Date

April 15, 2021

ဂျိုတာနဲ့ သီယာဂိုကို ပွဲထွက် လူစာရင်းထဲ မထည့်ခြင်းအတွက် သတိပေးမှု

တယ်လီဂရပ်ရဲ့ လီဗာပူးသတင်းထောက် Chris Bascombe က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရစဉ် ကလော့ပ် အသုံးပြုခဲ့တဲ့ လူစာရင်းဟာ ၂၀၁၉ ချန်ပီယံလိဂ်ဖလား အနိုင်ရ အသင်းသား အများစု ပါဝင်ခဲ့တဲ့ အသင်းဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့တယ်။ ပွဲထွက်လူစာရင်းမှာ သီယာဂိုနဲ့ ဂျိုတာတို့ကို ချန်လှပ်ခဲ့မှုအပေါ်လည်း Chris Bascombe က မေးခွန်းထုတ်ခဲ့ပြီး သူတို့လို အလားအလာနဲ့ အရည်အချင်းရှိ ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်ဖို့ ရည်ရွယ်ချက်မရှိရင် လာမယ့်ရာသီမှာ မန်နေဂျာကလော့ပ်က ပိုကောင်းတဲ့ အားဖြည့်မှုတွေကို ပြုလုပ်ဖို့… Continue Reading →

ရှက်စရာကောင်းတဲ့ ပရိသတ်အချို့ရဲ့ အပြုအမှုအတွက် လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို တောင်းပန်

ဥရောပနဲ့ အင်္ဂလန်ချန်ပီယံတွေအဖြစ် အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ လီဗာပူးအသင်းဟာ ဒီဘက်နှစ်တွေမှာတော့ ဆိုးသွမ်းပရိသတ်တွေကြောင့် အသင်းပုံရိပ် ကျဆင်းမှုတွေကို ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ပွဲမှာ မာနေး၊ ကိတ်တာ၊ ထရန့်တို့ကို အသင်းပရိသတ်တွေ ကိုယ်တိုင်က လူမျိုးရေးခွဲခြားမှုဖြင့် လှောင်ပြောင်ခဲ့ကြတယ်။ ရီးရဲလ်မက်ဒရစ် အသင်းသား အချို့ကိုလည်း လူမျိုးရေး ခွဲခြားခဲ့သေးတယ်လို့ သိရပြီး ဒီကိစ္စတွေကြောင့်ပဲ ကလပ်ဘက်က အသင်းပရိသတ်တွေရဲ့ မလျော်ကန်သော အပြုအမှုအပေါ် တရားဝင် ဝေဖန်ချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်က လီဗာပူးအသင်းထံ လာရောက်ရာမှာ ပရိသတ် အချို့က… Continue Reading →

ဖြုန်းတီးမှုများခဲ့တဲ့ ချန်ပီယံလိဂ် ရံှူးပွဲမှ အကောင်းမြင်စရာတွေကို လီဗာပူးပရိသတ်တွေ မှတ်ချက်ပြု

အန်ဖီးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရာမှာ ဝ-၀ ရလဒ်ပဲ ထွက်ပေါ်ခဲ့မှုနဲ့အတူ နှစ်ကျော့ပေါင်း ရလဒ် ၁-၃ ဖြင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ကို ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်တစ်နေရာအတွက် သီယာဂိုကို မထည့်ဘဲ မီလ်နာကို ထည့်သုံးခဲ့တာကလွဲရင် ၄-၃-၃ ကစားကွက်ကို လူအပြည့်ဖြင့် ခင်းကျင်းခဲ့တယ်။ ပွဲစကတည်းက ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကြားမှာ လီဗာပူးရဲ့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်စစ်ကစားဟန်ကို မြင်ခဲ့ရပါတယ်။ တစ်ပွဲလုံးမှာ ညာအစွန်လူ ထရန့်ရဲ့ ခြေစွမ်းက တောက်ပခဲ့ပြီး… Continue Reading →

လီဗာပူးက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့လို့ မချင့်မရဲ ဖြစ်နေတဲ့ အသင်းသား

လီဗာပူးအသင်းဟာ ညက အန်းဖီးမှာ ကစားခဲ့တဲ့ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲမှာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ လီဗာပူးကစားပုံ ကောင်းမွန်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်အရ ကွာတားကနေပဲ နှုတ်ဆက်လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဂျိမ်းစ် မေနာက ညကပွဲမှာ လီဗာပူး အသင်းဟာ သိသိသာသာ ပိုကောင်းခဲ့တဲ့ အသင်း ဖြစ်တယ်လို့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဂိုးရှေ့မှာ အခုလို ဆက်ပြီး ဖြုန်းတီးမှုတွေ… Continue Reading →

ပြိုင်ပွဲက ထွက်ရပြီးနောက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ လီဗာပူး အာမခံချက် မရှိကြောင်း ကလော့ပ် သတိပေး

လီဗာပူးအသင်းဟာ ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ကောင်းစွာ ယှဉ်ပြိုင် ခြေစွမ်းကောင်းခဲ့ပေမယ့် ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ်အရ ချန်ပီယံလိဂ်ကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ရာသီကုန်ထိ လီဗာပူးဟာ ပြည်တွင်း ပရီးမီးယားလိဂ်ပွဲတွေကိုသာ အာရုံစိုက် ကစားရတော့မှာပါ။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ နောက်ရာသီ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲဝင်ခွင့် ရဖို့ သူ့အနေနဲ့ အလိုလို ယုံကြည်မှု ရှိပေမယ့် အသင်းသားတွေ အနေနဲ့ကတော့ သေချာပေါက် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ အာမခံချက် ဘာမှ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!