Date

April 7, 2021

လီဗာပူးအသင်းကို အနိုင်ယူဖို့ ကြိုတင်စီစဉ်ခဲ့တဲ့ နည်းစနစ်အား တိုနီ ခရုစ့် ဖွင့်ဟ

ဂျာမာန်သား ကွင်းလယ်လူ တိုနီခရုစ့်က လီဗာပူးအသင်းရဲ့ ခံစစ်က ငယ်ရွယ်လွန်းလှတာကြောင့် သူတို့ကို ဖိကစားဖို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂိမ်းပလန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးခံစစ်က အပြောင်းအလဲတွေ များနေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရာမှာ ချန်ပီယံလိဂ် တစ်ပွဲတည်း ကစားဖူးတဲ့ အသက် ၂၄ နှစ်အရွယ် နက်ဖီးလစ်နဲ့ အသက် ၂၀ အရွယ် ခါဘတ်တို့က ခံစစ်နေရာက ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ အတွေ့အကြုံနုတဲ့ ခံစစ်ကို ဖိကစားခြင်းဟာ လီဗာပူးတိုက်စစ်ကိုလည်း ဟန့်တားပြီး ဖြစ်စေခဲ့မယ်လို့ ရီးရဲလ်မက်ဒရစ်ဘက်က တွေးဆမိခဲ့တယ်။… Continue Reading →

အန်ဖီးကွင်းမှာ ပရိသတ်မပါဘဲ Comeback ပွဲ ကစားရမှာက ခြားနားမယ်လို့ ကလော့ပ် ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ နောက်ထပ် comeback ပွဲ တစ်ပွဲ ကစားဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ ပထမအကျော့ကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရရင် နောက်တစ်ဆင့်ကို တက်မှာပါ။ ဒါပေမယ့်လို့ ရီးရဲလ်ဘက်က အဝေးဂိုး ပြန်သွင်းနိုင်ရင် ပွဲအဖြေပေါ်ဖို့က ဂိုးများများ လိုအပ်သွားမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ကြိမ် တုန့်ပြန်မှုကြီး ပြရမယ့် ပွဲဖြစ်လာတဲ့အပေါ် ကလော့ပ်က “ လုံးဝကို ခြားနားမှာပါ။ ခံစားချက်တွေအပြည့်နဲ့ အမှတ်တရတွေကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာနဲ့ပွဲကို… Continue Reading →

ရီးရဲလ်မက်ဒရစ် ခပ်လွယ်လွယ် အနိုင်ရဖို့ ကစားပေးခဲ့တာ လီဗာပူးကိုယ်တိုင်ပါဆိုတဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ခြေစွမ်း လိုအပ်ချက် များခဲ့ကြောင်းကို ထုတ်ဖော် ဝန်ခံခဲ့တယ်။ လီဗာပူးအသင်းသားတွေဟာ ဘောလုံးပေးမှုမှာ ချာလွန်းခဲ့သလို ဘန်ဇီမာ ဦးဆောင်တဲ့ တိုက်စစ်သမားတွေကို ဟန့်တားရာမှာ ခံစစ်က လိုအပ်ချက် များခဲ့တယ်။ ချန်ပီယံလိဂ် အတွေ့အကြုံနည်းတဲ့ နက်ဖီးလစ်နဲ့ ခံစစ်ပိုင်းမှာ အားနည်းချက်ရှိတဲ့ ထရန့်တို့ကို ဦးတည်ပြီး ရီးရဲလ်ဘက်က ထိုးဖောက် ကစားခဲ့ပါတယ်။ ပွဲအပြီးမှာ ကလော့ပ်က ” အကယ်လို့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လိုတယ်ဆိုရင် မှန်ကန်တဲ့ ကိစ္စတွေကို… Continue Reading →

အဝေးဂိုး တစ်ဂိုးကလွဲလို့ အကောင်းမြင်စရာ မရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၄၅ မိနစ်

စပိန်မြေမှာ ကစားတဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲမှာတော့ လီဗာပူးဟာ ဗင်နီးဆီးယက်စ်၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုး သုံးဂိုးကို ဆာလာရဲ့ ခြေပဂိုးတစ်ဂိုးဖြင့်ပဲ ပြန်လည် တုန့်ပြန်ပြခဲ့ပြီး ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ သီယာဂို၊ ဖာမင်နိုတို့ကို ချန်လှပ်ခဲ့ပြီး ဂျိုတာ၊ ကိတ်တာတို့ကို ထည့်သွင်းခဲ့တယ်။ ဂျိုတာထံက တိုက်စစ်ပိုင်း ကူညီမှုတွေ ရခဲ့ပေမယ့် ကိတ်တာရဲ့ ခြေစွမ်းဟာ အကောင်းမြင်စရာ မရှိခဲ့သလို သူပါဝင်တဲ့ ပထမပိုင်း ခြေစွမ်းက တော်တော်လေး အခြေအနေဆိုးခဲ့ပါတယ်။ ပွဲစတည်းက လီဗာပူးအသင်းရဲ့ ကစားကွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!