Date

March 2, 2021

လီဗာပူးက ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူလို့ ရနိုင်ကြောင်း စကိုင်းစပေါ့ သတင်းထောက်ပြော

စကိုင်းစပေါ့ သတင်းထောက်ဖြစ်သူ Dharmesh Sheth က ဒေါ့မွန်အသင်း တိုက်စစ်သမား ဟာလန်းကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ မန်ချက်စတာကလပ်တွေနဲ့ ချယ်ဆီး၊ လီဗာပူးတို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ကလပ်တိုင်းက နံပါတ် ၉ တိုက်စစ်သမား နေရာအတွက် အားဖြည့်မှုတွေလုပ်ဖို့ လိုအပ်နေတာပါ။ Sheth ကတော့ လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေသလို ပြောင်းရွှေ့ကြေး ပေါင် ၆၆ သန်းပေးရမယ့် ဟာလန်းက လူကြိုက်များ ကစားသမားဖြစ်လာမယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တိုင်းမှာ… Continue Reading →

လီဗာပူးနဲ့ လိုက်ဇစ်တို့ရဲ့ ချန်ပီယံလိဂ် ဒု-ကျော့ပွဲကို ပ-ကျော့တုန်းက ကွင်းမှာပဲ ယှဉ်ပြိုင်ကြဖွယ်ရှိ

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်ရဲ့ ဒုတိယအကျော့ပွဲကို ပထမအကျော့ ကစားခဲ့ရာ ကွင်းမှာပဲ ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ နှစ်သင်းဟာ ပထမအကျော့အဖြစ် ဟန်ဂေရီမြို့တော် ဘာဒါပက်စ်မှ ပူးစကက်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ဂျာမနီအစိုးရရဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းတွေကြောင့် လိုက်ဇစ်ဟာ ၎င်းတို့ အိမ်ကွင်းမှာ ဧည့်ခံနိုင်ခြင်း မရှိဘဲ ကြားကွင်းမှာ ဧည့်ခံခဲ့ခြင်း ဖြစ်တယ်။ အဆိုပါ ပွဲမှာတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် အန်ဖီးမှာ ဧည့်ခံရမယ့် ပွဲကလည်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်… Continue Reading →

လီဗာပူး V ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

နာမည်ကျော် ဘောလုံးခန့်မှန်းသူ လော်ရိုးက ဒီကြားရက် ပွဲကောင်းဖြစ်တဲ့ လီဗာပူး Vs ချယ်ဆီးပွဲအတွက် သုံးသပ်ခန့်မှန်းမှု ပြုလုပ်သွားပါတယ်။ မနက်က အဲဗာတန်က ဆောက်သမ်တန်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးနဲ့ ရမှတ်တူ တစ်ပွေဲလျော့ဖြင့် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်လာပါတယ်။ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့တဲ့ ချယ်ဆီးက လီဗာပူးရဲ့ အထက် အဆင့် ၅ နေရာမှာ ရှိနေတာဖြစ်လို့ ဒီပွဲ ရလဒ်ကောင်းဖို့ဟာ အထက်ကအသင်းကို ကျော်တက်ဖို့ကော အောက်က အသင်းတွေရဲ့ ဖိအားပေးမှုကို လျော့ချဖို့ပါ လီဗာပူးအတွက်… Continue Reading →

ဂျူံးကို နေရာပေးတဲ့ ကလော့ပ်ရဲ့ နည်းစနစ်သစ်က နိုင်ပွဲတွေ ပြန်ရလာဖို့ အကူအညီ ဖြစ်လာခဲ့ပြီလား

ဒီလတွေအတွင်း လီဗာပူးရဲ့ နည်းစနစ်ဟာ အသွင်ပြောင်းမှုတွေ စတင်လာခဲ့ရာမှာ နောက်ဆုံး ပွဲစဉ် အနည်းငယ်မှာတော့ သိသာတဲ့ ထင်ရှားမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ခံစစ်ကလွဲရင် ကွင်းလယ်နဲ့ တိုက်စစ်ကို တူညီတဲ့ လူစာရင်းတွေ ဆက်တိုက် ထုတ်လာခဲ့တဲ့ မန်နေဂျာကလော့ပ်က ရှက်ဖီးပွဲမှာတော့ ၄-၃-၃ အခင်းအကျင်းကို ထင်ထင်ရှားရှား ထုတ်သုံးခဲ့ပြီး ဖာမင်နိုဟာ အတွင်းကို မဆင်းခင်ချိန်တွေထိ တိုက်စစ် ဦးဆောင်သူ ဖြစ်ပါတယ်။ ကွင်းလယ်ကို ဖာမင်နို ဆင်းကစားချိန်တိုင်းမှာ ဆာလာနဲ့ မာနေးတို့က တောင်ပံတွေကနေ ဖိအားပေး ကစားဖို့ ပြင်ဆင်လေ့ရှိပြီး ကောင်တာအတွက်… Continue Reading →

လီဗာပူး V ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် လီဗာပူးဟာ ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ မတ်လရဲ့ ပထမ သုံးပတ်ကာလလောက်မှာ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ပြီးရင်တော့ နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာမှာဖြစ်တယ်။ ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကစားရဖို့ ရှိနေမှာပါ။ ဧပရယ်လအတွင်း ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပေမယ့် ဒီပွဲဟာ လီဗာပူးအသင်း အနိုင်ရဖို့ လိုအပ်သလို လွယ်ကူမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ကြီး ၆ ကြီး စာရင်းဝင် နှစ်သင်း ထိပ်တိုက်တွေ့မှုနဲ့ ပက်သက်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!