Date

April 6, 2021

နောက်ထပ် လီဗာပူးကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပြန်တဲ့ ဆောက်သမ်တန်

တစ်ချိန်က လီဗာပူးအကယ်ဒမီအသင်းရယ်လို့ လှောင်ပြောင်ခံရတဲ့ ဆောက်သမ်တန်က ဒီဘက်နှစ်တွေမှာ လီဗာပူး ကစားသမားတွေကို ဆက်တိုက် ပြန်လည် ခေါ်ယူလာနေတာပါ။ ဒန်နီအင့်ကို အငှားခေါ်ယူခဲ့ပြီးနောက် အောင်မြင်တဲ့ အပြီးသတ် ခေါ်ယူမှုထိပါ တိုးမြင့် လုပ်ဆောင်နိုင်ထားတဲ့ ဆောက်သမ်တန်ဟာ အကယ်ဒမီထွက် ကွင်းလယ်လူဟောင်း လယ်လာနာကိုလည်း ပြန်လည် ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာပါ။ ဒါပေမယ့်လို့ ညိနှိုင်းမှုတွေ အဆင်မပြေခဲ့ဘဲ လယ်လာနာက ဘရိုက်တန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်။ ဇန်နဝါရီတုန်းကမှ လီဗာပူးတိုက်စစ်သမား မီနာမီနိုကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူသွားတဲ့ ဆောက်သမ်တန်ဟာ ဒီနွေမှာတော့ လူငယ် ညာအစွန်လူ… Continue Reading →

ထရန့်က ယူရိုမှာ ဝင်ကစားဖို့ အရည်အချင်း မမှီဘူးပြောတဲ့ နဗီးကို ကာရေဂါ တစ်ခွန်းတည်း တုန့်ပြန်

အင်္ဂလန်အသင်းရဲ့ နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ် နှစ်ခုမှာ ညာအစွန်လူ ထရန့်ဟာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ဒါကြောင့် လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူရွေးခံရမှာ မဟုတ်ဘူးဆိုတဲ့ အသံတွေ ထွက်ပေါ်နေတယ်။ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးနဲ့ လီဗာပူးကစားသမားဟောင်း ကာရေဂါတို့ဟာ စကိုင်းစပေါ့ရဲ့ ဝေဖန်ဆွေးနွေးမှု အစီအစဉ်မှာ ညာအစွန်လူနေရာအတွက် စကားများခဲ့ကြပါတယ်။ နဗီးကတော့ အင်္ဂလန်စာရင်းမှာ ထရန့်ကို မရွေးတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထောက်ခံခဲ့တယ်။ မက်ဆီ၊ ရော်နယ်ဒို၊ အမ်ဘတ်ပီ၊ နေမာ၊ ဂနာဘီတို့လို တိုက်စစ်သမားတွေဖြင့် ရင်ဆိုင်ခဲ့ဖူးသလို… Continue Reading →

တိုက်စစ် လေးဦးတွဲဖြင့် ရင်ဆိုင်သွားဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်ပွဲကြို လီဗာပူး ပွဲထွက် (၁၁) ဦး ခန့်မှန်း

ဒီကနေ့ညမှာတော့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ် ပထမအကျော့ကို စတင်ကစားမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ခံစစ်သမားတွေ ဒဏ်ရာကြောင့် မပါနိုင်တာကလွဲရင် လူပြန်စုံလာခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တောက်လျှောက် ခြေပြန်တက်လာတဲ့ လီဗာပူးဟာ ရလဒ်ကောင်းတွေပြန်ယူလာသလို တစ်ဘက်မှာ ရီးရဲလ်ကလည်း ခြေစွမ်း ပြန်လည်တည်ငြိမ်လာလို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိပါတယ်။ Liverpool’s XI vs. Real Madrid ဒီပွဲမှာ ယာဂင်ကလော့ပ်ဟာ ကစားကွက် နှစ်ခုတည်းက တစ်ခုကိုပဲ ခင်ကျင်းမှာဖြစ်တယ်။ လက်ရှိလူစာရင်းရဲ့… Continue Reading →

ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ဆိုတဲ့ စကားလုံးတွေကို ရှောင်လွဲသွားတဲ့ ယာဂင်ကလော့ပ်

ရီးရဲလ်မက်ဒရစ်ဖြင့် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကို အတိတ်က ဖြစ်ရပ်တွေ ပြန်လည် အောက်မေ့ပြီး လက်စားချေတဲ့ ပွဲစဉ်တစ်ခုအဖြစ် ချဉ်းကပ်မှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်မှာ ဆာလာ ဒဏ်ရာကြောင့် ထွက်ခွာရတာက လီဗာပူးပရိသတ်တွေ နာကျဉ်းစရာ ကိစ္စဖြစ်ခဲ့တာပါ။ လီဗာပူးအသင်းသား အများအပြားက ရာမိုစ့်ကို ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့ကြသလို ဆာလာကိုယ်တိုင်လည်း ဝေဖန်မှု လုပ်ခဲ့တယ်။ ကလော့ပ်ကဆိုရင် သူ့ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲအတွက် ရာမိုစ့်ကို ဖိတ်မလားဆိုရင် မဖိတ်ဘူးဆိုတဲ့ထိပါ တုန့်ပြန်ခဲ့သေးတာပါ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!