Date

January 19, 2021

ဆာလာ၊ ဖာမင်နိုတို့ မေးခွန်းထုတ်ခံရခြင်းတွေနဲ့ အင်္ဂါနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးတိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်က ဆာလာဟာ ဒီနောက်ပိုင်းမှာ ပိုမို တစ်ကိုယ်ကောင်းဆန်လာနေပြီး သူက ရွှေဖိနပ်ဆုအတွက်ပဲ အာရုံစိုက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဂျာမနီသတင်းထောက် Christian Falk က ဘိုင်ယန်ခံစစ်သမား အလာဘာကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ရေပန်းစားနေပေမယ့် လီဗာပူးဘက်ကလည်း ကြိုးစားဆဲ အနေအထားဖြစ်ကြောင်း ထုတ်ပြောပါတယ်။ လီဗာပူးနဲ့ ဘန်လေပွဲကို ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒင်းက တာဝန်ယူမှာဖြစ်ပြီး VAR ဒိုင်အဖြစ်တော့ လီမာဆန်က တာယန်ယူသွားပါမယ်။ နွေမှာ လီဗာပူးက ဝိုက်နယ်ဒမ် ထွက်ခွာသွားမှာဖြစ်ကာ အသင်းက ဗဟိုခံစစ်မှူး တစ်ဦးကို သေချာပေါက်… Continue Reading →

မီနာမီနိုရဲ့ နားလည်ရခက်ခဲတဲ့ အခြေအနေက အားလုံးကို တွေးရခက်ကြီး ဖြစ်လာစေတယ်

ဂျပန်တိုက်စစ်သမား တာကူမီ မီနာမီနိုဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ပဲလေစ့်ကို အနိုင်ရတဲ့ ခရစ္စမတ်မတိုင်ခင် အမှတ်ပေးပွဲမှာ သွင်းယူခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ချီးကျူးသံ သောသောညံခဲ့တဲ့ အဆိုပါပွဲမှာ တာကီက အရေးပါတဲ့ နေရာက ခြေစွမ်းပြခဲ့တယ်။ ဒါပေမယ့်လို့ ၇-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ အဆိုပါပွဲအပြီး လီဗာပူးက ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၄ နေရာထိ ကျဆင်းလာခဲ့ပါတယ်။ နောက်ပြီး အဆိုပါ… Continue Reading →

သီယာဂိုနဲ့ လီဗာပူးက ကစားဟန် ကွာခြားနေကြောင်း ထောက်ပြတဲ့ ကွင်းလယ်လူဟောင်း ဟားမန်း

လီဗာပူးနဲ့ ဘိုင်ယန်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျာမာန်သား ကွင်းလယ်လူဟောင်း ဟားမန်းက ဒီရာသီ လီဗာပူးအသစ်ခေါ်ယူထားတဲ့ သီယာဂိုရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ သဘောမတွေ့ကြောင်း ထုတ်ပြောခဲ့ပါပြီ။ လီဗာပူးကစားသမားဟောင်းက အသင်းဟာ ကောင်တာတိုက်စစ်ကို အဓိက ကစားတဲ့ အသင်းဖြစ်ပြီး ကွင်းလယ်လူတွေက ဘောလုံးရလာခဲ့ရင် မာနေးနဲ့ ဆာလာလို တောင်ပံသမားတွေကို ခပ်မြန်မြန် ဘောလုံးပေးတဲ့ အသင်းဖြစ်တယ်။ သီယာဂိုကတော့ ဘောလုံးရလာခဲ့ရင် တန်းမပေးဘဲ ကိုင်ထားကာ ကစားကွက် ခင်းကျင်းလိုတတ်သူဖြစ်ကြောင်း ထောက်ပြပါတယ်။ သီယာဂိုက ကစားသမားကောင်းဖြစ်ပေမယ့် ခြားနားတဲ့ ကစားဟန်ကို ကောင်တာတိုက်စစ် အသင်းထဲ… Continue Reading →

လီဗာပူး V ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ရလဒ်တွေ မကောင်းဖြစ်နေတဲ့ လီဗာပူးက ပွဲကြီးတွေ ရောက်မလာသေးခင်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အဖြစ် ဘန်လေကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ရလဒ်တွေ ပြန်တက်လာဖို့ နိုင်ပွဲတွေ ပြန်ရဖို့ လိုအပ်နေပြီး ဒါရဲ့ အစဟာ ဘန်လေပွဲဖြစ်လာမယ်လို့ အိုဝင်က မျှော်လင့်နေတယ်။ ဒီအပတ်မှာ အသင်းကောင်းအချို့ ထိပ်တိုက်တွေ့နေကြတာဖြစ်လို့ နိုင်ပွဲ ပြန်ယူနိုင်မယ်ဆိုရင် လီဗာပူးက အဆင့် ၄ နေရာကနေ အထက်ကို တက်လာဖို့ အခွင့်အရေး ရှိမှာဖြစ်တယ်။ ဒီပွဲမှာ ခံစစ်မှူး မာတစ်… Continue Reading →

လီဗာပူး V ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲမရထားသလို ၃ ပွဲဆက် တိုက်စစ်က ဂိုးမသွင်းနိုင်တဲ့ လီဗာပူးဟာ ကြားပွဲအဖြစ် ဘန်လေကို အန်ဖီးကွင်းမှာ ထပ်မံ ဧည့်ခံမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ စွမ်းဆောင်ရည် ဆက်တိုက် ကျဆင်းနေပြီး ယူနိုက်တက်ပွဲမှာတော့ ခံစစ်နဲ့ ကွင်းလယ် ကစားပုံ မဆိုးလှပေမယ့် အဆုံးသတ်ပိုင်းမှာ ရုန်းကန်နေရဆဲဖြစ်တယ်။ သီယာဂို အပါအဝင် အဓိက တိုက်စစ်သမားတွေ ကြံ့ခိုင်မှု ကောင်းမွန်နေလို့ ဘန်လေပွဲမှာတော့ တိုက်စစ်က အဖြေပြန်ရှာတွေ့မယ်လို့ ခန့်မှန်းရတယ်။ ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ လော်ရိုးက… Continue Reading →

လီဗာပူးအသင်းသားတွေ နောက်ဆုံးမိနစ် ရွေးချယ်တဲ့ ဗျူဟာအတွက် ပရိသတ်တွေ မေးခွန်းထုတ်

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲသရေ ၁ ပွဲ ရံှူးရလဒ် ထွက်ပေါ်ထားခဲ့ပြီး ဒါဟာ ၂၀၁၇ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၄ ပွဲဆက် နိုင်ပွဲပျောက်မှုလည်း ဖြစ်လာပါတယ်။ အမှတ်ပေးပွဲတွေမှာ ရလဒ်တွေ မကောင်းဖြစ်နေတာက လီဗာပူးရဲ့ အဆင့် ရပ်တည်ချက်ကို ထိခိုက်လာခဲ့ပြီး အောက်က အသင်းတွေ ကျော်တက်ခြင်း ခံလာရကာ အခုဆိုရင် အဆင့် ၄ နေရာထိ ကျဆင်းလာခဲ့ပြီဖြစ်တယ်။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက် လာမယ့် ပွဲတွေမှာ ရလဒ်တွေ… Continue Reading →

လီဗာပူးရဲ့ သွင်းဂိုး ပျောက်ဆုံးလာတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ သီယာဂို ထောက်ပြ

လီဗာပူးကွင်းလယ်လူ သီယာဂိုက အသင်းရဲ့ ရမှတ်တွေ အပြည့် မယူနိုင်တဲ့ အနေအထားအတွက် အသင်းဖော်တွေကလည်း ကျေနပ် အားရမှု မရှိပါဘူးလို့ ဝန်ခံပါတယ်။ ဒါပေမယ့်လို့ ဘောလုံးမှာက စိတ်ဓါတ်ပိုင်း အမြင့်ကာလနဲ့ အနိမ့်ကာလတွေ ရှိတတ်ပြီး ဒီအခြေအနေကနေ ကျော်လွှားကာ ယုံကြည်မှုတွေ ပြန်ရယူဖို့က အရေးကြီးတယ်လို့ တိုက်တွန်းခဲ့တယ်။ ဇယားထိပ်ကို ပြန်ရောက်လိုတယ်ဆိုရင် အကောင်းဆုံးတွေ လုပ်နိုင်စွမ်း ရှိရမယ်လို့ သူက မြင်ပါတယ်။ သီယာဂိုက ” အခွင့်အရေးတွေကို သွင်းဂိုးတွေအဖြစ် မလုပ်နိုင်တဲ့အခါ ကျနေ်ာတို့ မကျေနပ်ပါဘူး။ ကျနေ်ာတို့ရဲ့ အနည်းငယ်… Continue Reading →

လီဗာပူးမှာ ဖြစ်နိုင်သလောက် အချိန်အကြာကြီး ဆက်နေလိုကြောင်း ဖွင့်ဟလာတဲ့ ဆာလာ

လီဗာပူးတိုက်စစ်သမား ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး နောက်တစ်ကြိမ် ထုတ်ပြောခဲ့ပြီဖြစ်ကာ အားလုံးက ကလပ်ရဲ့ လက်ထဲမှာပါလို့ ထုတ်ပြောပြန်ပါတယ်. ၂၀၁၈ မှာ လီဗာပူးအသင်းကို ပြောင်းလာပြီးနောက် ပထမဆုံး ဘောလုံးရာသီမှာတင် သွင်းဂိုး ၄၄ ဂိုး သွင်းယူခဲ့တဲ့ ဆာလာဟာ ဒီရာသီမှာလည်း သွင်းဂိုး ၁၇ ဂိုး ရယူထားသူပါ။ သူဟာ ပြီးခဲ့တဲ့ စပိန်သတင်းစာနဲ့ အင်တာဗျူးမှာ အငြင်းပွားဖွယ် မှတ်ချက်တွေကို ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့လို လုပ်လာခြင်း မရှိပါဘူး။ ၂၀၂၃ ခုနှစ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!