Date

January 20, 2021

ဝေဖန်ခံနေရတဲ့ တိုက်စစ် သုံးယောက်တန်းနဲ့ ဗဟိုခံစစ်ရွေးချယ်မှုတွေအတွက် ကလော့ပ် ဖြေရှင်း

လီဗာပူးတိုက်စစ်က ဂိုးပေါက်ပျောက်နေတာနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က ဒီကိစ္စဟာ အသင်းသား အားလုံးနဲ့ သက်ဆိုင်တယ်လို့ အဖြေပေးပါတယ်။ အဓိက တိုက်စစ်သမား ၃ ယောက် လိုအပ်ချက် များနေတယ်လို့ မှတ်ချက်တွေ ရှိနေသော်လည်း မန်နေဂျာကတော့ အဆုံးသတ်ပိုင်းမှာ အကောင်းဆုံး မကစားနိုင်ဖြစ်နေကြောင်းကို ထောက်ပြခဲ့တယ်။ တိုက်စစ်သမားတွေကို အပြစ်ဖို့နေတာထက် အသင်းဖော်တွေ တည်ငြိမ်မှုမယ်ဆိုရင် သွင်းဂိုးအတွက် အဖြေရှာနိုင်မယ်လို့ ကလော့ပ်က မြင်ပါတယ်။ တိုက်စစ်ပိုင်း ပြဿနာနဲ့ ပက်သက်လို့ ကလော့ပ်က ” အဲ့တာက တသင်းလုံးနဲ့ ဆိုင်ပါတယ်။ သွင်းဂိုးတွေက ညာခြမ်းတွေ… Continue Reading →

မာတစ်၊ ဂျိုတာနဲ့ ရှာကွီရီတို့ အခြေအနေကို ဘန်လေပွဲကြိုမှာ သတင်းပေးလာတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ဂျိုတာတို့ အခြေအနေတွေကို ထုတ်ပြောလာပါတယ်။ သတင်းကောင်းကတော့ မာတစ်ဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေး ဝင်နေပြီဖြစ်ကာ ဘန်လေနဲ့ပွဲမှာ ထည့်သုံးမလားကို စဉ်းစားလို့ ရနေပါပြီ။ ဂျိုတာကတော့ ၂ ပတ်လောက်ထိ နားရဦးမှာဖြစ်ကာ ဖေဖော်ဝါရီလ ပထမအပတ်လောက်မှာ လေ့ကျင့်ရေး ပြန်ဝင်ဖွယ်ရှိတယ်။ ကလော့ပ်က ” မာတစ်က လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနေပြီဖြစ်ပါတယ်။ အခုချိန်မှာ သူ့ကို ထည့်သွင်းမလားကိုပဲ ကျနေ်ာတို့ ဆုံးဖြတ်ပေးရတော့မှာပါ။ မနေ့တုန်းက သူဟာ ပုံမှန်အတိုင်း လေ့ကျင့်ရေးကို… Continue Reading →

ဆာလက်က စိတ်ပျက်စရာ ကောင်းအောင် အလွန်အမင်း တကိုယ်ကောင်း ဆန်နေပြီလို့ မိုက်ကယ်အိုဝင် စွပ်စွဲ

လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ လက်ရှိ လီဗာပူးရဲ့ တိုက်စစ်မှူး အီဂျစ်သား မိုဆာလက်ဟာ အသင်း အတွက် အားစိုက် အားထုတ်မှုမျိုး မလုပ်တော့ဘဲ အလွန်ကို တကိုယ်ကောင်း ဆန်နေပြီလို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ဆာလက်ရဲ့ တကိုယ်ကောင်းဆန်မှုတွေက အလွန်အကျွံ ဖြစ်နေပြီး ကလော့ပ်အတွက် ပြသနာကြီးကို ဖြစ်နေပြီလို့ အိုဝင်က ယူနိုက်တက်နဲ့ သရေပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ဒီတလောမှာ တိုက်စစ်က ဂိုးရဖို့… Continue Reading →

ယူနိုက်တက်နဲ့ပွဲမှာ မီနာမီနို အပါအဝင် ကစားသမား (၄) ဦး ထည့်သုံးစေချင်တဲ့ ကင်းကင်နီ

လီဗာပူးဂန္တဝင်ကြီး ဆာကင်နီ ဒဲလ်ဂလစ်က မကြာခင်မှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ချိန်ဘာလိန်၊ မီနာမီနိုတို့ ပွဲကစားခွင့်တွေ ရလာမယ်လို့ မျှော်လင့်နေပါတယ်။ မီနာမီနိုနဲ့ ချိန်ဘာလိန်အပြင် လူငယ်ကြယ်ပွင့် ကာတစ်ဂျုံးတို့ဟာ အရန်လူစာရင်းကနေ အသင်းလိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေဖို့ ပွဲကစားခွင့်တွေ ရဖို့ လိုအပ်နေတာပါ။ ပရီးမီးယားလိဂ်မှာ တောင့်တင်းတဲ့ လူစာရင်းကိုပဲ ထုတ်ရမယ့် အနေအထားကြောင့် အက်ဖ်အေပွဲအဖြစ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ချိန်မှာ သူတို့တွေ ပွဲကစားခွင့်ရဖို့ ကင်နီက မျှော်လင့်နေတာဖြစ်တယ်။ ရာသီကြိုမှာ အကောင်းဆုံး ပါဝင်နိုင်ခဲ့ပေမယ့် ပုံမှန် ပွဲကစားခွင့် မရသလို ခြေစွမ်း မတည်ငြိမ်တဲ့… Continue Reading →

ဖာနန်ဒိုတောရက်စ်ရဲ့ အင်စတာဂရမ် ဗီဒီယိုကြောင့် သူ့ပရိသတ်တွေကြား ပွက်လောရိုက်

‘El Nino’ လို့ ချစ်စနို ခေါ်ဝေါ်ကြတဲ့ စပိန်တိုက်စစ်သမား ဖာနန်ဒို တောရက်စ်က သူ့ရဲ့ ခန္ဓာကိုယ်ပုံစံ အပြောင်းအလဲကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ရာက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ကစားသမားဘဝ အနားယူပြီးနောက် တောရက်စ် Gym ကစားနေတဲ့ ပုံတွေနဲ့ ဘော်ဒီထွက်လာတာတွေကို ပရိသတ်တွေ သတိပြုမိကြပေမယ့် အခုလောက် သေချာ မြင်ခဲ့ရခြင်း မရှိပါဘူး။ အက်သလက်တီကို အရန်အသင်းရဲ့ နည်းပြဟာ လော့ဒေါင်းကာလမှာ မာဆယ်တွေ တက်လာဖို့ စတင် ကြိုးစားလာခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၈ လက ကစားသမားဘဝက… Continue Reading →

ခံစစ်မှူး ဗန်ဒန်ဘတ်ချ်ရဲ့ တိုးတက်မှုကို အရှိန်တင်ပေးဖို့ ကြိုးစားလာနေတဲ့ လီဗာပူး

၂၀၁၉ မှာ လီဗာပူးအသင်းက နယ်သာလန်ကလပ် PEC Zwolle ကနေ ပေါင် ၁.၃ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ နယ်သာလန်သား ခံစစ်သမား ဗန်ဒန်ဘတ်ချ်ဟာ အင်္ဂလန်မြေမှာ စတင် အသားကျလာခဲ့ပြီဖြစ်ပါတယ်။ မနှစ်တုန်းက စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခွင့်ရခဲ့သလို ၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဗန်ဒန်ဘတ်ချ်ဟာ မျှော်လင့်ထားသလို စွမ်းဆောင်ရည်တွေ မပြနိုင်ခဲ့ပါဘူး။ နယ်မြေသစ်မှာ ခြားနားတဲ့ ကစားဟန်တွေအောက် လေ့လာသင်ယူရင်း တိုးတက်မှုရှာခဲ့ရတဲ့ ဗန်ဒန်ဘတ်ချ်ဟာ စီနီယာအဆင့်အတွက် အဆင်မပြေသေးဘူးဆိုတာကို နည်းပြအဖွဲ့က နားလည်ခဲ့တယ်။ ဒါကြောင့်လည်း ဒီရာသီမှာတော့ သူကို… Continue Reading →

လီဗာပူးက ဂျိုတာကို ခေါ်ယူခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်း (၂) ချက်

လီဗာပူးအသင်းဟာ ဒီနွေမှာ ကိုစတက်ကို ခေါ်ယူအပြီး ဈေးကွက်ထဲ ဝင်လှုပ်ရှားမှု တိတ်ဆိတ်နေရင်းကပဲ သီယာဂိုနဲ့ ဂျိုတာတို့ကို ဆက်တိုက် ခေါ်ယူသွားခဲ့ပါတယ်။ သီယာဂိုကို ခေါ်ယူမှုက လီဗာပူးကွင်းလယ်မှာ မတူညီတဲ့ စကေးတွေကို ပေါင်းထည့်လိုခဲ့တာကြောင့်ဖြစ်သလို ဂျိုတာကို ခေါ်ယူခဲ့တာကတော့ အသင်းရဲ့ တိုးတက်မှုနဲ့ ပြိုင်ဘက်တွေရဲ့ တိုးတက်မှုကြား ကွာဟမှုမရှိစေဖို့ဖြစ်ပါတယ်။ The Times သတင်းထောက် Paul Joyce က အခုလို ထုတ်ဖော်ခဲ့တယ်။ Paul Joyce က ” ဖာမင်နိုရဲ့ အားထုတ်မှုကနေ အကျိုးအမြတ်ရမှု လျော့နည်းလာမယ်ဆိုတာကို… Continue Reading →

စိန့်တိုက်စစ်မှူး ဒန်နီအင့်ကို ခေါ်ယူဖို့ ကြိုးစားမယ့် အသင်းတွေထဲ လီဗာပူးအသင်း ပါဝင်လာ

အင်္ဂလန်လက်ရွေးစင် တိုက်စစ်သမား ဒန်နီအင့်ဟာ ဒီနွေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး စိန့်နဲ့ စာချုပ်သစ်ကိစ္စကို ဆိုင်းငံ့ထားကာ သူ့ရလာမယ့် အခွင့်အရေးကို စောင့်ဖို့ ပြင်ဆင်နေပါတယ်။ The Telegraph မှ အကြီးတန်း သတင်းထောက် Sam Wallace က မနှစ်ကရာသီ ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်းယူခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားက စိန့်ရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်လာနိုင်တယ်။ ဒီရာသီမှာ ဆောက်သမ်တန်အတွက် ၁၄ ပွဲအတွင်း ၇ ဂိုး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!