Date

May 8, 2021

လီဗာပူးကို အရေးနိမ့်မှုကြောင့် နှစ်နှစ်ကြာတဲ့ထိ တွစ်တာမသုံးနိုင်ဖြစ်နေဆဲ ဘာစီလိုနာ အသင်းသား

လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုရက်မှာ လီဗာပူးအသင်းဟာ ဘာစီလိုနာကို အန်ဖီးကွင်းမှာ ၄-၀ ဖြင့် အနိုင်ရပြီး နာမည်ကျော် Epic Comeback ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆာလက် မပါခဲ့ဘူး၊ ဖာမင်နို မပါခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာကို လီဗာပူးက အသင်းလိုက် စိတ်ဓါတ်ကောင်းဖြင့် အနိုင်ယူပြခဲ့ပါတယ်။ ဒါကလည်း အန်ဖီးကွင်းမှာ လီဗာပူးအသင်းသားတွေနဲ့ ပရိသတ်တို့ ပေါင်းစည်းနိုင်ခဲ့မှုမှာ ထွက်ပေါ်ခဲ့တဲ့ အံ့မခန်းတဲ့ ရလဒ်လည်း ဖြစ်ခဲ့ပါတယ်။ ပွဲအပြီး လွှတ်တင်တဲ့ ဟိုက်လိုက်တစ်ခုဟာဆိုရင် ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမှာ… Continue Reading →

ဘော်ဘီ မအိုသေးဘူးဆိုပြီး တိုက်စစ်သမားဘက်က ရပ်တည်တဲ့ မန်နေဂျာ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က တိုက်စစ်မှူး ဖာမင်နိုအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို ငြင်းဆန်လိုက်ပြီး ဘရာဇီးသားဟာ လေ့ကျင့်ရေးမှာ ပုံစံကောင်းတွေ ပြသနိုင်နေဆဲလို့ ထုတ်ပြောလာပါတယ်။ ကိုဗစ်ကပ်ဘေးမှာ မိခင်နိုင်ငံကို ကာလရှည် မပြန်နိုင်ဖြစ်နေတဲ့ ဘော်ဘီဟာ ဒီရာသီမှာ စွမ်းဆောင်ရည် အတော်လေး ကျဆင်းနေတာပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ခြေစွမ်းက အောက်ဆုံးကို ကျရောက်နေခြင်းမျိုးတော့ မဟုတ်ဘဲ သူအကောင်းဆုံး ကစားနိုင်တဲ့ ပွဲတွေမှာ အချို့သော အသင်းဖော်တွေရဲ့ ခြေစွမ်း ကျဆင်းမှုကလည်း သူ့ရဲ့ ဖန်တီးပေးမှုတွေကို ဖြုန်းတီးရာ ကျနေပါတယ်။ ဒီရာသီမှာ ဒဏ်ရာ ပြဿနာ၊… Continue Reading →

မပြောင်းလဲတဲ့ လူစာရင်းလား တိုက်စစ် ၄ ဦးတန်းလား? ဆောက်သမ်တန်ပွဲကြို လူစာရင်း ခန့်မှန်း

အနိုင်ရဖို့ဆိုရင် လူစာရင်းက ခန့်မှန်းရ မလွယ်ဖို့ လိုအပ်ပေမယ့်လည်း လီဗာပူးရဲ့ လူစာရင်းကို ခန့်မှန်းရတာက အနည်းငယ် လွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။ ပွဲကြိုမှာတည်းက မန်နေဂျာကလော့ပ်က အပြောင်းအလဲတွေကို ပြုလုပ်မယ့် အကြောင်း ထုတ်မပြောပေမယ့် နေရာအနည်းငယ်အတွက် ဆုံးဖြတ်ချက်ကို နောက်ကျမှ ပြုလုပ်မယ်လို့ ဆိုထားတယ်။ လီဗာပူးလူစာရင်းက တိုက်စစ် ၃ ဦး တွဲ ကစားမလား၊ ၄ ဦးလုံး ထုတ်သုံးမလားက လွဲရင် ထူးထူးခြားခြား အပြောင်းအလဲ ရှိဖွယ် မမြင်ရပါဘူး။ ယူနိုက်တက်ကို ရင်ဆိုင်ကစားမယ့်ပွဲ ပျက်ခဲ့ပေမယ့် အဆိုပါပွဲအတွက်… Continue Reading →

လီဗာပူး V ဆောက်သမ်တန် ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) အတွက် အိုဝင်၏ ရလဒ်ခန့်မှန်းချက်

ဒီအပတ်မှာ လီဗာပူးအသင်းက ဆောက်သမ်တန်ကို ဧည့်ခံကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေကို ယူပြနိုင်စွမ်းတွေ ရှိရတော့မှာ ဖြစ်ပါတယ်။ မနေ့တုန်းက လက်စတာက နယူးကာဆယ်ကို အရေးနိမ့်ခဲ့တယ်။ လီဗာပူးနှင့် လက်စတာကြားမှာ ရမှတ် ၉ မှတ် ကွာဟနေတယ် ဆိုပေမယ့် လီဗာပူးက နှစ်ပွဲလျော့ ကစားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ကို အနိုင်ရမယ်ဆိုရင် လီဗာပူးအတွက် ချန်ပီယံလိဂ် မျှော်လင့်ချက်က ပိုမို ရှင်သန်လာဖို့ ရှိနေပါတယ်။ အိုဝင်က ” အရင်အပတ်က ယူနိုက်တက်နှင့် ရင်ဆိုင်ရမယ့်ပွဲ ရွှေ့ဆိုင်းခဲ့တာကြောင့် ဒီပွဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!