Date

January 17, 2021

ဒူဘိုင်း လေ့ကျင့်ရေးအတွင်း မြက်ခင်ပြင်ပေါ် ပြန်လည် ခြေချလာခဲ့ပြီဖြစ်တဲ့ ဗန်ဒိုက်

ဒူဘိုင်းက NAS Sports Complex မှာ ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားလေ့ကျင့်နေတဲ့ ဗန်ဒိုက်ဟာ သူ့ရဲ့ တိုးတက်နေမှုအပေါ် လူမှုကွန်ယက်ကနေ ထုတ်ပြသွားပြန်ပါပြီ။ လွန်ခဲ့တဲ့ ၃ လက ဒူးဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ဟာ ဒီကနေ့မှာတော့ ဘောလုံးကို တော့ကစားနေတာကို မြင်လာရတယ်။ ဒါပေမယ့်လည်း သူ ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာ အခုထိ မသိနိုင်သေးတဲ့ ကိစ္စဖြစ်ပါတယ်။ အသင်းပရိသတ်တွေ မျှော်လင့်စရာ သတင်းကောင်းကတော့ အင်စတာဂရမ်မှာ ဗန်ဒိုက် အခုတင်လိုက်တဲ့ ဗီဒီယိုက Indoor လေ့ကျင့်ရေး မဟုတ်ဘဲ အပြင်ဘက်… Continue Reading →

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ဆုတံဆိပ်ကို ယူဖို့ မထိုက်တန်ဘူး ယူဆနေတဲ့ လီဗာပူးအသင်းသား

လီဗာပူးအသင်းရဲ့ ဂျပန်လက်ရွေးစင် တိုက်စစ်သမား မီနာမီနိုကတော့ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးထံ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီဟာ ကိုဗစ်ကြောင့် အခက်အခဲတွေနဲ့ အပြီးသတ်ခဲ့ရပြီး လီဗာပူးကတော့ အမှတ်ပြတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ဗိုလ်စွဲခဲ့ပါတယ်။ တာကုမိ မီနာမီနိုကတော့ ပြီးခဲ့တဲ့ရာသီက အသင်းဗိုလ်စွဲတဲ့နောက် သူရခဲ့တဲ့ ပရီးမီးယားလိဂ် ဆုတံဆိပ်ဟာ သူ့အားထုတ်မှုနဲ့ အရည်အချင်း သက်သေပြမှုတွေ မပါဘဲ ရခဲ့တာကြောင့် မရထိုက်ဘူးလို့ ယူဆနေပါတယ်။ ပေါင် ၇.၂၅ သန်းနဲ့ လီဗာပူးထံ ရောက်လာခဲ့တဲ့ အသက် ၂၆… Continue Reading →

ဝိုက်နယ်ဒမ်ရဲ့ လီဗာပူးအနာဂတ်နဲ့ ပက်သက်ပြီး အဖြေထွက်ပေါ်လာခဲ့ပါပြီ

ဂီနီ ဝိုက်နယ်ဒမ်ဟာ သူ့ကို ဆက်ထိန်းဖို့ နောက်ဆုံး ကြိုးစားခဲ့တဲ့ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ငယ်ဘဝ အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာထံ ပြောင်းဖို့ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီကုန်မှာတော့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကနေ ထွက်ခွာကာ ကက်တလန် အခြေစိုက် ကလပ်ကို ပြောင်းသွားတော့မှာဖြစ်တယ်။ ဂျိဟန်ခရိုက်၊ ရစ်ကတ်နဲ့ ကိုးမတ်လို ဘာစီလိုနာရဲ့ နယ်သာလန် အဆက်အနွယ်ရှိမှုတွေက ဝိုက်နယ်ဒမ်ကို စပိန်ထိပ်သီးအသင်းထဲ ပြောင်းဖို့ ရည်မှန်းချက်တွေကို ပိုမို အသက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဘာစီလိုနာမန်နေဂျာ ကိုးမန်းက ကွင်းလယ်ပိုင်း… Continue Reading →

ယူနိုက်တက် ဘယ်တော့ ဖလားရတာ မရတာတွေ သူနဲ့ မဆိုင်ဘူး ပြောစရာ မရှိဘူး ဆိုတဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဖလား ပြန်ရဖို့ လီဗာပူးလိုပဲ နှစ် ၃၀ လောက် ပြန်စောင့်ရမလား၊ ဘယ်တော့ ဗိုလ်စွဲနိုင်မလဲ ဆိုတဲ့ ကိစ္စတွေ စိတ်လည်း မဝင်စားသလို ဆိုင်လည်း မဆိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်း နှစ် ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြီးခဲ့တဲ့ ရာသီက ရယူပေးပြီး ပရိသတ်တွေရဲ့ နှစ်ချို့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း… Continue Reading →

အပြောင်းအလဲ အချို့နဲ့အတူ ယူနိုက်တက်ပွဲမှာ လီဗာပူးထုတ်သုံးနိုင်မယ့် ခန့်မှန်း လူစာရင်း (၂) ခု

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု သမိုင်းမှာ ၂၀၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်လာမယ့် အင်္ဂလန်အနောက်မြောက်ဒါဘီကို ဒီကနေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံနဲ့ စိန်ခေါ်သူတွေကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ကာ လီဗာပူးက အနိုင်ရမယ်ဆိုရင် ဇယားထိပ်ကို ပြန်တက်နိုင်မှာဖြစ်ပြီး အရေးနိမ့်မယ်ဆိုရင်တော့ လိဂ်ဦးဆောင်သူ ယူနိုက်တက်နဲ့ ၆ မှတ်ထိ ကွာဟသွားမှာဖြစ်တယ်။ ဒီလို ဖြစ်ရပ်မျိုးဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက ဖြစ်ခဲ့သေးပြီး ထိုစဉ်က လိဂ်စိန်ခေါ်သူ လီဗာပူးကို ချန်ပီယံ မန်စီးတီးက အနိုင်ရအောင် ကစားခဲ့ကာ ရမှတ်ကွာဟချက်ကို လျော့ချခဲ့ပါတယ်။ တစ်ချိန်က စိန်ခေါ်သူအဆင့်ကနေ… Continue Reading →

အင်္ဂလန်ဒါဘီမှာ အနိုင်ရအောင် ကစားမယ်လို့ ပရိသတ်တွေကို ကတိပေးတဲ့ ဖာမင်နို

လီဗာပူးအသင်း တိုက်စစ်မှူး ဖာမင်နိုကတော့ ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်ဒါဘီမှာ လက်ရှိ ချန်ပီယံတွေကို လူတိုင်း မှတ်မိနေအောင် ပြန်ကြိုးစားပြမယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဖာမင်နိုက ယူနိုက်တက်ကို အနိုင်ယူခြင်းက ပရိသတ်တွေ မျှော်လင့်နေတဲ့ ရလဒ်ဖြစ်သလို အသင်းကို ဇယားထိပ်ထံ ပြန်ပို့နိုင်မယ်လို့လည်း နားလည်တယ်။ ဒါကြောင့် အကောင်းဆုံးရလဒ်အတွက် ယှဉ်ပြိုင်ပေးမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ဖာမင်နိုက ‘ အခုချိန်မှာ ယူနိုက်တက်က အမှတ်ပေးဖလားပြိုင်ပွဲမှာ ကျနေ်ာတို့ရဲ့ အဓိက ပြိုင်ဘက်လို့ ပြောကြတယ်။ ဒါကြောင့်ပဲ သူတို့ကို အနိုင်ယူပြီး ကျနေ်ာတို့က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!