Date

March 1, 2021

ရီးရဲလ် ခံစစ်မှူး ဗာရိန်းကို ခေါ်ယူမယ့် အသင်းတွေထဲ လီဗာပူး ပါဝင်ကြောင်း သတင်းထွက်လာ

ပြင်သစ်သား ခံစစ်မှူး ဗာရိန်းက ရီးရဲလ်မက်ဒရစ်မှာ ဆက်မနေဘဲ ထွက်ခွာလိုစိတ် ပိုမို ထက်သန်မယ်ဆိုရင် လာလီဂါကလပ်ကလည်း သူ့ကို ရောင်းထုတ်သွားလိမ့်မယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ စပိန်သတင်းကို ကိုးကားပြီး အင်္ဂလန်သတင်းတွေက ဖော်ပြရာမှာတော့ လာမယ့်ရာသီ ရာသီကုန်မှာ စာချုပ်ကုန်တော့မယ့် ဗာရိန်းကို သက်တမ်းတိုးဖို့ ကိစ္စအတွက် ရီးရဲလ်မက်ဒရစ်ဘက်က စိုးရိမ်နေတယ်။ သူတို့ဘက်ကတော့ စာချုပ်သစ်အတွက် ယုံကြည်မှု မရှိတော့ရင် ဒီနွေမှာပဲ ဗာရိန်းကို ရောင်းထုတ်ဖို့ စီစဉ်စားထားပါတယ်။ ကစားသမားအတွက် တန်ကြေးက ပေါင် သန်း ၇၀ လောက်ဖြစ်နိုင်ပြီး စာချုပ်သက်တမ်းအရ… Continue Reading →

လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ပျားတုပ်မယ့် လီဗာပူး

ဒီရာသီ လီဗာပူးအသင်းရဲ့ အမှတ်ပေးဇယား အဆင့်ရပ်တည်မှုဟာ နွေဈေးကွက် ပြင်ဆင်မှုတွေအတွက် သက်ရောက်မှု ကြီးမားပါမယ်လို့ The Athletic က ဖော်ပြသွားပါတယ်။ လီဗာပူးအသင်းဟာ နွေမှာ တိုက်စစ်သမား၊ ကွင်းလယ်နဲ့ ခံစစ်သမား တစ်ဦးစီ ခေါ်ယူဖို့ လိုအပ်မှာဖြစ်ကာ ဒါတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ လိုတယ်လို့ ၎င်းသတင်းဌာနက ဆိုတယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အာမခံချက် မရှိသေးပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ရ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ… Continue Reading →

အဓိက ကစားသမား သုံးဦး ချယ်ဆီးနဲ့ပွဲမှာ ပြန်ပါလာနိုင်မှာဖြစ်ကြောင်း ကလော့ပ် ပြော

လီဗာပူးအသင်းက ကာတစ်ဂျုံး၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုး (နောက်ပိုင်း OG သက်မှတ်ခံရ) တို့ဖြင့် ရှက်ဖီးကို အနိုင်ရတဲ့ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က လာမယ့်ပွဲအတွက် အသင်းရဲ့ အခြေအနေကို ထုတ်ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် အယ်လီဆန် မပါနိုင်ဘဲ ဂိုးသမားနေရာကို အတ်ဒရီယန် တာဝန်ယူခဲ့တယ်။ စပိန်ဂိုးသမားက ရာသီ အစောပိုင်းတုန်းက ဝေဖန်မှုတွေ အများကြီး ရခဲ့ပေမယ့်လည်း ဒီပွဲမှာတော့ အကောင်းဆုံး ကြိုးစား ကစားပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကလော့ပ်က ဘရာဇီး ကစားသမားတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ နှစ်ဦး… Continue Reading →

ဖာမင်နို အသည်းအသန် ကြိုးစားခဲ့တဲ့ ဂိုးကို OG သက်မှတ်ခံရခြင်းအတွက် ကလော့ပ်ရဲ့ မှတ်ချက်

လီဗာပူးက ရှက်ဖီးကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ရံှူးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြန်လည် ယှဉ်ပြိုင်လာနိုင်မယ့် အခြေအနေပေါ် ပြန်တက်လာနိုင်ခဲ့ပါပြီ။ နိုင်ပွဲအပြီး ကလော့ပ်က ပြောရာမှာ “ အစီအစဉ်ကတော့ ဆက် ကြိုးစားနေပြီး တူညီတဲ့ကိစ္စတွေ ဆက်လုပ်နိုင်ဖို့ပါ။ ကျနေ်ာတို့ ကစားချင်တဲ့အတိုင်း ကစားနိုင်ပြီဆိုရင် ပြိုင်ဘက်က ကျနေ်ာတို့ကို ကိုင်တွယ်နိုင်ခြင်း မရှိပါဘူး။ ရှက်ဖီးက နေရာအများအပြားမှာ ကျနေ်ာတို့ကို အရေးမသာခဲ့ဘူး။ ပွဲက အဆုံးထိ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တယ်ဆိုတာတော့ ရှင်းပါတယ်။ ပထမပိုင်းမှာတင် ကျနေ်ာတို့က သွင်းဂိုး… Continue Reading →

ဂိုးလွန်ဘော မဖြစ်ခဲ့တဲ့ အဖွင့်ဂိုး ဖန်တီးမှုအတွက် သူကိုယ်တိုင်လည်း မသိခဲ့ကြောင်း ထရန့် ဝန်ခံ

လီဗာပူးက ရှက်ဖီးကို အဝေးကွင်းမှာ ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ ဂျုံးနဲ့ ဖာမင်နိုတို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဖာမင်နိုရဲ့ သွင်းဂိုးက အတော်လေး ကောင်းမွန်ခဲ့ပြီး အဆုံးမှာတော့ ကိုယ်ဂိုးကိုယ် သွင်းယူမှုအဖြစ် သက်မှတ်လိုက်ခြင်းကြောင့် ဖာမင်နိုရဲ့ သွင်းဂိုး မဖြစ်ခဲ့ဘူး။ ကားတစ်ဂျုံးရဲ့ သွင်းဂိုး မတိုင်ခင် ကောင်းမွန်တဲ့ ဖန်တီးမှုကတော့ ထရန့်ရဲ့ အဆုံးထိတိုင် ကြိုးစားပေးမှုကြောင့် ရလာတဲ့ အကျိုးအမြတ်ပဲ ဖြစ်ပါတယ်။ ထရန့်က ” ကျနေ်ာတို့ အလိုရှိတဲ့ ရလဒ်ကို ရခဲ့တာဖြစ်ပါတယ်။ ဒီလို ရလဒ်ကို… Continue Reading →

ဗာနာကို အနားပေးထားတာ လီဗာပူးပွဲအတွက်လို့ ပြောသွားတဲ့ ချယ်ဆီးမန်နေဂျာ တူချယ်

ချယ်ဆီးမန်နေဂျာ တူချယ်က သူ့အသင်းရဲ့ အဓိက တိုက်စစ်သမားဖြစ်သူ ဗာနာကို ယူနိုက်တက်နဲ့ပွဲမှာ ချန်လှပ်ခဲ့တာက လာမယ့် လီဗာပူးကို ရင်ဆိုင်ရတဲ့ပွဲအတွက်ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဗာနာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၂၆ ပွဲမှာ ၂၄ ပွဲထိ ပါဝင်ကစားထားသူပါ။ ဒါပေမယ့်လို့ အမှတ်ပေးဇယား ဒုတိယနေရာက ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာတော့ လူစားဝင် ကစားသမားအဖြစ်ပဲ ကစားခွင့်ရခဲ့တာဖြစ်တယ်။ မန်နေဂျာတူချယ်က ချန်ပီယံလိဂ်ပွဲအပြီးမှာ တိုက်စစ်သမားကို အနားပေးဖို့ လိုမယ်လို့ ယုံကြည်ခဲ့တယ်။ လာမယ့် မတ်လ ၅ ရက်နေ့ မနက် ၂း၄၅… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!