Date

January 14, 2021

ရေပန်းစားမှု ဒုတိယနေရာ ဆင်းပေးရခြင်းနဲ့ ကြာသပတေးနေ့ညပိုင်း နောက်ဆုံးရ လီဗာပူးသတင်းများ

စတီဗင်ဂျရတ်က ရိန်းဂျားနဲ့အတူ အမှတ်ပေးဖလား အောင်မြင်လိုပြီး ပြီးရင်တော့ လီဗာပူးနဲ့ အောင်မြင်လိုတယ်လို့ ဆိုသွားပါတယ်။ ဆောက်သမ်တန် ကစားသမား ဒန်နီအင့်ဟာ လီဗာပူးနဲ့ ပွဲအပြီးမှာ ကိုဗစ်ပိုး တွေ့ခဲ့တယ်လို့ စိန့်အသင်းမန်နေဂျာ ဟက်ဆန်ဟက်က ထုတ်ပြောလိုက်ပါတယ်။ ဘွန်ကီတွေက ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တဲ့ အသင်းအဖြစ် ပေါက်ကြေးဖွင့်မှုမှာ လီဗာပူးကို ဒုတိယနေရာ လျောချခဲ့ပြီး မန်စီးတီးက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ အာဏာပိုင်တွေက ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီးနောက် အသင်းသားတွေ ပွေ့ဖက် အောင်ပွဲခံခြင်း မလုပ်ဖို့ တားမြစ်မှုကို ကလပ်တွေ မလိုက်နာတာအတွက် စိတ်ပျက်နေတယ်လို့… Continue Reading →

BREAKING: ဒီအပြောင်းအရွှေ့မှာ လိုက်ဇစ်က အူပါမီကာနိုကို လုံးဝ ရောင်းထုတ်ပေးမည် မဟုတ်

လိုက်ဇစ်အသင်းက ၎င်းတို့အသင်းရဲ့ ခံစစ်မှူးဖြစ်တဲ့ အူပါမီကာနိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း The Guardian သတင်းထောက် Fabrizio Romano က ဖော်ပြသွားပါတယ်။ လိုက်ဇစ်ဘက်ကတော့ ဒီနွေမှာ အူပါမီကာနို သက်သာတဲ့နှုန်းထားဖြစ်တဲ့ ပေါင် ၃၇.၄ သန်းနဲ့တင် လက်လွတ်ရမှာကို သိပေမယ့်လည်း ပိုများတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကလပ်တွေဘက်က ဈေးပေးမှုတွေ ရှိလာခဲ့ရင်တောင် ဇန်နဝါရီမှာ လက်လွတ်လိုက်ဖို့ကို လုံးဝ ဆန္ဒမရှိတာဖြစ်တယ်။ လိုက်ဇစ်ဟာ ဘွန်ဒက်လီဂါမှာ လိဂ်ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နောက် ၂ မှတ်အကွာမှာ… Continue Reading →

၂၀၀၅ အစ္စတန်ဘူလ်ညကို တစ်ကြိမ်ကလွဲလို့ ပြန်မကြည့်တဲ့ အကြောင်းရင်းကို ရစ်ဆေး ဖွင့်ဟ

ရစ်ဆေးဟာ ၂၀၀၁ ကနေ ၂၀၀၈ အတွင်း လီဗာပူးမှာ သူ့ရဲ့ ၇ နှစ်တာ ကစားသမားဘဝအတွင်းမှာ ယူနိုက်တက်နဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးပေမယ့် အင်္ဂလန်မှာ သူ့အတွက် အမှတ်အရဆုံး အခိုက်အတန့်ကတော့ ၂၀၀၅ ချန်ပီယံလိဂ် ဖလားပွဲ ဖြစ်မှာ အသေအချာပါ။ အဲ့ဒီ့ပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ် သူဟာ ပင်နယ်တီ လွဲခဲ့တဲ့နောက် အဲ့ဒီ့ညနဲ့ ပတ်သက်လို့ ရောထွေးတဲ့ အမှတ်တရတွေ ရှိနေခဲ့မှာ ဖြစ်ပါတယ်။ အေစီမီလန်နဲ့ ကစားခဲ့ရတဲ့ အစ္စတန်ဘူလ် ညနေခင်း အမှတ်တရနဲ့ ပတ်သက်လို့… Continue Reading →

ဆာအဲလက်စ်တုန်းက ဒိုင်ကူခဲ့တာကို ဝန်ခံပြီး ယာဂင်အလှည့်တော့ ဒါမျိုး မရဘူးဆိုတဲ့ ဒိုင်လူကြီး ဟောင်း

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက် ကလန်တန်ဘက်က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူး v ယူနိုက်တက်ပွဲ မတိုင်ခင်မှာ ပွဲဆူစေမယ့် စကားတွေကို ထုတ်ပြောလာပါတယ်။ သူက ယာဂင်ကလော့ပ်ဟာ အတိတ်တုန်းက ဆာအဲလက်စ် သုံးခဲ့တဲ့ နည်းလမ်းတွေကို ထုတ်သုံးနေတယ်လို့ ဆိုတယ်။ ယူနိုက်တက်က ပြိုင်ဘက်တွေထက် ပင်နယ်တီ ပိုရနေတဲ့ ကိစ္စကို ဖွင့်ချမှုကလည်း ကလော့ပ်က ဒိုင်တွေအပေါ် သြဇာလွှမ်းဖို့ ကြိုးစားနေတာလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ ထူးထူးခြားခြားအဖြစ် ကလန်တန်ဘက်က အတိတ်တုန်းက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ ဆာအဲလက်စ်ရဲ့ အသင်းကို မျက်နှာသာပေးမှုတွေ… Continue Reading →

ဂျာမနီမှာ ကျားရိုင်းဖြစ်နေတဲ့ လီဗာပူးတိုက်စစ်မှူးကို ခေါ်ယူဖို့ စတီဗင်ဂျရတ် စိတ်ဝင်စား

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ဟာ လီဗာပူးအသင်းက ဘွန်ဒက်လီဂါထံ အငှားချထားတဲ့ တိုက်စစ်သမား အဝန်နီယီကို ခေါ်ယူဖို့ စကော်တလန်ပြိုင်ဘက် ဆဲလ်တစ်နဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ဒီရာသီမှာလည်း အင်္ဂလန်မှာ အလုပ်ပါမစ် မရသေးတာကြောင့် အငှားထွက်ကစားနေတဲ့ အဝန်နီယီဟာ ဂျာမနီ ဘွန်ဒက်လီဂါမှာ ၁၂ ပွဲ ကစားပြီး သွင်းဂိုး ၅ ဂိုး ရယူထားသူဖြစ်တယ်။ နိုင်ဂျီးရီးယား ယူ-၂၃ ကစားသမားဟာ လာမယ့် နှစ်မှာ အလုပ်ပါမစ် မရနိုင်သေးရင်တော့ နွေမှာ လီဗာပူးအသင်းကနေ ရောင်းထုတ်ခြင်း ခံရမယ်လို့ သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။ အဝန်နီယီဟာ… Continue Reading →

ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ လီဗာပူးကို ကမ်းလှမ်းတဲ့ ဂန်းနားခံစစ်မှူး ဆိုကရေးတက်စ်

အာဆင်နယ်အသင်းမှာ နေရာမရဖြစ်နေတဲ့ ဂရိခံစစ်မှူး ဆိုကရေးတက်စ်က သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းကို ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ အားကစားသတင်းထောက် Fabrizio Romano က ဖော်ပြပါတယ်။ လီဗာပူးဟာ ခံစစ်မှာ ပြဿနာကြီးတွေ ရှိတာကြောင့် ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ အခွင့်အရေး စောင့်နေတဲ့ အသင်းဖြစ်တယ်။ ဒါပေမယ့်လို့ ကစားသမား ခေါ်ယူမှု မတိုင်ခင် ကစားသမား ရောင်းထုတ်မှု အရင်လုပ်ရမှာကလည်း ကလပ်အတွက် အခက်အခဲ တစ်ခုဖြစ်ပါတယ်။ ရှာကွီရီ၊ အိုရီဂီတို့ထဲက တစ်ဦးကို ဇန်နဝါရီမှာ ထွက်ခွင့်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ရှာကွီရီက… Continue Reading →

ယူနိုက်တက်နဲ့ပွဲမှာ ဖာဘင်ညိုနဲ့အတူ ပွဲထွက်လာဖို့ လီဗာပူးပရိသတ်တွေ အလိုရှိဆုံး ခံစစ်သမား

လီဗာပူးအသင်းဟာ ကာလရှည် ထုတ်ပြန်ပေးခြင်း မရှိတဲ့ အသင်းရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို ဒီမနက်မှာတော့ အသင်းဝဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်တွေကနေ ဖော်ပြသွားပါတယ်။ သီယာဂို၊ ချိန်ဘာလိန်၊ ရှာကွီရီလို ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ ကစားသမားတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပုံမှန်အတိုင်း ပါဝင်သွားခဲ့ကြတယ်။ ဒါပေမယ့်လို့ အက်စတွန်ဗီလာပွဲ မတိုင်ခင်တည်းက ဒဏ်ရာကြောင့် မပါနိုင်တဲ့ မာတစ်နဲ့ ကိတ်တာတို့ကတော့ အခုချိန်ထိ ပါဝင်လာခြင်း မရှိသေးပါဘူး။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပေါင်းတွင်း ကြွက်သားဒဏ်ရာ ရသွားခဲ့တဲ့ မာတစ်ဟာ ယူနိုက်တက်ပွဲအမှီ ပြန်သက်သာလာမယ်လို့ ယူဆခဲ့ရပေမယ့် ဒီကနေ့နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!