Date

January 16, 2021

ဒါဘီပွဲကြို အပြန်အလှန် စကားစစ်ထိုးမှုတွေနဲ့ စနေနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

ဒီနွေမှာ ထွက်ခွာသွားမယ့် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ရဲ့ နောမှာ အစားထိုးဖို့ လီဗာပူးဘက်က ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆာမာကို အတော်လေး သဘောတွေ့နေပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ လီဗာပူးတင် မဟုတ်ဘဲ ကြီး ၆ ကြီးကလပ်တွေကလည်း ကစားသမား ခေါ်ယူမှုတွေ လုပ်ဖွယ် မရှိဘူးလို့ အသံထွက်နေပါတယ်။ လက်တလောမှာ စပါးကတော့ အဲရစ်ဆန်ကို အငှားခေါ်လိုပေမယ့် လုပ်ခပိုင်း ကြီးမြင့်မှုကြောင့် စဉ်းစားဆဲ ဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်သမား မာနေးက အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ တင်ပါးနေရာက ဒဏ်အနည်းငယ် ရခဲ့တာကို… Continue Reading →

အက်ဖ်အေပွဲအတွင်း အသေးစာဒဏ်ရာ ရခဲ့ပေမယ့် ယူနိုက်တက်ပွဲမှာ ပါဝင်သွားနိုင်မယ့် မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ ဒဏ်ရာ အနည်းငယ် ရခဲ့တာကို ဝန်ခံစကား ပြောဆိုလာပေမယ့် ဒဏ်ရာက ပြန်သက်သာသွားပြီလို့ အသင်းဝဘ်ဆိုဒ်ကနေ ပြောပါတယ်။ မာနေးက “ ဟုတ်ပါတယ်။ နည်းနည်းလေး ထိမိတာပါ။ မိနစ် အနည်းငယ်ကြာတော့ သက်သာသွားပါတယ်။ ကြွက်တက်တဲ့ ပုံစံပါပဲ ဒါပေမယ့် နောက်ကျောမှာ ဖြစ်တာ မဟုတ်ဘဲ တင်ပါးမှာ ဖြစ်တာပါ။ ပွဲအပြီးမှာ ရေခဲ ကပ်ခဲ့ပြီး အဆင်ပြေသွားပါတယ်။ အခုတကယ်ကို အဆင်ပြေနေပြီး လာမယ့်ပွဲကို မျှော်နေပါတယ် ” လို့… Continue Reading →

ရွန်းနီက မန်နေဂျာတာဝန်သစ်အတွက် နဗီး၊ စခိုးတို့ကို ကျော်ပြီး ဂျရတ်နဲ့ ဆွေးနွေးကြောင်း ထုတ်ပြော

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ အန္တရာယ်များတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ နည်းပြအလုပ်ထဲ ဝင်ဖို့ သဘောမတူညီခင်မှာ သူ့ရဲ့ အင်္ဂလန်အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ နာရီများစွာ စကားပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ရွန်းနီဟာ ယာယီနည်းပြအနေနဲ့ တာဝန်ယူမှု လုပ်နိုင်ခဲ့ပြီးနောက် ဒါဘီကောင်တီရဲ့ အမြဲတမ်း မန်နေဂျာအဖြစ် ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်းရဲ့ ထူးချွန်တဲ့ ၁၈ နှစ်တာ ကစားသမားဘဝကို တရားဝင် အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စိန်ခေါ်မှုသစ်အတွက် ရွန်းနီ ဟာ ယူနိုက်တက် ကစားသမားဟောင်းတွေထက် စတီဗင်ကိုပဲ တိုင်ပင်ခဲ့တာဖြစ်တယ်။… Continue Reading →

မန်ယူနိုက်တက်နဲ့ ပွဲမှာ ကလော့ပ် ပွဲထုတ်လာဖို့ ကြံနေတဲ့ ထူးရှယ် ကစားသမားသစ်

လီဗာပူးအသင်းရဲ့ စပိန်သား ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာက အသင်း အတွက် ထင်သလောက် အစွမ်းမပြနိုင်သေးဘဲ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် ဒီတစ်ပတ် စူပါဆန်းဒေး ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ကလော့ပ်က သီယေဂို ပြန် ကစားနိုင်နေတာကို ဝမ်းမြောက်နေပြီး ကစားသမားသစ် တစ်ယောက် ရလိုက်သလိုပဲလို့ ဆိုခဲ့ကာ ယူနိုက်တက်နဲ့ ပွဲမှာ လီဗာပူးအတွက် အားထားရတဲ့ လက်နက်ကောင်း ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်။ သီယေဂိုဟာ ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးထံ ရောက်လာခဲ့တာ… Continue Reading →

ပွဲတိုင်းအပြင် မိနစ်တိုင်းမှာ ပါဝင်ကစားရတာကို လိုချင်ပါတယ်ဆိုလာတဲ့ တိုက်စစ်သမား ဆာလာ

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမား ဆာလာက ပွဲကြပ်ကာလတွေကို ယှဉ်ပြိုင်ရတော့မယ့် အနေအထားက သူ့အတွက် ပြဿနာ မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။ ဆာလာက ပွဲတိုင်း ပါဝင်ကစားဖို့တင် မဟုတ်ဘဲ ပွဲတိုင်း မိနစ်တိုင်းမှာ ပါဝင်ကစားခွင်ကိုပါ အလိုရှိနေပါတယ်။ ဆာလာက ” မိနစ်တိုင်း ပွဲတိုင်းကို ပါဝင်ကစားချင်ပါတယ်။ ကျနော်က မိနစ် ၉၀ မဟုတ်ဘဲ တစ်ပွဲလုံး အချိန်ပိုကအစ ကစားလိုတာပါ။ ဒါပေမယ့်လို့ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်။ ” လို့ ဆိုပါတယ်။ လီဗာပူးရဲ့ ပြီးခဲ့တဲ့… Continue Reading →

စူပါဆန်းဒေးပွဲကြို ဆိုးရှားရဲ့ မှတ်ချက်အတွက် လာခဲ့လိုက်စမ်းပါလို့ တုန့်ပြန်တဲ့ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်က လီဗာပူးကို ရင်ဆိုင်ကစားဖို့ ယူနိုက်တက်အတွက် အကောင်းဆုံး အချိန်ပါလို့ ပြောဆိုတဲ့ ဆိုးရှားရဲ့ မှတ်ချက်ကို တုန့်ပြန်လိုက်ပါတယ်။ စူပါဆန်းဒေးပွဲကြိုမှာ ဆိုးရှားက ပရိသတ် မပါတဲ့ အန်းဖီးကွင်းမှာ ကစားရတာက သူ့အသင်းအတွက် အချိန်ကောင်းဖြစ်မယ်လို့ ထုတ်ပြောခဲ့တယ်။ ဆိုးရှားက ပရိသတ်မရှိတဲ့ အန်ဖီးဟာ အစိမ်းရောင် မြက်ခင်ပေါ်မှာ အဖြူရောင်လိုင်းဆွဲထားတဲ့ ကွင်းသာသာပါလို့ မှတ်ချက်ပေးခဲ့သေးတာဖြစ်ပါတယ်။ စိန်ခေါ်သူတွေဘက်က အသံကျယ်နေတဲ့ ကိစ္စအပေါ် လက်ရှိ ချန်ပီယံအနေနဲ့ အသင်းဘက်က အကောင်းဆုံး လုပ်ပြနိုင်ဖို့ကို ကလော့ပ်က အလိုရှိနေတယ်။ တနင်္ဂနွေနေ့ပွဲကြို ဆိုးရှားရဲ့ မှတ်ချက်နဲ့… Continue Reading →

ဒီရာသီ လီဗာပူးပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးနဲ့ အရွေးချယ်ဆုံး ဂျာစီ နံပါတ် (၁၀) ခု

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးပရိသတ်တွေက သူတို့ ဝယ်ယူတဲ့ ဂျာစီတွေမှာ နာမည်ရေးထိုးဖို့ အရွေးချယ်ဆုံး နံပါတ်နဲ့ ကစားသမားစာရင်း (၁၀) ခုကို အသင်းဘက်က ထုတ်ပြန်သွားပြီဖြစ်ပါတယ်။ ဒီနှစ်အတွက် ရေပန်းအစားဆုံး ဂျာစီတွေ စာရင်းမှာတော့ နွေကမှ အသစ်ခေါ်ယူထားတဲ့ သီယာဂိုနဲ့ ဂျိုတာလို ကစားသမားတွေ ပါဝင်လာခဲ့တယ်။ သီယာဂိုက ဒဏ်ရာကနေ ပြန်သက်သာလာခြင်းကြောင့် ပွဲထွက်မှုတွေ ပြန်လုပ်ပေးနေကာ ဂျိုတာကတော့ ဒီလ အကုန်ပိုင်းမှာ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေ နာမည်ရေးထိုးဖို့ အရွေးချယ်ဆုံး ဂျာစီ နံပါတ် ပိုင်ရှင်ကတော့… Continue Reading →

ယူနိုက်တက်က အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေနဲ့ အသင်းကောင်းပါလို့ ကလော့ပ် ချီးကျူး

ယူနိုက်တက်နဲ့ ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပြိုင်ဘက် အသင်းဟာ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ယခင်နှစ်တွေတုန်းက ယူနိုက်တက်ဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်စဉ်မှာ ကောင်တာ ကစားနိုင်ဖို့ ခံစစ် အနည်းငယ် အားပြု ကစားလေ့ရှိတဲ့ သဘောကိုလည်း ကလော့ပ်က ထောက်ပြခဲ့ပြီး ဒီတစ်ကြိမ်မှာ ယူနိုက်တက်က အပြောင်းအလဲတွေ လုပ်လာနိုင်သေးတာကို နားလည်ထားတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့တဲ့ပွဲက ကမ္ဘာကြီးက ဘယ်အရပ်ကဖြစ်ဖြစ် စောင့်ကြည့်နေကြမယ့် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ကြောင်း ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။… Continue Reading →

လီဗာပူး ပြန်အောင်မြင်လာချိန်မှာ မန်နေဂျာဘဝက အနားယူခဲ့ပြီးဖြစ်တာကို ကျေနပ်တယ်ဆိုတဲ့ ဆာအဲလက်စ်

ယူနိုက်တက် ဂန္တဝင်မန်နေဂျာကြီး ဆာအဲလက်စ်က သူအနားယူခဲ့ပြီဖြစ်လို့ သိပ်ကို ထူးချွန်းနေတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ရင်ဆိုင်ရခြင်း မရှိတော့တာ ကျေနပ်စရာပါလို့ ပြောဆိုသွားပါတယ်။ ဆာအဲလစ်က သူ့ရဲ့ မန်နေဂျာဘဝ ၂၇ နှစ်အတွင်းမှာ လီဗာပူးအသင်းရဲ့ အင်္ဂလန်ပြည်တွင်း အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ကို လွဲယူနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ယာဂင်ကလော့ပ်က ဥရောပမှာ အကောင်းဆုံး လီဗာပူးအသင်းဆိုတဲ့ ဂုဏ်အတွက် ချန်ပီယံလိဂ်ဖလား နောက်တစ်ကြိမ် အနိုင်ယူပေးခဲ့သလို အင်္ဂလန်ပြည်တွင်းမှာလည်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုကို ပြန်ရယူလာခဲ့ပြီဖြစ်တယ်။ ၂၀၁၃ မှာ ဆာအဲလက်စ် ရာထူးကနေ အနားယူပြီးတဲ့နောက်ပိုင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!