Date

May 7, 2021

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ ဒီမိုကရေစီစံနှုန်းကို ယုံကြည်ကြောင်း ယာဂင် ပြောဆို

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အိုထရတ်ဖိုဒ့်မှာ သရဲနီပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် သက်ရောက်မှုဖြစ်လာတဲ့ အခြေအနေတွေအတွက် တုန့်ပြန်မှု ပြုလုပ်လာပါတယ်။ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်မှုအပြင် ဒေသခံရဲတွေကို ထိခိုက်နာကျင်စေမှုတွေကြောင့် အင်္ဂလန်ရဲ့ အကောင်းဆုံး ဒါဘီပွဲကို ရွှေ့ဆိုင်းခဲ့ရတာပါ။ ယူနိုက်တက်နှင့် လီဗာပူးပွဲမှာ မာဆေးဆိုဒ်ကလပ်က အနိုင်ရမယ်ဆိုရင် ဒီရာသီရဲ့ အမှတ်ပေးချန်ပီယံပါ ပေါ်ထွက်လာဖို့ ရှိနေခဲ့တာဖြစ်တယ်။ သရဲနီတွေရဲ့ ဆန္ဒပြမှုအပေါ် ယာဂင်က ပြောရာမှာ ” ပရိသတ်တွေ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေတဲ့အပေါ် ကျနော် အံသြမိသလားဆိုရင် မအံ့သြပါဘူး။ ကျနော်က ဒီမိုကရေစီစနစ်ကို ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။ လူတွေက… Continue Reading →

လီဗာပူး V ဆောက်သမ်တန် ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) အတွက် လော်ရိုး၏ ရလဒ်ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် လီဗာပူးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အနိုင်သုံးမှတ် သေချာပေါက် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီတစ်ကြိမ် အန်ဖီးကို လာရောက်ရာမှာ ဒန်နီအင့်၊ ဘာထရန့်၊ ရိုမီယူ၊ စမောဘုန်း၊ မီနာမီနိုတို့ ပါဝင်သွားဖို့ မရှိပါဘူး။ ဗတ်စတာဂတ်ကလည်း လက်စတာကို သရေကျတဲ့ပွဲမှာ တိုက်ရိုက် အနီကဒ် ထိခဲ့တာဖြစ်ကာ အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ သိထားရပြီး ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်တယ်။ ပွဲနှင့်ပတ်သက်လို့ လော်ရိုးက ” ဒန်နီအင့် မပါနိုင်မယ့် ဆောက်သမ်တန်ကို… Continue Reading →

လီဗာပူးရဲ့ ဥရောပဝင်ခွင့်အပေါ် သက်ရောက်မှုရှိလာမယ့် ယူရိုပါလိဂ်ကနေ အာဆင်နယ် ထွက်ခွာရခြင်း

ယူရိုပါလိဂ် ပြိုင်ပွဲကနေ အာဆင်နယ်အသင်း ထွက်ခွာရမှုက မျှော်လင့်ချက် မှေးမှိန်နေတဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ရိုက်ခတ်မှုရှိကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ စည်းမျဉ်းအရ တစ်နိုင်ငံတည်းကနေ ကလပ် ၅ သင်းကပဲ အမြင့်ဆုံး ဝင်ခွင့်ရထားတာပါ။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ချယ်ဆီး၊ ယူရိုပါလိဂ်မှာ အာဆင်နယ်က ချန်ပီယံဖြစ်ကာ သူတို့နှစ်သင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၄ ပြင်ပမှာပဲ ရှိမယ်ဆိုရင် အင်္ဂလန်လိဂ်ရဲ့ အဆင့် ၄ အသင်းက အစဉ်အလာပုံစံကနေ ခွဲထွက်ကာ ယူရိုပါလိဂ်မှာပဲ… Continue Reading →

ဒုတိယမြောက် လူငယ် FA Cup အောင်မြင်မှုဖြင့် လူငယ်လေးတွေ စီနီယာအဆင့်ကို စိန်ခေါ်ဖို့နီးစပ်

လီဗာပူး လူငယ်အသင်းဖြစ်တဲ့ ယူ-၁၈ အသင်းဟာ မေလ ၁၂ ရက်နေ့မှာ Ipswich Town အသင်းဖြင့် လူငယ်အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲကို Ipswich Town အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ကွာတားအဆင့်မှာ အာဆင်နယ်ကို ၃-၁ ဖြင့် အနိုင်ရလာတဲ့ လီဗာပူးအသင်းဟာ ဆီမီးမှာ Ipswich Town ကို အနိုင်ရမယ်ဆိုရင် အက်စတွန်ဗီလာ V ဝက်စ်ဘရွန်းအတွဲမှာ အနိုင်လာမယ့် အသင်းဖြင့် ဗိုလ်လုရမှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက လီဗာပူးအသင်းဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!