Date

April 4, 2021

အာဆင်နယ် နိုင်ပွဲမှာ လီဗာပူးပရိသတ်တွေရဲ့ အလိုမကျခြင်းကို ပိုင်ဆိုင်သွားခဲ့တဲ့ အသင်းသား

လီဗာပူးက အာဆင်နယ်ကို အနိုင်ရအပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့မှုနဲ့အတူ ဂျိုတာ၊ ဖာဘင်ညိုတို့အပေါ် ချီးကျူးမှုတွေကလည်း မြင့်တက်လာနေပါတယ်။ ဒါကြောင့်လည်း လာမယ့် ရီးရဲလ်နဲ့ပွဲမှာ သွင်းဂိုးတွေအတွက် ရုန်းကန်နေရတဲ့ ဖာမင်နိုနေရာ ဂျိုတာ ဝင်လာမယ်လို့ ခန့်မှန်းချက်တွေ ရှိနေတယ်။ ဒါပေမယ့်လို့ လူမှုကွန်ယက်ပေါ်က အသံတွေအရ ပုံစံကောင်းတွေ ပြန်ရပါ့မလား လီဗာပူပရိသတ်တွေ စိုးရိမ်နေရတဲ့ တိုက်စစ်သမားက ဖာမင်နို မဟုတ်ခဲ့ပါဘူး။ ဘယ်တောင်ပံတိုက်စစ်သမား မာနေးဟာ အာဆင်နယ်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၁၇ ကြိမ် ရှိခဲ့ပြီး အခွင့်အရေးကြီး ၂… Continue Reading →

လီဗာပူးမှာ ဆက်ရှိနိုင်မလားအတွက် နောက်ဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရတော့မယ့် ချိန်ဘာလိန်

ဒီနှစ် ဘောလုံးရာသီဟာ လီဗာပူးအသင်းရဲ့ အင်္ဂလန်သား ကစားသမားတွေအတွက် နှစ်ကောင်းတစ်နှစ်တော့ မဟုတ်ခဲ့ပါဘူး။ အကောင်းဆုံး လူငယ်ဖြစ်တဲ့ ထရန့်က ရာသီစမှာတင် ကိုဗစ် ကူးစက်ခံခဲ့ရသလို ချိန်ဘာလိန်ကလည်း ဒူးဒဏ်ရာ ပြန်ရခဲ့တယ်။ ဘောလုံးရာသီ စတင်လာခဲ့အပြီးမှာ ထရန့်က ပုံမှန်ခြေစွမ်းအောက် ကျဆင်းခဲ့ပြီး ဂိုးမက်စ် ကာလရှည် ဒဏ်ရာရခဲ့သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ခံစစ်မှူးအဖြစ် အသုံးတော်ခံရင်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒါပေမယ့်လို့ အားလုံးထဲမှာ နောက်ဆုံး အခွင့်အရေးကို သက်သေပြရတော့မှာက ကွင်းလယ်တိုက်စစ်သမားဖြစ်တဲ့ ချိန်ဘာလိန်ပဲဖြစ်တယ်။ တယ်လီဂရပ်မှ လီဗာပူးသတင်းထောက် Chris… Continue Reading →

ရီးရဲလ်မက်ဒရစ်ဖြင့် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ယာဂင် ထုတ်သုံးနိုင်တဲ့ တိုက်စစ်တွဲလုံး

နိုင်ငံတကာသီတင်းပတ်ကနေ ပြန်လာတဲ့ ကစားသမားတွေကို ပွဲထွက်စာရင်းအတွက် အကောင်းဆုံး စီမံပေးနိုင်မှုနှင့်အတူ လီဗာပူးက အာဆင်နယ်ကို ၃-၀ ဖြင့် အနိုင်ယူခဲ့ပြီဖြစ်တယ်။ ဒီကြားရက်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲအဖြစ် လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒီပွဲမှာတော့ မန်နေဂျာကလော့ပ်က ပုံစံကောင်းရနေတဲ့ ကစားသမားတွေကိုပဲ အဓိက ထုတ်သုံးဖွယ်ရှိကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့ဇ်က ဆိုပါတယ်။ ပီယာဇ့်က ” ဂျိုတာ (သို့) ဖာမင်နို တစ်ဦးကိုပဲ ထုတ်သုံးပါလိမ့်မယ်။ နှစ်ဦးလုံး ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရမယ်ဆိုရင်တော့ ကျနော်… Continue Reading →

ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်က လီဗာပူးနဲ့ ထရန့်အတွက် ပိုကောင်းတဲ့ အကျိုးအမြတ် ဖြစ်လာတယ်

ကမ္ဘာဖလားခြေစစ်ပွဲတွေမှာ အင်္ဂလန်မန်နေဂျာက သူ့ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ထရန့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေမယ်လို့ ဂျင်မီရပ်နက်က မှတ်ချက်ပေးပါတယ်။ ဒီရာသီမှာတော့ လူငယ်ကစားသမားလေး ထရန့်ဟာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတာပါ။ ရာသီကြိုမှာ ကိုဗစ်ကူးစက်ခံရမှုကြောင့် အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ မပါဝင်နိုင်ခဲ့တဲ့ ထရန့်ဟာ ဒဏ်ရာပြဿနာလည်း ရှိခဲ့သေးတာပါ။ ကစားသမားဘဝ အနိမ့်ပါးဆုံး အခြေအနေကို ရင်ဆိုင်အပြီးမှာတော့ ထရန့်က သင်ယူမှုတွေ လုပ်နိုင်ခဲ့ပြီလို့ ရပ်နက်က ယုံကြည်နေတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရပ်နက်က ” ဒီကိစ္စတွေအပြီးမှာ ထရန့်က ပိုကောင်းတဲ့ ကစားသမား… Continue Reading →

အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီးနောက် လီဗာပူး နောက်ထပ် ပေါက်ကွဲပြမှာ ရီးရဲလ်ကိုလား

အမ်းမရိတ်မှာ အာဆင်နယ်ကို ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုး၊ ဆာလာရဲ့ သွင်းဂိုး ၁ ဂိုးတို့ဖြင့် ၃ ဂိုးပြတ် အနိုင်ယူပြီးတဲ့နောက် လီဗာပူးအသင်းဟာ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာကို တက်ရောက်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် ကျဆင်းမှုတွေဖြင့် ဇယားအလယ်ထိ ထိုးကျခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အညံ့ဆုံးသော ချန်ပီယံကာကွယ်သူအဖြစ်ပါ နာမည်ဆိုးရထားတာပါ။ ဒါပေမယ့်လို့ မတ်လအတွင်းက ပွဲတွေကနေ စတင်ကာ နိုင်ပွဲအတွက် ရှိသင့်တဲ့… Continue Reading →

ဂိုးမသွင်းစေချင်ရင် အရန်ခုံမှာ ခေါက်ထားမှပဲ ရတော့မယ့် ဂျိုတာရဲ့ ပွဲပြီး ပြောစကား

တိုက်စစ်မှူး ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက ပုံစံကောင်းတွေ ချက်ခြင်းပြသနေပြီး လီဗာပူးရဲ့ နိုင်ပွဲတွေအတွက် အရေးပါသူတစ်ဦး အဖြစ် ပြန်လည် လုပ်ပြနေတယ်။ သူဟာ ကလပ်အတွက်တင် မကဘဲ လက်ရွေးစင်အတွက် သွားရောက်ကစားရာမှာလည်း ပွဲတိုင်း ဂိုးသွင်းနိုင်သူဖြစ်တယ်။ လီဗာပူးပရိသတ်တွေကတော့ ဂျိုတာရဲ့ သွင်းဂိုးကို မမြင်ရဖို့ဆိုရင် အရန်ခုံမှာ သူ့ကို ခေါက်ထားမှပဲ ရမှာဖြစ်ပြီး အဲ့လိုလုပ်ဖို့အတွက် ဘယ်သူမှ ကလော့ပ်ကို ထောက်ခံပေးမှာ မဟုတ်ဘူးလို့ အရွန်းဖောက်နေကြတာဖြစ်တယ်။ မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ ဂျိုတာဟာ ပေါ်တူဂီအသင်းအတွက် ၂ ပွဲကစားပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!