Date

April 13, 2021

ဒီနွေမှာ စာချုပ်ကုန်တော့မယ့် ဝိုက်နယ်ဒမ် လီဗာပူးမှာပဲ စာချုပ်သစ်ဖြင့် ဆက်ရှိနေဖို့ လမ်းပွင့်လာ

ဝိုက်နယ်ဒမ်ဟာ သူ့ရဲ့ စာချုပ်ကုန်ချိန်မှာ အန်ဖီးကို မစွန့်ခွာဘဲ ဆက်နေမယ့် အလားအလာတွေ ရှိနေတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ နယ်သာလန်သား ကွင်းလယ်လူကို ဘာစီလိုနာနဲ့ အင်တာမီလန်တို့က အကြို သဘောတူညီမှု ရဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ သိထားရတယ်။ ဒါပေမယ့်လို့ တရားဝင် ကြေညာမှုတွေက အခုချိန်ထိ ထွက်မလာသေးတာကြောင့် ဝိုက်နယ်ဒမ်ဟာ စာချုပ်ကုန်ချိန်မှာလည်း စာချုပ်သစ်ဖြင့် လီဗာပူးမှာ ဆက်ရှိလာနိုင်တယ်လို့ သိလာရပါတယ်။ ဇန်နဝါရီတည်းက အင်္ဂလန်ပြင်ပလိဂ်တွေဖြင့် ညိနှိုင်းခွင့်တွေ ရထားတဲ့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကို စွန့်ဖို့ ၉၀% သေချာတယ်လို့… Continue Reading →

လီဗာပူးအသင်းနဲ့ သတင်းထွက်နေတဲ့ ကွင်းလယ်လူကို ထိပ်တန်းအဖြစ် ကာရေဂါ ထောက်ခံ

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းက ခေါ်ယူလိုကြောင်း သတင်းထွက်နေတဲ့ ဘစ်ဆိုးမားဟာ ကလပ်အများအပြားရဲ့ စောင့်ကြည့်ခြင်း ခံနေရသူပါလို့ မှတ်ချက်ပေးလာပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ ဝိုက်နယ်ဒမ်ကို လက်လွတ်ရရင် အစားထိုးဖို ဘရိုက်တန်က အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို နှစ်သက်နေကြောင်း သတင်းထွက်နေတယ်။ ကာရေဂါက ဘစ်ဆိုးမားဟာ ထိပ်တန်းကလပ်တွေ အပြိုင် ကမ်းလှမ်းလောက်တဲ့ ကစားသမားဆိုတာကို ကွင်းတွင်း စွမ်းဆောင်ရည်အရ မြင်နေရကြောင်း ထောက်ခံပေးသွားခဲ့ပါတယ်။ ကာရေဂါက “ ပွဲရဲ့ ပြောစရာ အများဆုံး ကိစ္စကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့… Continue Reading →

လီဗာပူးအသင်းရဲ့ နွေအင်အားဖြည့်မှုက ဘယ်လို ကစားသမားတွေကို ဦးတည်မလဲ တွက်ချက်မှု

ဘောလုံးရာသီ ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ အပြောင်းအရွှေ့ဆိုင်ရာ ခြေရာကောက်မှုတွေကလည်း ဆက်တိုက်ဆိုသလို သတင်းသစ်တွေအဖြစ် ထွက်ပေါ်နေပါတယ်။ လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေဖြစ်တဲ့ ကိုနိတ်၊ ခါဘတ်၊ ဘစ်ဆိုမား၊ ဆန်ဒါဘာ့ဂျ် အပါအဝင် ကစားသမား အများအပြားက ၂၁ နှစ် ဝန်းကျင်တွေဖြစ်ကာ ၂၅ နှစ်ကို မကျော်တဲ့ အသက်အရွယ်တွေမှာ ရှိနေကြတာဖြစ်တယ်။ နောက်ထပ် နာမည်ထွက်နေတဲ့ ကစားသမားတွေကလည်း ၂၅ နှစ်အောက်တွေ များပြားနေပါတယ်။ လီဗာပူး အပြောင်းအရွှေ့ခေါ်ယူရေး ကော်မတီဟာ ယခင်တည်းက ဝါရင့် ကစားသမားတွေကို ခေါ်ယူမှုတွေထက် လူငယ်သွေးသစ်တွေကိုပဲ… Continue Reading →

လီဗာပူး အလေးအနက် ကြိုးစားနေတဲ့ အပြောင်းအရွှေ့ ကိစ္စ The Athletic ရဲ့ ဂျိမ်းပီယောဇ့် အတည်ပြု

လီဗာပူးအသင်းက ကိုနိတ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာက သာမာန် အပြောင်းအရွှေ့ ကောလဟာလသတင်း မဟုတ်ပါကြောင်း ဂုဏ်သိက္ခာရှိ သတင်းထောက် ဂျိမ်းပီယော့ဇ်က အတည်ပြုပါတယ်။ The Athletic ကနေ ပီယော့ဇ်က လိုက်ဇစ် ခံစစ်မှူး ကိုနိတ်ကိစ္စကို အသင်းပရိသတ်တွေထံ သတင်းပေးခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ်လည်း နာမည်ကောင်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဂျိမ်းပီယော့ဇ်က ” လီဗာပူးက ကိုနိတ်ကို တကယ်ကို တကယ်ကို ခေါ်ယူလိုနေပါတယ် ”… Continue Reading →

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း စာရင်းမှာ ထိပ်ဆုံး ၅သင်းထဲ ဝင်လာတဲ့ လီဗာပူး

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း ၁၀ သင်းနဲ့ ၎င်းတို့ တန်ကြေးတွေ စာရင်းကို ကမ္ဘာကျော် ဖို့စ် မဂဇင်းကနေ ဖော်ထုတ်သွားရာ လီဗာပူးအသင်းကတော့ ၃ ဆင့်တက်လာပြီး ထိပ်ဆုံး ၅သင်းထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ယခင် ထိပ်ဆုံး ၃ သင်းထဲ ဝင်ရာကနေ အဆင့်ကျသွားပြီး ဥရောပ ချန်ပီယံ ဖြစ်ထားတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကျော်တက်ခြင်း ခံလိုက်ရပါတယ်။ လောလောဆယ် ထိပ်ဆုံးမှာ တန်ကြေး အမြင့်ဆုံး အဖြစ် ရှိနေတာကတော့ ဘာစီလိုနာ ဖြစ်ပြီး… Continue Reading →

လီဗာပူး V ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒု-ကျော့ ပွဲအတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

အန်ဖီးမှာ ယှဉ်ပြိင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် သုံးသပ်ခန့်မှန်းမှုကို မိုက်ကယ်အိုဝင်က ပြုလုပ်သွားပါတယ်။ ပထမအကျော့မှာတော့ လီဗာပူးက ၃-၁ ဖြင့် အရေးနိမ့်ထားတာဖြစ်တယ်။ အိုဝင်ကတော့ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရဖို့ရာ လုံလောက်မှုနဲ့ ယုံကြည်ချက်တွေ ရှိနေမယ်လို့ မြင်တယ်။ ဒါပေမယ့်လို့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် လုံလောက်တဲ့ သွင်းဂိုး အရေအတွက်ကို ရသွားဖို့တော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့တယ်။ အိုဝင်က ” အရင်အပတ်တုန်းက စပိန်မှာ လီဗာပူးက အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!