Date

January 22, 2021

အပုပ်ချခံရမှုတွေကနေ ရုန်းထွက်ဖို့ လီဗာပူးအသင်းသားတွေ ကူညီပေးခဲ့မှုကို ဝီလီယမ် ဖွင့်ဟ

ဒီရာသီမှာ လူမှုကွန်ယက်ကနေ များစွာသော အပုပ်ချစကားတွေကို လက်ခံရတဲ့ နီကိုးဟာ ဒီလို အခြေအနေကနေ ရုန်းထွက်ဖို့ အတွေ့အကြုံကောင်းတွေ ရလာခဲ့ပြီလို့ ဝန်ခံပါတယ်။ နီကိုးဟာ သူ့အပေါ် ဆိုးဆိုးရွားရွား ဝေဖန်တဲ့ မှတ်ချက်စကားတွေကြောင့် တွစ်တာအကောင့်ကိုတောင် ပိတ်သိမ်းခဲ့သေးသူပါ။ လီဗာပူးစီနီယာတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဟန်ဒိုတို့ရဲ့ အားပေးစကားနဲ့ လမ်းညွှန်ပေးမှုတွေက သူ့ကို ပိုရင့်ကျက်သူဖြစ်လာဖို့ အကူအညီ ဖြစ်စေခဲ့တယ်။ နီကိုးကပဲ “ ၁၉ နှစ်သား ကောင်လေးတစ်ယောက်က ဒီလို မတ်ဆေ့တွေ ပို့ခံသင့်တယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်မှာ အတွေ့အကြုံ… Continue Reading →

စည်းလုံးခြင်းက အင်အားဖြစ်လာလိမ့်မယ် အားလုံး စုစည်းကြရအောင်ပါလို့ တိုက်တွန်းတဲ့ မီလ်နာ

လီဗာပူးအသင်းရဲ့ ဝါရင့် ကစားသမားကြီး မီလ်နာက ဘန်လေကို ၁-၀ ဖြင့် အရေးနိမ့်အပြီးမှာ အသင်းသားတွေနဲ့ အသင်းပရိသတ်တွေကို စုစုစည်းစည်း ပြန်ကြိုးစားကြဖို့ ရည်ရွယ်တဲ့ တိုက်တွန်းမှုကို ပြုလုပ်သွားပါတယ်။ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေ ဆက်တိုက် ရနေမှုနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးနဲ့ ၆ မှတ်ထိ ပြတ်သွားခဲ့ပါပြီ။ အသင်းရဲ့ အန်ဖီးကွင်းမှာ ၆၈ ပွဲဆက် ရံှူးပွဲမရှိ စံချိန်ကလည်း မထင်မှတ်ထားတဲ့ ပုံစံဖြင့် ချိုးဖျက်ခံလိုက်ရကာ လီဗာပူးအသိုင်းအဝိုင်းက အတော်လေး တုန်လှုပ်နေခဲ့တာဖြစ်တယ်။ အသက်… Continue Reading →

အရှိုက်ထိုးခံထားရတဲ့ လီဗာပူးကို စောင်ကြိုနေခဲ့ပြီဖြစ်တဲ့ အကြီးမားဆုံးသော ခရီးကြမ်း

အန်ဖီးခံတပ်လို့ ပရိသတ်တွေ ဂုဏ်ယူခဲ့ရတဲ့ အိမ်ကွင်း ရလဒ်ကောင်းဟာ ၆၉ ပွဲမြောက်မှာ ရပ်တန့်သွားခြင်းနဲ့အတူ ၄ နှစ်ကြာ ထိန်းသိမ်းလာတဲ့ ယုံကြည်မှုတွေက အဝေးကို လွင့်ပျယ်သွားခဲ့ပြီဖြစ်ပါတယ်။ ဘန်လေကို မိနစ် ၈၀ ကျော်မှ ပင်နယ်တီ ပေးခဲ့ရကာ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့တာက ” မျက်နှာကို လက်သီးနဲ့ အထိုးခံလိုက်ရသလိုပါပဲ ” လို့ ကလော့ပ်က နာနာကျင်ကျင် တုန့်ပြန်ခဲ့တယ်။ လီဗာပူးအသင်းက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကနေ လွင့်ထွက်သွားပြီလို့ ပြောဖို့ကတော့ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့်လို့ ချက်ကောက်ကို… Continue Reading →

အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်က သူ့လက်ထဲမှာ မဟုတ်ဘူးလို့ ကလော့ပ် ထုတ်ပြော

ဇန်နဝါရီဈေးကွက်မှာ ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ အားလုံးက မြင်လိုကြပေမယ့် အသင်းဘက်က ခေါ်ယူဖို့ အစီအစဉ် မရှိဘဲ ဘန်လေကို အရေးနိမ့်အပြီးမှာ ဈေးကွက်ထဲဝင်ရေး ဆုံးဖြတ်ချက်က သူလုပ်ပိုင်ခွင့် မရှိဘူးလို့ ကလော့ပ်က အရိပ်အမြွက် ဖွင့်ပြောလာပါတယ်။ ဈေးကွက်ကိစ္စနဲ့ ပက်သက်ပြီး ကလော့ပ်က ” ဒီဆုံးဖြတ်ချက်တွေက ကျနော် လုပ်ရတာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ခေါ်မလားဆိုတာ ကျနော် ဆုံးဖြတ်ပေးလို့ မရပါဘူး။ အဲ့တာကလည်း ကျနော် စဉ်းစားလို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီအသင်းက ပိုကောင်းကောင်း ကစားနိုင်ပါတယ်။ ဘောလုံးကောင်းကောင်း… Continue Reading →

လီဗာပူး ဖြစ်သွားတာက ယုံတောင် မယုံနိုင်အောင်ပဲ လို့ စိတ်ပျက်စွာ ဆိုခဲ့တဲ့ ကာရေဂါ

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ညက အိမ်ကွင်း အန်းဖီးလ်မှာ ဘန်လေကို အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားတဲ့နောက် မယုံနိုင်အောင် ဖြစ်နေပြီး အသင်းက ကစားသမား ၅ ဦးကို စိုးရိမ်နေမိပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကာရေဂါ ရည်ညွှန်းခဲ့တာက ဆာလက်၊ ဖာမီနို၊ မာနေး၊ ရော်ဘတ်ဆန်နဲ့ ထရန့်တို့ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ဘန်လေကို ရှုံးပြီးနောက် သူတို့ရဲ့ အိမ်ကွင်း ရှုံးပွဲ မရှိမှတ်တမ်းကို ၆၈ ပွဲမှာ အဆုံးသတ်ခဲ့ရပြီလည်းြ… Continue Reading →

ဘန်လေကို အရေးနိမ့်ရာမှာ လီဗာပူး လိုအပ်ချက် ဘယ်လောက်များခဲ့လဲဆိုတာအတွက် မှတ်တမ်းများ

လီဗာပူးအသင်းဟာ ၂၀၁၇ ခုနှစ် ဧပရယ်လတုန်းက ပဲလေစ့်ကို ၁-၂ ဖြင့် အရေးနိမ့်ပြီး ပထမဆုံးအကြိမ်အဖြစ် ဘန်လေကို ဝ-၁ ဖြင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းရဲ့ အိမ်ကွင်း ၈၆ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်နောက် ဒုတိယနေရာမှာ အိမ်ကွင်း ၆၈ ပွဲ ရံှူးပွဲမရှိ စံချိန်နဲ့ပဲ ရပ်တန့်ခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်မရတာကြောင့် ၂၀၀၀ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ် ၄ ပွဲဆက် ဂိုးမရမှု… Continue Reading →

မျက်ခွက်ကို လက်သီးနဲ့ ပစ်ထိုးခံရသလို ခံစားနေရတယ်လို့ ရင်ဖွင့်တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က အန်ဖီးမှာ ဘန်လေကို အရေးနိမ့်တာအတွက် အတော်လေး နာကျင်နေရကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးမှာ ၆၈ ပွဲမြောက် ရံှူးပွဲမရှိ စံချိန်က ၆၉ ပွဲမြောက် အရောက်မှာ ကျိုးပျက်ခဲ့ရပါပြီ။ စီနီယာကစားသမား အများအပြား ပုံမှန်ခြေစွမ်းအောက် ရောက်ခြင်းက ကလပ်ကို ထိခိုက်မှုတွေ ပေးလာခဲ့ပြီး ဒီအခြေအနေမှာ ဆုဖလားအကြောင်းလည်း မစဉ်းစားနိုင်တော့ဘူးလို့ ကလော့ပ်က ဆိုသွားခဲ့ပါတယ်။ ကလော့ပ်က ” မျက်နှာကို လက်သီးနဲ့ ပစ်ထိုးခံလိုက်ရသလို ခံစားနေရတယ်ဗျာ။ အားလုံးအတွက် တာဝန်ရှိသူက ကျနော်ပါ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!