Date

May 1, 2021

လီဗာပူးဘက်က မည်သူတစ်ဦးကမှ စာချုပ်သစ်ကိစ္စ စကားမဟဘူးလို့ ဆာလာ ဖွင့်ဟ

တိုက်စစ်မှူး ဆာလာက လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေက စာချုပ်သစ်နဲ့ ပက်သက်လို့ စကားဟမှု လုံးဝ မလုပ်လာပါဘူးလို့ စကိုင်းစပေါ့အင်တာဗျူးမှာ ထုတ်ပြောပါတယ်။ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ကျန်တော့တဲ့ ဆာလာကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က မရည်ရွယ်ဘူးဆိုရင် ဒီနွေမှာ ရောင်းထုတ်ဖို့ပဲ ဖြစ်လာနိုင်တယ်။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ဖြင့် သတင်းထွက်ထားဖူးပေမယ့် စပိန်ကလပ်တွေက ဆာလာအစား ငယ်ရွယ်တဲ့ တိုက်စစ်သမားတွေကိုပဲ ပိုပြီး မျက်စိကျနေတာဖြစ်ပါတယ်။ ဆာလာကိုယ်တိုင်က ‘ စာချုပ်သစ်နဲ့ ပက်သက်ပြီး ဘယ်သူတစ်ဦးကမှ ကျနော်ကို စကားမစသေးပါဘူး။ ဒီတော့ အဲ့အကြောင့်ကို ကျနော်လည်း… Continue Reading →

ယာဂင်ရှေ့မှာ ကိုမတ်တီယို၊ ဘလာဂီဇီတို့ တောက်ပခြင်းဖြင့် လီဗာပူးလူငယ်အသင်း ဆီမီးဖိုင်နယ်တက်

ကြားရက်မှာ ပွဲကစားရဖို့ မရှိခြင်းကြောင့် အေးဆေးဖြစ်နေတဲ့ ယာဂင်ဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနှင့် အာဆင်နယ် လူငယ်အသင်းတို့ရဲ့ လူငယ် အက်ဖ်အေဖလားပွဲကို တက်ရောက် ကြည့်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်လို့ တင်စားရမှုနှင့်အတူ လီဗာပူးလူငယ်အသင်းက ၃-၁ ဖြင့် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်တဲ့ အသင်းဖြစ်ခဲ့ပါပြီ။ ပြိုင်ဘက်အသင်း နာမည်စာရင်း မထွက်ပေါ်လာသေးပေမယ့်လို့ ၂၀၁၉ တုန်းက ဘယ်ရီ လွီတက်လက်အောက် လူငယ်အက်ဖ်အေဖလား ပိုင်ရှင်အသင်းဟာ နောက်တစ်ကြိမ် အစွမ်းပြခွင့်ရမှာဖြစ်တယ်။ ဒီရာသီ လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက်… Continue Reading →

နောက်ရာသီ ဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီကို လာမယ့် အပတ်တွေထဲ ထုတ်ပြတော့မယ့် လီဗာပူး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး နှစ်ပွဲဖြစ်တဲ့ ဘန်လေနဲ့ ပဲလေစ့် ပွဲတွေမှာ ပရိသတ်ဝင်ခွင့်တွေ ပြန်လည်ရရှိသွားတော့မှာပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ဖြစ်တဲ့ ဘန်လေနှင့်ပွဲမှာ လီဗာပူးပရိသတ် ၅၀၀ ဟာ အဝေးကွင်း ပရိသတ်တွေအဖြစ် လိုက်ပါအားပေးခွင့် ရမှာဖြစ်တယ်။ Turf Moor ကွင်းမှာ ပရိသတ် စုစုပေါင်း ၁၀၀၀၀ ဝင်ခွင့်ရမှာဖြစ်လို့ အိမ်ကွင်းပရိသတ် ၉၅၀၀ တက်ရောက်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ မေလ ၂၃ ရက်မှာတော့ ရာသီသိမ်းပွဲအဖြစ် ပဲလေစ့်ကို အန်ဖီးကွင်းမှာ… Continue Reading →

ဆာ၊ ဖာ၊ မာ တိုက်စစ် ခွဲထုတ်ချိန်တန်ပြီလို့ လီဗာပူးကို သတိပေးမှု ပြုလုပ်လိုက်တဲ့ ကာရေဂါ

လီဗာပူးကစားသမားဟောင်း ကာရေဂါက သိပ်ကောင်းခဲ့ဖူးတာတွေကြောင့် မပစ်ပယ်နိုင်ဖြစ်နေတဲ့ တိုက်စစ်တွဲလုံးဟာ သွေးသစ်လောင်းချိန်တန်ပြီး ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ ၂၀၁၅ မှာ ဖာမင်နို၊ ၂၀၁၆ မှာ မာနေး၊ ၂၀၁၇ မှာ ဆာလာတို့က လီဗာပူးအသင်းထံ ပြောင်းလာခဲ့ကြပြီး သူတို့သုံးဦး တွဲဘက်ကစားခဲ့တာက ဒီရာသီကုန်ရင် ၄ နှစ်ကာလကို ဝင်ရောက်လာခဲ့ပါပြီ။ ဒီရာသီမှာ လူတိုင်းက ခံစစ်ပြဿနာကိုပဲ မီးထိုးပြနေခဲ့ပေမယ့် တိုက်စစ်ကလည်း အတော်လေးကို ချာနေခဲ့တာကို ပရိသတ် အများအပြားကပါ လက်ခံနေခဲ့ပြီဖြစ်တယ်။ ကာရေဂါက ” လူတွေက တိုက်စစ်လိုင်းဟာ ပုံစံကောင်း… Continue Reading →

ချန်ပီယံလိဂ် ဝင်ခွင့်မရခြင်းက အပြောင်းအရွှေ့ ကိစ္စတွေ ထိခိုက်စေမလား အမေးကို ကလော့ပ် ဖြေ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ဥရောပဝင်ခွင့် မရဘူးဆိုရင်လည်း ကလပ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ လီဗာပူးအသင်းဟာ လက်ကျန် အမှတ်ပေးပွဲ ၅ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ တတိယနေရာက လက်စတာနောက် ၉ မှတ်၊ စတုတ္ထနေရာက ချယ်ဆီးနောက် ၄ မှတ် ပြတ်ကျန်နေခဲ့တာ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က “ ချန်ပီယံလိဂ်ထဲ ပါဝင်ကစားရတာက သိပ်ကို ကောင်းမွန်ပါတယ်။ အထူးသဖြင့် ကလပ်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်ပေါ့။ ချန်ပီယံလိဂ်ပြိုင်ပွဲက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!