Date

January 18, 2021

ဂျိုတာ ပြန်ကစားနိုင်မယ့် အချိန်နဲ့ တနင်္လာနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီး လီဗာပူးရဲ့ လေ့ကျင့်ရေးကို ပြန်ဝင်ဖို့က သုံးပတ်လောက်ထိ စောင့်ရဦးမှာဖြစ်ကာ ဖေဖော်ဝါရီလ အစပိုင်းမှ ပြန်ပါလာနိုင်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ပြောပါတယ်။ ဆာလာဟာ လီဗာပူးမှာပဲ ဆက်နေလိုဆဲဖြစ်ပြီး အသင်းမှာရှိနေတဲ့ မိနစ်တိုင်းအတွက် ကြိုးစားပေးသွားမှာဖြစ်ကြောင်း ကစားသမားရဲ့ အသိုင်းအဝိုင်းဘက်က အသံ ထွက်နေပါတယ်။ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ အနေအထားနဲ့ ပက်သက်ပြီး သူနဲ့အတူ အသင်းဖော်တွေကလည်း ကျေနပ် အားရမှုမရှိ ဖြစ်နေပါတယ်လို့ ကွင်းလယ်လူ သီယာဂိုက ဝန်ခံပါတယ်။ ယူနိုက်တက်က အနိုင်ရသင့်တဲ့အသင်းဆိုတဲ့ လုရှောရဲ့ ပြောဆိုမှုကို… Continue Reading →

ဂိုးရှေ့မှာ ဖြုန်းချင်တိုင်း ဖြုန်းနေတဲ့ ဖာမီနိုက လီဗာပူးအတွက် စိုးရိမ်စရာ ဖြစ်နေပြီလို့ သတိပေးမှု

လီဗာပူးတိုက်စစ်မှူးဟောင်းကြီး ပီတာခရော့ချ်က ညက ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ လီဗာပူး တိုက်စစ်မှူး ဖာမီနိုရဲ့ ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေကို သတိထားဖို့ လိုပြီလို့ ထောက်ပြသွားခဲ့ပါတယ်။ လီဗာပူးရဲ့ လက်နက်ကောင်း ဖြစ်တဲ့ တိုက်စစ်ကလည်း ဂိုးပေါက် မတွေ့တာ ပွဲ ဆက် နေခဲ့ပြီ ဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အဓိက အသင်းသားတွေ စီနီယာ ကစားသမားတွေ များစွာ လက်လွှတ်ထားရတဲ့ လီဗာပူးဟာ တိုက်စစ်မှာတော့ ဆာလက်၊ ဖာမီနိုနဲ့ မာနေးတို့ သုံးဦးလုံး… Continue Reading →

သီယာဂိုရဲ့ ပွဲထိန်းပေးတဲ့ ကွင်းလယ်ပုံစံမှာ ဆာလာ မာနေးတို့ ရုန်းကန်ခဲ့ရတယ်လို့ ထောက်ပြမှု

လီဗာပူး တိုက်စစ်သမားဟောင်း ဂျွန်ဘမ်းက ယူနိုက်တက်ပွဲမှာ သီယာဂိုနဲ့ တိုက်စစ်သမား သုံးယောက် ပေါင်းဖက်မှုက လိုအပ်ချက်ရှိနေဆဲ ကာလမှာပဲ ရှိနေသေးတယ်လို့ ထုတ်ပြောပါတယ်။ ပထမပိုင်းအတွင်း ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ လီဗာပူးအသင်းအတွက် အကောင်းဆုံး ကစားသမားက သီယာဂိုဖြစ်ခဲ့တယ်။ သူ့ရဲ့ ဘောလုံး ကိုင်ထားမှုနဲ့ ဖြန့်ဝေမှုတွေက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ကောင်တာပုံစံ တိုက်စစ်ကစားဖို့ကို ပိုမို အားသန်တဲ့ လီဗာပူး တိုက်စစ်သမားတွေက သူတို့ တွဲဘက်နေကျ မဟုတ်တဲ့ ကွင်းလယ် ပံ့ပိုးမှုမှာ အသားကျဖို့ ရုန်းကန်ခဲ့ရတာပါ။ အထူးသဖြင့်… Continue Reading →

ကွင်းလယ်ဒိုင်ရဲ့ ပွဲကို စောစောရပ်ခဲ့တဲ့ ဖြစ်ရပ်အတွက် အိုဝင်နဲ့ စခိုးတို့ အငြင်းပွားခဲ့ကြ

လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ပထမပိုင်းအတွင်း ပွဲပြီးရမယ့် အချိန်ထက် ခပ်စောစော အဆုံးသတ်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်လို့ အိုဝင်နဲ့ ပေါလ်စခိုးတို့ အကြေအလည် ဖြစ်ခဲ့ကြပါတယ်။ နှစ်ဦးလုံးက တနင်္ဂနွေနေ့ ပရိုဂရမ်ဖြစ်တဲ့ Premier League Productions မှာ ပါဝင်ဆွေးနွေးခဲ့တာပါ။ သူတို့ နှစ်ဦးက ပွဲကို ခပ်စောစော သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပက်သက်လို့ သဘောမညီခဲ့ကြပါဘူး။ ပထမပိုင်း ပွဲပြီးခရာ မှုတ်ခဲ့ချိန်မှာ မာနေးက ကောင်တာပြန်ဆင်တဲ့ အနေအထားဖြစ်ပြီး ကွင်းလယ်ဒိုင် ပေါလ်တီရာနေးက ပွဲကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့တယ်။… Continue Reading →

အားလုံး မြင်နေတဲ့ လီဗာပူးရဲ့ အားနည်းချက်ကြီးကို ဆောင်းနက်နဲ့ ရွိုင်ကိန်း ထောက်ပြ

လီဗာပူးအသင်းမှာ ရှိနေတဲ့ ပြဿနာက ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ လီဗာပူးရဲ့ တိုက်စစ်ဖြစ်တယ်လို့ မန်နေဂျာဟောင်း ဆောင်းနက်နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းတို့က စကိုင်းစပေါ့ ဆွေးနွေးခန်းမှာ သုံးသပ်ခဲ့ကြပါတယ်။ လီဗာပူးတိုက်စစ်ဟာ ပဲလေစ့်ကို ၇ ဂိုးပြတ် အနိုင်ရပြီးတည်းက ပုံစံကောင်း ပျောက်ကွယ်နေခ့တာပါ။ အဆုံးသတ်ပိုင်းမှာ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် စိတ်ပိုင်းဖြတ်နိုင်မှုနဲ့ တွဲဘက် လုပ်နိုင်စွမ်းတွေမှာ ကျရိပ်ပြနေတာက သိသာလှပါတယ်။ ဒါကို သာမာန် ဘောလုံးပရိသတ်တွေတောင် မြင်နိုင်စွမ်းရှိတဲ့ထိ တိုက်စစ်က လိုအပ်ချက် များနေပါတယ်။ ဆောင်းနက်က… Continue Reading →

ချန်ပီယံဘွဲ့ကာကွယ်ဖို့ မေ့ထားလိုက်ဦးလို့ အသင်းသားတွေနဲ့ ပရိသတ်တွေအား ကလော့ပ် သတိပေး

လီဗာပူးတိုက်စစ်က ၁၆ နှစ်အတွင်း အဆိုးဆုံး အနေအထားအဖြစ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် ယာဂင်ကလော့ပ်က ပြတ်သားတဲ့ ဦးတည်ချက်တွေကို စတင် ရေးဆွဲလာခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်က ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ကိစ္စတွေကို မေ့ထားလိုက်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရင်အောင်မြင်အောင် ကြိုးစားဖို့ သတိပေးခဲ့တယ်။ ပရိသတ်တွေက အသင်းနိုင်ပွဲ ပျောက်ဆုံးနေတာအတွက် စိတ်ပျက်နေကြမယ်ဆိုတာ သိပေမယ့် စိတ်ရှည်ပေးဖို့အပြင် အသင်းသားတွေကို အရာအားလုံး ပေးဆပ် ကစားဖို့ သတိပေးချက်တွေ ထုတ်ပြောလာခဲ့ပါတယ်။ ကလော့ပ်က ‘ ဒါကို ကျနော် အမြဲတမ်း နားလည်ပါတယ်။… Continue Reading →

ကွင်းလယ်ဒိုင်ရဲ့ အူကြောင်ကြောင် လုပ်ရပ်ကို မကျေနပ်ကြောင်း ဟန်ဒါဆန် ထုတ်ပြော

ယူနိုက်တက်ပွဲ ပထမပိုင်းမှာ မာနေး ကောင်တာကစားမယ့် အချိန်အတွင်း ကွင်းလယ်ဒိုင်က ပွဲပြီး ခရာမှုတ်ခဲ့တာအတွက် မကျေနပ်ကြောင်းကို လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ထုတ်ပြောခဲ့ပါတယ်။ မာနေးအတွက် သီယာဂို အဝေးဘော ချပေးချိန်မှာ ပွဲပြီးဖို့ ၄ စက္ကန့်လောက် လိုသေးတာပါ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်သမားတစ်ဦးဖြစ်တဲ့ မာနေးဟာ အဲ့လို ကောင်တာဘောတွေမှာ သိပ်ကို အန္တရာယ်ကြီးသူလည်းဖြစ်တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ခံစစ်ကို မာနေး ဖောက်ထွက်ပြေးတဲ့ အချိန်မှာပဲ ပွဲကို ရပ်နားစေခဲ့ပါတယ်။ ဟန်ဒါဆန်က “ အဲ့အတွက် ကျနေ်ာတို့တွေ… Continue Reading →

ယူနိုက်တက်ကို သရေကျရာမှာ သဘောမတွေ့တဲ့ ကိစ္စတွေကို ကလော့ပ် ထုတ်ပြော

မန်နေဂျာယာဂင်ကလော့ပ်က ယူနိုက်တက်ကို သရေကျတဲ့ ပွဲအပြီးမှာ သွင်းဂိုး ပျောက်ဆုံးနေခြင်းနဲ့ သရေတစ်မှတ်ပဲ ရခြင်းတွေအတွက် သဘောမကျဘူးဆိုတာကို ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးဟာ တိုက်စစ်ပိုင်းနေရာထိ ဘောလုံးသယ်ယူပုံ ဖန်တီးပုံ ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် တိုက်စစ်သမားတွေထံ နောက်ဆုံး ပေးမှုတွေလုပ်ဖို့ ဖြတ်တင်ဘောတွေမှာ ညံ့ခဲ့သလို ဧရိယာတွင်း လှုပ်ရှားကစားပုံတွေကလည်း မသေသပ်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ” အကယ်လို့ ၁-၀ နဲ့ အနိုင်ရခဲ့မယ်ဆိုရင် ကျနေ်ာတို့ အဆင်ပြေပါတယ်။ ယူနိုက်တက်ကို မိနစ် ၉၀ လုံး အခွင့်အရေး မပေးရအောင်တော့ ကျနေ်ာတို့ လုပ်နိုင်မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!