီမံခန့်ခွဲလာခဲ့ကြတာဖြစ်တယ်။ ဂျိုတာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတဲ့နောက်မှာ ကျနော် အပါအဝင် အခြားသော ပရိသတ်တွေက ရောထွေးနေတဲ့ ခံစားချက်တွေ ရှိခဲ့ကြတယ်။ စိတ်လှုပ်ရှားသလို ‘သူက ရာသီနောက်ပိုင်းမှာ ဝုဗ်အတွက် ကစားခွင့်တောင်… Continue Reading →

ယာဂင် နှစ်သက်နေတဲ့ မူဆီယာလာက ထူးချွန်လွန်းပြီး သူ့ကို ဆွဲထားဖို့ ဘိုင်ယန်ကို ဂနာဘီ တိုက်တွန်း

ဘိုင်ယန်မြူးနစ်အသင်းမှ တောင်ပံတိုက်စစ်သမား ဂနာဘီက အသင်းဖော် ဂျမယ် မူဆီယာလာဟာ ထူးချွန်တဲ့ အရည်အချင်းရှိကာ ဂျာမနီလိဂ်မှာ တောက်ပလာမယ့်သူလို့ ချီးကျူးပါတယ်။ လီဗာပူးက မူဆီယာလာကို အတော်လေး စိတ်ဝင်စားနေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စာချုပ်ကုန်မယ့် ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။ ဘိုင်ယန်ဘက်ကတော့ သူတို့ရဲ့ လူငယ်လေးကို လက်မလွတ်ရဖို့ အတော်လေး ကြိုးစားမယ့် အနေအထားဖြစ်တယ်။ လာမယ့်လမှာ အသက် ၁၈ နှစ်ပြည့်မယ့် ကစားသမားကို တစ်ပတ် ပေါင် ၁ သိန်းထိပေးပြီး စာချုပ်သစ်ချုပ်မယ်လို့တောင် သတင်းကြီးနေပါတယ်။ ဂနာဘီက… Continue Reading →

ယာဂင်က ဖခင်နဲ့တူတဲ့ မန်နေဂျာဖြစ်သလို ခပ်ဆိုးဆိုး ကျောင်းဆရာလည်း ဖြစ်ပါတယ်ဆိုတဲ့ လီဝမ်ဒေါစကီး

ကမ္ဘာအကောင်းဆုံး နံပါတ် ၉ တိုက်စစ်သမားဆိုရင် လက်ရှိ ဘောလုံးလောကမှာ လီဝမ်ဒေါစကီး ဖြစ်မယ်ဆိုတာ ဘယ်သူကမှ ငြင်းမှာ မဟုတ်ပါဘူး။ ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဥရောပ ဘောလုံးလောကမှာ စင်တင်ပေးလာခဲ့သူက ယာဂင်ကလော့ပ် ဖြစ်ပါတယ်။ ကလော့ပ်နဲ့ လီဝမ်ဒေါစကီးတို့ဟာ ဒေါ့မွန်မှာ စတင်လက်တွဲခဲ့ကြတာပါ။ ဒီတော့ ဂျာမာန်သားကြီး ကလော့ပ်အပေါ် သူ့ရဲ့ ကစားသမားဟောင်း လီဝမ်ဒေါစကီးက ဘယ်လို မြင်သလဲကို လေ့လာကြည့်ကြပါဦး။ လီဝမ်ဒေါစကီးက ” ဒေါ့မွန်ကစားသမားဘဝ ဒုတိယဘောလုံးရာသီမှာ ရာသီစတဲ့ချိန်ထိ ကျနော်က ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ယာဂင်က ကျနော်ထံက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!