Date

January 15, 2021

လီဗာပူးကို အနိုင်ယူလိုကြောင်း ဆိုးရှား ထုတ်ပြောမှုနဲ့ ကြာသပတေးနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်လူ ကိတ်တာ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် မာတစ်ကတော့ ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေဆဲလို့ သိရပါတယ်။ ဗြိတိန်အစိုးရရဲ့ ဂိုးသွင်းပြီးနောက် ကစားသမားတွေ ပွေ့ဖက် အောင်ပွဲခံခြင်း မလုပ်ဖို့ တားမြစ်ချက်က လိုက်နာဖို့ ခက်ခဲမယ့် ကိစ္စအဖြစ် လီဗာပူးအသင်းက မြင်ပါတယ်။ ကလပ်ရဲ့ အသင်းသားတွေက တစ်ပတ်ကို နှစ်ကြိမ် ဆေးစစ်မှုတွေ လုပ်နေရတာဖြစ်ပြီး အောင်ပွဲခံမှုကိုပါ တားမြစ်ဖို့က ခက်ခဲပါတယ်။ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူပြီး အိမ်ရှင်အသင်းကို စိတ်ပျက်အောင် လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့… Continue Reading →

နာမည်ကြီးသွားတဲ့ သူ့ရဲ့ ပင်နယ်တီ မှတ်ချက် နောက်ဆက်တွဲအတွက် ကလော့ပ် တုန့်ပြန်

ယာဂင်ကလော့ပ်က ဆောက်သမ်တန်ပွဲမှာ အသင်း ပင်နယ်တီ ရသင့်တယ်လို့ မြင်ကြောင်းနဲ့ အချက်အလက်တွေက သူ့ရဲ့အသင်း ပင်နယ်တီ ရမှုဟာ ယူနိုက်တက် ၂ နှစ်ခွဲအတွင်း ရခဲ့တဲ့ ပင်နယ်တီထက်တောင် ပိုနည်းနေတယ်ဆိုတာ ကြားထားတယ်လို့ ဆိုခဲ့တာပါ။ ကလော့ပ်က ဆောက်သမ်တန်ပွဲမှာ ပြိုင်ဘက် ကစားသမား လက်ထိတာနဲ့ မာနေးကို တွန်းထိုးခဲ့တာအတွက် တစ်ကြိမ်ကတော့ ပင်နယ်တီ ဖြစ်သင့်တယ်လို့ သူ့မြင်ကြောင်း ထုတ်ပြောခဲ့တာပါ။ ဒါပေမယ့်လို့ နောက်ဆက်တွဲတွေမှာတော့ သူ့ရဲ့ ဆိုလိုရင်းက ပျောက်ပြီး လူတိုင်းက ယူနိုက်တက် ပင်နယ်တီတွေ ရနေတဲ့ ကိစ္စကိုပဲ… Continue Reading →

လီဗာပူး V ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲအတွက် ဘောလုံးခန့်မှန်းသူ အိုဝင်ကတော့ သုံးသပ်ခန့်မှန်းမှုတွေ လုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အိုဝင်က ” ဒါက သေချာပေါက် စူပါဆန်းဒေးပွဲ ဖြစ်ပါတယ်။ ယူနိုက်တက်က အန်ဖီးကွင်းကို လာရောက်ရမယ့် အချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်ဟောင်းရဲ့ အပေါ်အသင်းဖြစ်နေတယ်။ ဆိုးရှားရဲ့ အသင်းအတွက် အလှည့်အပြောင်း ကာလတွေ ရှိထားခဲ့ပြီး ဒီပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ယူနိုက်တက်အတွက် အထွဋ်အထိပ်ကို ရောက်စေမှာ ဖြစ်ပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ၆၇ ပွဲဆက်… Continue Reading →

စွမ်းဆောင်ရည် တည်ငြိမ်ဖို့နဲ့ ရလဒ်ကောင်းဖို့ လီဗာပူးအသင်း ရုန်းကန်နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်း

လီဗာပူးမန်နေဂျာဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ ဂရေမီ ဆောင်းနက်က ဒီရာသီမှာ အသင်းဟောင်းက ရုန်းကန်ရမှုတွေ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဆောင်းနက်ကပဲ ရာသီအစောပိုင်းမှာတင် ဗန်ဒိုက်ကို လက်လွတ်ရတာက လီဗာပူးအတွက် အထိနာမှုကြီးလို့ မြင်ပါတယ်။ ဗန်ဒိုက် ရာသီအစပိုင်းမှာတင် ဒဏ်ရာရခဲ့တာက လီဗာပူးရဲ့ ရလဒ် ရယူနိုင်မှုမှာ ယခင် ဘောလုံးရာသီတွေလို ပြတ်သားစွာ မလုပ်နိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်းလို့လည်း သူက မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ဆောင်းနက်က ” လီဗာပူးက တည်ငြိမ်မှုကို ရှာဖွေနေရတယ်။ ကုန်ခဲ့တဲ့ ၃ နှစ်မှာ လီဗာပူးအသင်းရဲ့ တည်ငြိမ်မှုက… Continue Reading →

စတီဗင်ကို အောင်မြင်စေလိုပေမယ့် ရိန်းဂျားရဲ့ တောက်ပမှုကို ခံရခက်နေတဲ့ ရော်ဘတ်ဆန်

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က စကော်တလန်လိဂ်မှာ ရိန်းဂျားနဲ့ ဆဲလ်တစ်တို့ ပြိုင်ဆိုင်နေမှုအတွင်း ရိန်းဂျားအသင်းရဲ့ အောင်မြင်နေမှုက သူ့ကို ခံရခက်စေပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ လူငယ်ကစားသမားဘဝကို ဆဲလ်တစ်ကနေ စတင်လာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဆဲလ်တစ်အသင်း ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ကလပ် ဟူးစီးတီးကို ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် လီဗာပူးကို ပြောင်းလာခဲ့သူဖြစ်တယ်။ ကာရေဂါရဲ့ Greatest Games Podcast အတွက် ရော်ဘတ်ဆန်က ဖြေပေးရာမှာ ” ခက်ခဲတဲ့ အခြေအနေပဲ မဟုတ်လား။ လီဗာပူးအသင်း လေ့ကျင့်ရေးကွင်းကို… Continue Reading →

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး အီဒါ မီလီတိုကို လီဗာပူး ခေါ်ယူဖို့ အခက်အခဲ ဖြစ်နေစေတဲ့ အကြောင်းရင်း

လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး မီလီတိုတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖို့ ခက်ခဲပါတယ်လို့ လီဗာပူးသတင်းထောက် James Pearce က ထုတ်ပြောလိုက်ပါတယ်။ James Pearce က လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ အသုံးစရိတ်ကြီးထုတ်ဖို့ ငွေကြေး မရှိသလို ကလပ်ရဲ့ ကာလရှည် အစီအစဉ်အတွက် ခံစစ်မှူးသစ် ခေါ်ယူမှုကိုလည်း နွေမှ လုပ်လိုနေတယ်လို့ ဆိုတယ်။ The Athletic ကနေ Pearce က ပြောရာမှာ ” ဒါကိုလည်း ပြောပြပြီးပါပြီ လီဗာပူးက ကာလတို ဖြေရှင်းဖို့… Continue Reading →

အက်ဖ်အေ စတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲ ပွဲနေ့ကို အတည်ပြု

အက်ဖ်အေ စတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ ည (၁၁း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားစေမယ်လို့ အတည်ပြုလိုက်ပါပြီ။ ဒါကြောင့် ဇန်နဝါရီလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့မှာ အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ အပြီး တစ်ပတ်အကြာ အိုထရတ်ဖိုဒ့်မှာ အက်ဖ်အေပွဲ ကစားရမှာဖြစ်တယ်။ ဒီအပတ်ပွဲမှာ ထွက်ပေါ်လာမယ့် ရလဒ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ အဆိုပါပွဲအပြီး ၇ ရက်အကြာ… Continue Reading →

လီဗာပူး V ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့မယ့် ပွဲနဲ့ ပက်သက်လို့ ဘီဘီစီမှ ဘောလုံးသုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။ လော်ရိုးက ” အခုချိန်မှာတော့ ကစားကွင်းထဲမှာ ပရိသတ်တွေ ဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အမှတ်ပေးဇယားထိပ်က နှစ်သင်း တွေ့ဆုံမှုမှာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရတာက လီဗာပူးအတွက် ထူးခြားတဲ့ ခံစားချက်တွေ ရှိနေစေမှာပါ။ အချိန်အများကြီးမှာ ဒီထိပ်တိုက်တွေ့မှုတွေက သက်ဝင်လှုပ်ရှားတဲ့ ပွဲဖြစ်မယ်လို့ ထင်ထားတယ်။ ယူနိုက်တက်တို့ ပုံစံကောင်း ရနေတာကလည်း လီဗာပူးခံစစ်ကို ပြဿနာတွေ ပေးပါလိမ့်မယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!