Date

April 12, 2021

လီဗာပူးရဲ့ ချန်ပီယံလိဂ် အနာဂတ်က ကွာတားအဆင့်မှာတင် ပြီးဆုံးပြီလို့ ဖယ်ထုတ်သွားတဲ့ ဂယ်ရီနဗီး

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီးက ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေရဲ့ လားရာကို ဆွေးနွေးမှု ပြုလုပ်ရာမှာ လီဗာပူးအသင်းကိုလည်း မှတ်ချက်ပေးမှု လုပ်သွားပါတယ်။ နဗီးကတော့ လီဗာပူးက ထိပ်ဆုံး လေးသင်းထဲ ဝင်ခွင့်ရရင်တောင် ကျေနပ်နေမယ်လို့ နဗီးက ပြောဆိုခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ကနေ ထွက်ခွာရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တယ်။ လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ထက် ချန်ပီယံလိဂ်ဝင်နိုင်ရေး လက်ကျန် ပွဲအားလုံးကို အနိုင်ရဖို့ ကြိုးစားမှာဖြစ်ကြောင်း နဗီးက ဆိုပါတယ်။ ဂယ်ရီနဗီးက ” အက်စတွန်ဗီလာကို… Continue Reading →

အမ်ဘတ်ပီကို လက်လွတ်ရရင် အစားထိုးဖို့ ဆာလာကို ဦးစားပေးအဖြစ် ရွေးချယ်လာတဲ့ ပီအက်စ်ဂျီ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့အသင်း တိုက်စစ်သမား အမ်ဘတ်ပီကို လာမယ့် နွေဈေးကွက်မှာ လက်လွတ်ခဲ့ရရင် ပြန်လည်အစားထိုးဖို့ လီဗာပူးတိုက်စစ်သမား ဆာလာကို ဦးစားပေးအဖြစ် ပစ်မှတ်ထားလာကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ အသက် ၂၂ နှစ်အရွယ် ကမ္ဘာဖလား ချန်ပီယံဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့ အချိန်ဆွဲနေဆဲပါ။ ကစားသမားရဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်ရှိတာဖြစ်လို့ ဒီနွေမှာ စာချုပ်သစ်ကိစ္စ မဖြစ်လာခဲ့ဘူးဆိုရင် အပြောင်းအရွှေ့ကိစ္စ ဖြစ်လာဖို့ ရှိနေတယ်။ အမ်ဘတ်ပီကို ခေါ်ယူရေးအတွက် ရီးရဲလ်က သတင်းကြီးနေပြီး လီဗာပူးဘက်ကလည်း စိတ်ဝင်စားမှု… Continue Reading →

လီဗာပူးဘက်က ကြိုးစားနေမှုကြောင့် ကလပ် ကြယ်ပွင့် ဆက်ထိန်းရေး အသဲအသန်ဖြစ်နေတဲ့ ဘာကာ

လီဗာပူးအသင်းက ဘာစီလိုနာရဲ့ ကြယ်ပွင့် တိုက်စစ်သမား ပီဒရီကို ကမ်းလှမ်းမှု လုပ်ဖို့ စတင်မှုတွေ ရှိထားခြင်းကြောင့် လာလီဂါဘက်ကလည်း ကလပ်မှာ ဆက်ထိန်းနိုင်ရေး လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို အင်္ဂလန်သတင်းဌာနတွေဘက်က ဖော်ထုတ်လာခြင်းဖြစ်ပြီး ဘာစီလိုနာရဲ့ အလားအလာ သိပ်ကောင်းသော လူငယ်အဖြစ် နာမည်ရလာတဲ့ ပီဒရီအတွက် လီဗာပူးဘက်က ကမ်းလှမ်းမှုတောင် လုပ်ထားတယ်လို့လည်း ဖော်ပြကြတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ လီဗာပူးဘက်က စကားပြောမှုတွေ စတင်ထားခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်အားသန်… Continue Reading →

ချန်ပီယံလိဂ် ပထမအကျော့မှာ လီဗာပူးကို အနိုင်ယူဖို့ ရီးရဲလ်မက်ဒရစ် အသုံးချခဲ့တဲ့ နည်းစနစ်

လီဗာပူးအသင်းက ချန်ပီယံလိဂ် ပထမအကျော့အဖြစ် မက်ဒရစ်အခြေစိုက် ရီးရဲလ်မက်ဒရစ်ကို သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒီကြားရက်မှာ ဒုတိယအကျော့အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ၂-၀ ဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ရင် မာဆေးဆိုဒ်ကလပ်က ဆီမီးအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာတော့ လီဗာပူးအသင်းဟာ အိမ်ကွင်းအန်ဖီးမှာ ၂ ဂိုးပြတ် အနိုင်ရတဲ့ ပွဲဆိုလို့ လိုက်ဇစ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ တစ်ပွဲတည်း ရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအသင်းကို အနိုင်ယူရာမှာ ကြုံသလို… Continue Reading →

လီဗာပူးနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ရီးရဲလ်စီနီယာအသင်းသား (၃) ဦး လွဲချော်မည်

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ၎င်းတို့ ကစားသမား လူးကပ် ဗက်ကွက်စ်ဟာ ဂလက်စီကို ဒါဘီမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲကို ပါနိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုသွားပါတယ်။ ဗက်ကွက်စ်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်ကွက်စ်နဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ရာက ဒဏ်ရာ ရရှိခဲ့တာပါ။ ဒါကြောင့်လည်း ပထမပိုင်းမှာတင် လူစားလဲ ခံခဲ့ရတာဖြစ်ပါတယ်။ စပိန် လက်ရွေးစင်က ဘယ်လောက်ကြာကြာ အနားယူရမယ်ဆိုတာ မသိရသေးပေမယ့် ရာသီကုန်ထိ နီးပါးလောက် အနားယူရမယ်လို့ ယူဆရတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ကလပ် ဆေးအဖွဲ့ကနေပြီး… Continue Reading →

ကိုနိတ်ကို သက်သာလွန်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး လီဗာပူးရဲ့ ညိနှိုင်းမှု အဆင်ချောနေ

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းခံစစ်မှူး ကိုနိတ်ကို ခေါ်ယူရေးအတွက် လှုပ်ရှားနေမှုက အတော်လေး အဆင်ပြေလာတဲ့ အခြေအနေဖြစ်ကြောင်း ဂျာမနီ BILD သတင်းဌာနရဲ့ သတင်းထောက် BILD က ထုတ်ပြောလာပါတယ်။ အစောပိုင်းတည်းက ပြင်သစ်သား ခံစစ်မှူး ကိုနိတ်အတွက် လီဗာပူးဘက်က ယူရို သန်း ၄၀ ပေးရမယ်လို့ သိထားရတာဖြစ်တယ်။ ဒါပေမယ့်လို့ ကပ်ဘေးအတွင်း ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေအရ ဒီနွေမှာ ကိုနိတ်ကို ခေါ်ယူမယ်ဆိုရင် စာချုပ်ပါကြေးထက် ပိုနည်းတဲ့ ပမာဏကိုပဲ လီဗာပူးအသင်းဘက်က ပေးချေရမှာ ဖြစ်ပါတယ်။ Falk က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!