Date

March 3, 2021

ဖာဘင်ညိုကို ဗဟိုခံစစ်မှာ သုံးမလား၊ ကွင်းလယ်ခံစစ်မှာ သုံးမလားအား ကလော့ပ် အဖြေပြန်

မန်နေဂျာကလော့ပ်က ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညိုကို ကွင်းလယ်ခံစစ်မှာ နေရာပြန်ပေးတာလည်း ဖြစ်သွားနိုင်တယ်လို့ ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။ ခံစစ်မှာ ခါဘတ်ကို ခေါ်ယူထားခဲ့ပြီဖြစ်ကာ လက်တလောမှာတော့ ဖီးလစ်နဲ့ တွဲပေးနေတာဖြစ်တယ်။ ဖာဘင်ညိုက ခံစစ်နေရာအတွက် ရွေးချယ်စရာ ဖြစ်ပေမယ့်လည်း ဗဟိုခံစစ်မှူး စစ်စစ် နှစ်ဦးကိုပဲ ဆက်လက် တာဝန်ပေးတာကလည်း ကလော့ပ်အတွက် ရွေးချယ်စရာ ဖြစ်လာပါတယ်။ အနီရောင် ကျောနံပါတ် ၃ ကို သူ့ရဲ့ ပင်ကိုယ်နေရာမှာ ပြန်ကစားခိုင်းနိုင်ကြောင်း သတင်းတွေကို ကလော့ပ်က ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။ ကလော့ပ်က “… Continue Reading →

လီဗာပူးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့က အမ်ဘတ်ပီ (သို့) ဟာလန်း လိုအပ်ကြောင်း ထောက်ပြ

လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန်ဘမ်းစ်က ကလပ်ရဲ့ ရေရှည် ပြဿနာအတွက် အဖြေဖြစ်လာနိုင်သူတွေက အမ်ဘတ်ပီနဲ့ ဟာလန်းတို့လို တိုက်စစ်သမားတွေပါလို့ ထုတ်ပြောလာပါတယ်။ ပြင်သစ်သား တိုက်စစ်သမားနဲ့ နော်ဝေသား တိုက်စစ်သမားတို့ဟာ အထောင်တိုက်စစ်နေရာတွေကို အားသန်ကြသူတွေ ဖြစ်ပါတယ်။ အမ်ဘတ်ပီက သူ့ရဲ့ အရည်အချင်းကို ကလပ်အဆင့်မှာတင် မကဘဲ နိုင်ငံ အဆင့်မှာလည်း ပြသထားသူပါ။ သူ့ရဲ့ တန်ကြေးက ပေါင် ၁၇၅ သန်း ဝန်းကျင်မှာ ရှိနိုင်ပါတယ်။ ဟာလန်းကတော့ အမ်ဘတ်ပီနဲ့အပြိုင် နာမည် ထွက်လာနေတဲ့ လူငယ် တိုက်စစ်သမားဖြစ်ကာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှာ… Continue Reading →

ဒီရာသီ အမှတ်ပေးဇယား အဆင့် (၃) ဖြင့် လီဗာပူးအသင်း ရာသီသိမ်းလိမ့်မယ်လို့ Opta ဖော်ပြ

လီဗာပူးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဲဗာတန်က ပွဲကျန်တစ်ပွဲကို သရေ (သို့) အနိုင်ရမယ်ဆိုရင် အဆင့် ၇ နေရာထိ ဆင်းပေးရနိုင်ချေ ရှိနေပါတယ်။ ဒါပေမယ့်လို့ ရှက်ဖီးကို ၂-၀ ဖြင့် အနိုင်ရလိုက်တာကြောင့် လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းက ပြန်တက်လာဖို့ ရှိနေပြီး မေလ အကုန်မှာ အမှတ်ပေးဇယား အဆင့် (၄) အတွင်း ဝင်ရောက်ဖို့ ပြန်လည် လုပ်ဆောင်နိုင်မယ် မျှော်လင့်ခံနေရတယ်။ ယူနိုက်တက်၊ လက်စတာ၊ ဝက်ဟမ်း၊ ချယ်ဆီး၊… Continue Reading →

ချယ်ဆီးပွဲကြို ဒီကနေ့ လီဗာပူး လေ့ကျင့်ရေးကွင်းထံက သတင်းကောင်း

ချယ်ဆီးပွဲကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ် ဒီကနေ့ အက်ဆာမှာ ပြုလုပ်တဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ကစားသမား ၆ ဦး အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ကြတယ်လို့ လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုရေးရာ ပြဿနာတွေနဲ့ မိသားစုရေးရာ ကိစ္စတွေကြောင့် ရှက်ဖီးနဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ ဂျိုတာ၊ ဖာဘင်ညို၊ ဘမ်ဒေးဗစ်၊ အယ်လီဆန်တို့ဟာ မီလ်နာ၊ ကိတ်တာတို့နဲ့အတူ အသင်းရဲ့ လေ့ကျင့်ရေးကို ပူးပေါင်း ပါဝင်ခဲ့ကြတာဖြစ်တယ်။ ခံစစ်မှူးသစ် ဘမ်ဒေးဗစ်ဟာ အသင်းကို ရောက်လာပြီး မကြာခင်မှာပဲ ကြံ့ခိုင်မှုပိုင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!