Date

January 13, 2021

လီဗာပူးက အလာဘာအတွက် ကြိုးစားမှုမှာ နောက်ဆုတ်ခဲ့တဲ့ အကြောင်းရင်း (၃) ချက်

ဘိုင်ယန်ခံစစ်မှူး အလာဘာဟာ ဒီနွေမှာ ဂျာမနီလိဂ်ကနေ ထွက်ခွာမှာဖြစ်ပြီး လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ နွေတုန်းက လီဗာပူးကလည်း အလာဘာအတွက် ကြိုးစားဖို့ ချဥ်းကပ်မှုတွေ လုပ်ခဲ့ပေမယ့် ခံစစ်သမားက အခွန်ဆောင်အပြီး လုပ်ခအဖြစ် တစ်နှစ်ကို ပေါင် ၁၂ သန်းအထိ အလိုရှိခဲ့တာပါ။ ဒါဟာ လီဗာပူးအသင်းမှာဆိုရင် လုပ်ခ အမြင့်ဆုံး ပေးချေရမယ့် ကစားသမား ဖြစ်လာခဲ့မှာပါ။ The Independent သတင်းဌာနမှ လီဗာပူး သတင်းထောက် Melissa Reddy ကတော့ လုပ်ခဟာ အလာဘာကိစ္စ… Continue Reading →

လီဗာပူး မထင်ထားတာတွေ ဖြစ်လာခဲ့ပါပြီလို့ လီဗာပူး V ယူနိုက်တက် ပွဲကြို ဂယ်ရီနဗီး ပြော

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက သူ့အသင်းဟောင်းဟာ လီဗာပူးအသင်း မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ခဲ့ပြီလို့ ခပ်ကြွားကြွား ပြောဆိုသွားပါတယ်။ ၇ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးကို ယူနိုက်တက် ပြန်ရောက်လာတာ မြင်ရတဲ့အပေါ် ဂယ်ရီနဗီးက အတော်လေး ကျေနပ်နေပြီး လီဗာပူးက တောင့်တင်းနေဆဲဖြစ်ပေမယ့် လက်တလောမှာ ပြိုင်ဘက်အားလုံး ရုန်းကန်နေရလို့ ယူနိုက်တက် စိတ်ပူစရာက မန်စီးတီး တစ်သင်းတည်းရှိတယ်လို့ ဆိုသွားပါတယ်။ ဂယ်ရီနဗီးက “ သံသယမရှိနဲ့ ယူနိုက်တက် ဇယားထိပ်မှာရှိနေတာက လီဗာပူးနဲ့ပွဲကို သိပ်ကြီးမားသွားစေခဲ့ပြီ။ လီဗာပူးက မနှစ်က ဘောလုံးရာသီမှာ… Continue Reading →

ကစားသမားတစ်ဦး ခေါ်ယူနိုင်ခွင့်အတွက် လီဗာပူးက အခွင့်အရေး စောင့်နေကြောင်း သတင်းပေးမှု

လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် လက်တလော ထူးခြားမှုနဲ့ ပက်သက်လို့ နာမည်ကျော် အားကစားသတင်းထောက်တွေက ဖော်ပြမှုတွေ လုပ်လာခဲ့ပြီဖြစ်ပါတယ်။ စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က ” လီဗာပူးက နာပိုလီအသင်းက ဆားဘီးယား ခံစစ်သမား Nikola Maksimovic ကို လက်မှတ်ထိုးခေါ်ယူဖို့ စောင့်ကြည့်နေတယ်။ ဒါပေမယ့်လို့ စီးရီးအေကလပ်ရဲ့ ဥက္ကဌ ဒီလော့ရန်တစ်က လီဗာပူးက စိတ်ဝင်စားနေပေမယ့် ကမ်းလှမ်းမှု လုပ်လာခြင်း မရှိဘူးလို့ ပြောခဲ့တယ် ” လို့ ဆိုသွားတာဖြစ်တယ်။ အပြောင်းအရွှေ့ဆိုင်ရာ ကျွမ်းကျင်သူ… Continue Reading →

ဗာဂျယ် ဗန်ဒိုက်က သူ့ရဲ့ ဂျာစီမှာ ဗာဂျယ်ဆိုတဲ့ ပထမနာမည်ကိုပဲ ရေးထိုးရခြင်း အကြောင်းရင်း

ကစားသမားတွေရဲ့ ဂျာစီနောက်က နာမည်တွေဟာ ကျနေ်ာတို့အတွက်တော့ သိပ် ပြဿနာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ဗာဂျယ် ဗန်ဒိုက်က သူ့နာမည်ကို ဗာဂျယ်လို့ပဲ ရေးထိုးထိုး ဗန်ဒိုက်လို့ပဲ ရေးထိုးထိုး ကျနေ်ာတို့အတွက်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့်လို့ နယ်သာလန်သား ခံစစ်သမားအတွက်တော့ ဂျာစီမှာ ဗာဂျယ်လို့ ရေးထိုးထားခြင်းရဲ့ နောက်ကွယ်မှာ ခြားနားတဲ့ ဇာတ်လမ်းတစ်ခု ရှိပါတယ်။ နယ်သာလန်သား ဂီနီ ဝိုက်နယ်ဒမ်က သူ့ရဲ့ ဂျာစီမှာ ဝိုက်နယ်ဒမ်လို့ပဲ ရေးထိုးထားတယ်။ ဥပမာထပ်ပေးရရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်း Edwin van der… Continue Reading →

လီဗာပူး အဝတ်လဲခန်းနဲ့ လေ့ကျင့်ရေးကွင်းက ဆာလက်ရဲ့ အခြေအနေကို ဖော်ထုတ်တဲ့ ဖာဘင်ညို

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက အသင်းဖော် ဆာလက်နဲ့ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာကြား သတင်းထွက်နေမှုကို အေးအေးဆေးဆေး တုန့်ပြန်ခဲ့ပါတယ်။ ဖာဘင်ညိုက ဆာလက်ဟာ ထိပ်တန်းကစားသမားဖြစ်လို့ အပြောင်းအရွှေ့တွေထဲ နာမည်ပါဝင်နေမှာက တားဆီးလို့ မရတဲ့ ကိစ္စလို့ မြင်တယ်။ ဒါပေမယ့်လို့ အီဂျစ်သား တိုက်စစ်သမားက အသင်းအတွက် အတော်လေး ကြိုးစားပေးသလို အဝတ်လဲခန်းမှာလည် ပျော်ရွှင်နေပါတယ်လို့ စပိန်သတင်းဌာန AS ကို ဖွင့်ပြောသွားပါတယ်။ ဖာဘင်ညိုကပဲ ” ထိပ်တန်းကစားဆိုတာက အပြောင်းအရွှေ့ ကောလဟာလတွေမှာ နာမည် အမြဲတမ်း ထည့်သွင်းခံရလေ့ရှိပါတယ်။ လီဗာပူးအတွက်… Continue Reading →

အင်္ဂလန်မှာ ဘယ်အသင်း အကောင်းဆုံးလဲ ဆန်းဒေးမှာ တွေ့ပြီလို့ ယူနိုက်တက် ကွင်းလယ် မာတစ် စိန်ခေါ်

မန်ချက်စတာယူနိုက်တက်ဟာ ညက ဘန်လေကို အနိုင်ယူပြီးနောက် လီဗာပူးကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား ပထမ နေရာ သိမ်းပိုင်သွားပြီ ဖြစ်ပါတယ်။ ကလော့ပ်နဲ့ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ အန်းဖီးကွင်းမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်တွေ့ချိန် အနိုင်ယူနိုင်မှသာ ပထမနေရာ ပြန် ရယူနိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက် ကွင်းလယ် ကစားသမား မာတစ်ကတော့ သူတို့နဲ့ ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ ပထမနေရာ ပြန်ရောက်ပြီးတဲ့နောက် ယုံကြည်မှု အပြည့် ရှိနေပြီး လီဗာပူးနဲ့ ပွဲ အတွက် အသင့် ဖြစ်နေပြီလို့… Continue Reading →

အလွန်ဆို၊ ဂျရတ်တို့နဲ့ ပက်သက်ပြီး အထင်ကြီးဖွယ် စကားလုံးတွေဖြင့် ဖြေဆိုပေးတဲ့ သီယာဂို

လီဗာပူးကွင်းလယ်လူ သီယာဂိုက လီဗာပူးပရိသတ်တွေနဲ့ ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍမှာတော့ ကလပ်ရဲ့ ဂန္တဝင်တွေဖြစ်တဲ့ အလွန်ဆို၊ ဂျရတ်တို့နဲ့ ပက်သက်ပြီး သူ့အမြင်တွေကို ပြောခဲ့ပါတယ်။ သီဝာဂိုဟာ ဥရောပရဲ့ ပြီးပြည့်စုံသော ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံထားရသူပါ။ ဒါပေမယ့် သူ့မတိုင်ခင် လီဗာပူးမှာ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတွေအဖြစ် ထင်ရှားတဲ့ အလွန်ဆိုနဲ့ ဂျရတ်လို ကွင်းလယ်လူတွေကလည်း တောက်ပခဲ့ဖူးတာ ဖြစ်ပါတယ်။ သီယာဂိုက “ ကျနော်က ဇာဗီအလွန်ဆိုနဲ့ တွဲကစားခဲ့ဖူးပြီးပါပြီ။ ကျနော် သူနဲ့ တွဲဘက် ကစားနိုင်တယ်လို့ ပြောနိုင်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!