Date

April 9, 2021

ဘောလုံးပြန်ကစားနိုင်ရင် သူမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကို ဗန်ဒိုက် ဖွင့်ဟ

အောက်တိုဘာလက မာဆေးဆိုဒ် ဒါဘီပွဲနောက်ပိုင်း ဒဏ်ရာကြောင့် မကစားနိုင်သေးတဲ့ ဗန်ဒိုက်က ကွင်းထဲ ခြေပြန်ချနိုင်ရင်ဆိုတဲ့ ကာလအတွက် သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။ ရာသီသစ်မစတင်ခင်မှာ အသက် ၃၀ ပြည့်မှာဖြစ်တဲ့ ဗန်ဒိုက်ဟာ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ ကာလရှည် ဒဏ်ရာ ရလာခဲ့တာပါ။ လာမယ့် နှစ်နှစ်၊ သုံးနှစ်ကာလဟာ သူ့ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်တွေဖြစ်လို့ ကြံ့ခိုင်စွာဖြင့် ကစားနိုင်ပြီး ကွင်းထဲမှာ ပျော်ရွှင်စွာ ဖြတ်သန်းရမှာကို ဗန်ဒိုက်က အလိုရှိနေပါတယ်။ ဗန်ဒိုက်က “ ဒဏ်ရာရနေတဲ့ အခိုက်အတန့်မှာ… Continue Reading →

လီဗာပူး V အက်စတွန်ဗီလာတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ရာသီ အစောပိုင်းက အဝေးကွင်းမှာ ၇-၂ ဖြင့် အရှက်တကွဲ အရေးနိမ့်ထားရတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံပါမယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် အပြိုင်ဖြစ်လာတာနဲ့အတူ အဆင့် ၄ နေရာကို ဝင်ရောက်ဖို့ ဒီပွဲက လီဗာပူးအတွက် အရေးပါလာမှာဖြစ်တယ်။ ဒီပွဲအပြီးမှာတော့ ချန်ပီယံလိဂ် ကွာတားပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ အိုဝင်က ” ပြီးခဲ့တဲ့ အပတ်က အမ်းမရိတ်မှာ အဝေးကွင်းနိုင်ပွဲ ရခဲ့ပြီးတဲ့နောက် လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ သူတို့ရဲ့… Continue Reading →

ဒီရာသီ ထရန့်ရဲ့ စွမ်းဆောင်ရည် အားနည်းချက်တွေ ပေါ်လွင်လာစေတဲ့ အဓိက အကြောင်းရင်း

ထရန့် အလက်ဇန္ဒား-အာနိုးရဲ့ စွမ်းဆောင်ရည် ကျဆင်းမှု ထင်သာမြင်သာဖြစ်လာရခြင်းက အသင်းခေါင်းဆောင် ဟန်ဒါဆန် ကွင်းလယ်မှာ မကစားနိုင်ရခြင်းက အဓိကကျတယ်လို့ မာဆေးဆိုဒ် သတင်းဌာနက သုံးသပ်သွားပါတယ်။ ထရန့်ဟာ တိုက်စစ်ပိုင်းကို အားသန်လွန်းသူဖြစ်ပြီး ခံစစ်ပိုင်း ကာကွယ်ဖို့ အမြဲတမ်း ပျက်ကွက်ခဲ့သူပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေ ယခင်ရာသီတွေက မပေါ်လွင်ခဲ့တာဟာ ညာခြမ်း ကွင်းလယ်လူ ဟန်ဒါဆန်ရဲ့ ခံစစ်ပိုင်း အားဖြည့်ပေးမှုကြောင့်ပဲ ဖြစ်တယ်။ ဟန်ဒါဆန်က ထရန့်ကြောင့် ဟာသွားတဲ့ ညာခြမ်း နေရာလွတ်တွေကို ဖြည့်ကစားပေးတာနဲ့ ဝိုက်နယ်ဒမ်က ဘယ်ခြမ်းမှာ… Continue Reading →

လီဗာပူး V အက်စတွန်ဗီလာတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ရဖို့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။ ပထမအကျော့ တွေ့ဆုံစဉ်က စံချိန်တင် ရံှူးပွဲ ကြုံတွေ့ထားသလို အိမ်ကွင်းရလဒ်လည်း ဆိုးရွားနေတဲ့ လီဗာပူးအတွက် ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ အတော်လေး အရေးပါမှာဖြစ်ပါတယ်။ လော်ရိုးက ” ဒီရာသီ အစောပိုင်းမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ခဲ့တုန်းက ဒီတစ်ကြိမ်ဟာ လီဗာပူးနည်းလမ်းအတိုင်း သွားနိုင်တော့မှာ မဟုတ်ဘူးဆိုတာရဲ့ ပထမဆုံး လက္ခဏာကို မြင်ခဲ့ရပါတယ်။ လီဗာပူးက ပထမ ဦးစားပေး ခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ဖြင့် တွဲပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!