Date

January 21, 2021

သူသဘောကျရတဲ့ လီဗာပူးအသင်းသားအပေါ် ဝေဖန်နေမှုတွေကို သဘောမတူတဲ့ ဂန္တဝင်ကြီး ရီဗယ်ဒို

ဘရာဇီး ဂန္တဝင်ကြီး ရီဗယ်ဒိုက ကွင်းလယ်လူ သီယာဂိုအပေါ် ဝေဖန်မှုတွေအား သဘောမတူဘဲ ကစားသမားဟာ လီဗာပူးအသင်း အမှတ်ပေးဖလား ကာကွယ်ရေးအတွက် ကူညီပေးနိုင်မယ့်သူ တစ်ဦးဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ စပိန်လက်ရွေးစင်ဟာ ပြန်ကစားလာနိုင်တာ မကြာသေးကာ အသင်းအတွက် တိုက်ရိုက်ကျတဲ့ ဖန်တီးမှုတွေ မလုပ်နိုင်သေးသလို၊ ကိုယ်တိုင်လည်း ဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမယ့်လို့ ကစားသမားအပေါ် ချီးကျူးမှုကော၊ ဝေဖန်မှုတွေပါ နှစ်ခုလုံးကတော့ ကျရောက်နေခဲ့ပါပြီ။ ရီဗယ်ဒိုကတော့ သီယာဂိုအပေါ် ဝေဖန်မှုတွေ ရှိနေတာကို သဘောမကျဘဲ ကွင်းလယ်လူရဲ့ ထူးချွန်တဲ့ ဘောလုံးပေးနိုင်စွမ်းနဲ့ အမြင်ကောင်းတွေက ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက်… Continue Reading →

အကြွေးတွေဖြင့် တိုင်ပတ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ဆာလာကို ကမ်းလှမ်းဖွယ် မရှိ

လီဗာပူးတိုက်စစ်သမား ဆာလာရဲ့ အန်ဖီးနဲ့ စာချုပ်က ၂ နှစ်ခွဲပဲ ကျန်ရှိတာကြောင့် ကစားသမားဘက်က အနာဂတ်အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ထွက်ပေါ်ထားပါတယ်။ ပထမဦးစွာ စပိန်သတင်းဌာန AS နဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ပြောင်းခွင့်ရမယ်ဆိုရင် ယတိပြတ် မငြင်းဆန်တဲ့ သဘောတွေ ပြောထားတယ်။ နောက်ထပ် အင်တာဗျူးမှာတော့ သူနဲ့ လီဗာပူးကြား စာချုပ်သစ် သက်တမ်းတိုးဖို့က လီဗာပူးလက်ထဲမှာပဲ ရှိနေပါတယ်လို့ ဆိုထားပါတယ်။ လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဗန်ဒိုက်၊… Continue Reading →

မာစီဒီးစီးပြီး ရွှေရောင် ရိုးလက်စ် နာရီပတ်လာတဲ့ လီဗာပူး လူငယ်ကစားသမားကို ကလော့ပ် တုန့်ပြန်ခဲ့ပုံ

လီဗာပူး ခံစစ်မှူးဟောင်း ဒီဂျန် လိုဗရန်က သူ မာဆေးဆိုဒ်ကလပ်မှာ ရှိစဉ် နည်းပြ ယာဂင်ကလော့ပ်က အသင်း လူငယ် ကစားသမား တစ်ဦးကို ဘယ်လို ဆုံးမ တုန့်ပြန်ခဲ့သလဲ ဆိုတာ ပြန်လည် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။ ” ကျနော် ခင်ဗျားကို ပုံပြင်တို တစ်ပုဒ်ပြောပြမယ်။ ၂၀၁၇ တုန်းကပေါ့ဗျာ။ လီဗာပူးရဲ့ ရာသီကြို ထရိန်နင် ပထမဆုံးရက်မှာ ၁၈ နှစ်သား လူငယ် ကစားသမား တစ်ယောက်နဲ့ ကြုံရပုံ။ ကျနော် သူ့နာမည်ကို မပြောပြပါဘူး။… Continue Reading →

သီယာဂိုက တိုက်စစ်အတွက် အကျိုးမဖြစ်ဘူးလို့ ဝေဖန်သူတွေကို တုန့်ပြန်သွားတဲ့ ဂျွန်အဲဒရစ်

လီဗာပူးတိုက်စစ်က ဂိုးပေါက် ပျောက်နေတာကြောင့် ကွင်းလယ်လူ သီယာဂိုက အသင်းရဲ့ ကစားဟန်နဲ့ အံမဝင်ဘူးလို့ ဝေဖန်နေကြတာက သိပ်ကို စောလွန်းပြီး လွန်ကျူးတဲ့ ဝေဖန်မှုပါလို့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန်အဲဒရစ်က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ဟားမန်း အပါအဝင် သုံးသပ်သူတွေက သီယာဂိုက ပိုင်ဆိုင်မှုပိုင်း ကစားရတာကို ပိုကြိုက်ပြီး ယာဂင်ကလော့ပ်ရဲ့ ကောင်တာ ကစားဟန်မှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဝေဖန်တာပါ။ အဲဒရစ်ကတော့ သီယာဂို ကစားတာကို ဆက်ပြီး စောင့်ကြည့်လိုက်ပါဦးလို့ ကာကွယ်ပြောဆိုခဲ့တယ်။ အဲဒရစ်က “ ယူနိုက်တက်ကို… Continue Reading →

ခေါင်းမာနေတာ မဟုတ်ဘဲ အသင်းအတွက်မို့ ကြံ့ကြံ့ခံ ရင်ဆိုင်နေတာပါလို့ ကလော့ပ် ဖြေရှင်း

လီဗာပူးအသင်း ရလဒ်မကောင်းမှုတွေကို ရင်ဆိုင်နေရပြီး ခံစစ်နဲ့ တိုက်စစ်မှာ အပြောင်းအလဲတွေ မလုပ်သေးတာအတွက် ဝေဖန်မှုတွေကို ဆက်တိုက် ရင်ဆိုင်နေရတယ်။ ကလော့ပ်ကတော့ တိုက်စစ်အတွက် အကောင်းမြင်နေဆဲဖြစ်သလို ဝေဖန်မှုတွေ ရနေတာနဲ့ ခံစစ်ကို ပြောင်းလဲဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ခံစစ်အတွက် လူသစ်မခေါ်တာ လူငယ် ခံစစ်မှူးတွေအစား ဟန်ဒါဆန်၊ ဖာဘင်ညို ကွင်းလယ်အတွဲကို ခံစစ်မှာ ထည့်သုံးနေတာအတွက် ဝေဖန်မှုတွေ ရနေခြင်းဖြစ်တယ်။ ဟန်ဒို၊ ဖာဘင်ညို ခံစစ်အတွဲနဲ့ ပက်သက်ပြီး ကလော့ပ်က ” အကယ်လို့ ကစားသမားတစ်ယောက်ကို ခံစစ်ထက် ကွင်းလယ်မှာပဲ… Continue Reading →

အနိုင်သုံးမှတ် သေချာပေါက်ရဖို့ လိုအပ်တဲ့ ဘန်လေပွဲအတွက် လူစာရင်းနဲ့ ကစားကွက်ခန့်မှန်း

လီဗာပူးဟာ ကြားရက်ပွဲအဖြစ် ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ထိပ်ဆုံးအသင်းတွေနဲ့ ရမှတ် မကွာဖို့ ဒီပွဲကို အနိုင်ယူဖို့ လိုပါမယ်။ နည်းစနစ်ပိုင်းအတွက် အားရစရာ သတင်းက ဗဟိုခံစစ်မှူး မာတစ် ဒဏ်ရာက ပြန်သက်သာလာပြီး ပြန်ကစားနိုင်ပါပြီ။ မာတစ် ပြန်လာနိုင်ခြင်းက ကလော့ပ်အတွက် ခံစစ်ပိုင်း ရွေးချယ်မှု ရဖို့တင် မဟုတ်ဘဲ ဟန်ဒါဆန်ကို မူလနေရာ ပြန်ပို့နိုင်တာကြောင့် နည်းစနစ်ပိုင်း နေရာအချို့မှာ အကောင်းမြင်စရာတွေ များလာနိုင်ပါတယ်။ မာတစ်ကို သေချာပေါက် ထည့်သုံးမယ်လို့ ယုံကြည်ရကာ ဘန်လေပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့… Continue Reading →

ကျနော် လွမ်းတာထက် လီဗာပူးက ကျနော့်ကို ပိုလွမ်းနေကြပါတယ် – လိုဗရန်

ပြီးခဲ့တဲ့နွေက လီဗာပူးအသင်းကနေ ထွက်ခွာသွားတဲ့ အသက် ၃၁ နှစ် အရွယ် ဗဟိုခံစစ်မှူး လိုဗရန်က အသင်းသစ် ဇင်းနစ်မှာ အခြေကျနေပြီ ဖြစ်ပြီး ကလပ်အသင်းဟောင်းကို သတိရပေမယ့် လီဗာပူးက သူ့ကို ပိုလွမ်းနေတာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ခရိုအေးရှား လက်ရွေးစင် ခံစစ်မှူး ဟာ လီဗာပူးနဲ့ ၆ နှစ်တာ ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၈၅ ပွဲကစားသွားတဲ့ လိုဗရန်က ပရီးမီးယားလိဂ်၊… Continue Reading →

ဗန်ဒိုက်ရဲ့ ဒဏ်ရာ တိုးတက်မှု အခြေအနေနဲ့ ပက်သက်လို့ သတင်းပြန်ပေးသွားတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ခံစစ်မှူး ဗန်ဒိုက်ရဲ့ အခြေအနေက အတော်လေး အလားအလာ ကောင်းနေပါတယ်လို့ ဝန်ခံပေမယ့် ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာကို ထုတ်ပြောဖို့ ငြင်းဆန်လိုက်ပါတယ်။ ကျောနံပါတ် ၄ ကစားသမားဟာ ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒူဘိုင်းမှာ လေ့ကျင့်နေတာပါ။ လီဗာပူးအသင်းက တစ်ရက်ကို နှစ်ကြိမ် ဗန်ဒိုက်နဲ့ ဆက်သွယ်ပြီး ဒဏ်ရာရဲ့ တိုးတက်မှုကို လေ့လာစမ်းစစ်နေပါတယ်။ ဒီရာသီမှာ ဗန်ဒိုက် ပြန်ကစားနိုင်မလားအပေါ် ကလော့ပ်က “ ဘာဖြစ်လာနိုင်တယ်ဆိုတာ ကျနော် မသိသလို၊ ဘာက မဖြစ်နိုင်ဘူးလဲဆိုတာလည်း မသိပါဘူး။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!