Date

May 9, 2021

ဘရိုက်တန်ကနေ ထွက်ခွာခွင့်တောင်းပြီဖြစ်တဲ့ လီဗာပူး ပစ်မှတ် ကွင်းလယ်လူ ဘစ်ဆိုမာ

လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူဖို့ အတော်လေး ကြိုးစားလာခဲ့ပြီဖြစ်ကာ အရေးပါတဲ့ ဦးဆောင်ကလပ်အသင်းအဆင့်ပါ ရောက်နေကြောင်းကို The Times က ဖော်ပြပါတယ်။ အစောပိုင်းမှာတည်းက အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမား ဘစ်ဆိုမာဟာ ဘရိုက်တန် ကွင်းလယ်မှာ ဒီရာသီ တောက်ပနေသူ ဖြစ်ပြီး လာမယ့် နွေမှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်ထားတာပါ။ နောက်ဆုံးသိရမှုမှာတော့ ရာသီသိမ်းခါနီး ပွဲစဉ် အနည်းငယ် အလိုမှာပဲ ဘစ်ဆိုမာက ဘရိုက်တန်ကို… Continue Reading →

တကိုယ်ရည် စံချိန်မှတ်တမ်းသစ်နဲ့ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု သိမ်းပိုက်ခဲ့တဲ့ အယ်လစ်ဆန်

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ ညက ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲစဉ် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲကနေ သူ့ရဲ့ တကိုယ်ရည် စံချိန်မှတ်တမ်းသစ် လည်း ရခဲ့ပါတယ်။ ဘရာဇီးသားရဲ့ လက်စွမ်းပြမှုတွေက လီဗာပူးကို ပေးဂိုး မရှိ သုံးမှတ်ပြည့် ရအောင် ကြီးစွာ အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပထမဂိုး ပေးလိုက်ရပြီးနောက် ဆောက်သမ်တန်ရဲ့ တရကြမ်း တိုက်စစ်ကို အယ်လစ်ဆန်က သေချာ ကာကွယ်ပေးခဲ့တာပါ။… Continue Reading →

ရာသီသိမ်းဖို့ ၄ ပွဲအလိုမှာမှ လီဗာပူးအသင်းသား ၄ ဦးက ထပ်မံ ဒဏ်ရာရ

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဆောက်သမ်တန်ကို ရင်ဆိုင်တဲ့ပွဲမှာ အသင်းသား ၄ ဦး ဒဏ်ရာရနေတာကြောင့် အရန်လူစာရင်းကို ပြင်ဆင်ခဲ့ရပါတယ်။ ရိုင်းဝီလီယမ်က ဝိုက်နယ်ဒမ်၊ ဂျိုတာတို့နှင့်အတူ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတယ်။ အရန်စာရင်းမှာတော့ အသင်းသား နှစ်ဦး ဒဏ်ရာရနေခြင်းကြောင့် ကိုမတ်တီယို၊ ဝုဒ်ဘမ်းတို့ကိုပါ ထည့်သွင်းခဲ့ရပြီး လီဗာပူး လူစာရင်းဟာ အပြောင်းအလဲတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးဘက်က ခါဘတ်၊ ဘမ်ဒေးဗစ်၊ မီလ်နာနဲ့ ကိတ်တာတို့ဟာ အသေးစား ဒဏ်ရာတွေ ရှိနေတယ်လို့ ဖော်ပြထားတယ်။ စကိုင်းစပေါ့နှင့် အင်တာဗျူးမှာ… Continue Reading →

လမ်းပွင့်နေသေးတဲ့ ချန်ပီယံလိဂ်တံခါးကို ကျော်ဖြတ်သွားနိုင်ဖို့ ကြိးစားမယ်လို့ သီယာဂို ရင်ဖွင့်

သီယေဂိုဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့တာကြောင့် ကလပ်ရဲ့ ၁၄၀ ဦး မြောက်သော ပရီးမီးယားလိဂ်သွင်းဂိုးရှင် ဖြစ်လာပါတယ်။ ဒါ့အပြင် ဖာမင်နိုရဲ့ ဧရိယာထိပ်က ပေးမှုကို ဧရိယာထိပ်နားမှာပဲ အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်က အိုရီဂီနောက်ပိုင်း ပထမဆုံးသော လီဗာပူးအတွက် သွင်းဂိုးကို ဧရိယာပြင်ပကနေ အဆုံးသတ် ရယူသူလည်း ဖြစ်လာခဲ့တယ်။ ဆောက်သမ်တန်ကို အနိုင်သေချာစေခဲ့တဲ့ သွင်းဂိုးနှင့် ပတ်သက်ပြီး သီယေဂိုက ” အကောင်းဆုံးတွေ စွမ်းဆောင်နိုင်ဖို့ ကျနော် အမြဲတမ်း ကြိုးစားပါတယ်။ လက်ရှိ အခြေအနေအပေါ်မှာ… Continue Reading →

စိန့်ကို အနိုင်ရအပြီး ချန်ပီယံလိဂ်ဝင်ခွင့်က လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ယာဂင် ပြော

လီဗာပူးက ဆောက်သမ်တန်ကို မာနေး၊ သီယာဂိုတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်က မဖြစ်နိုင်တဲ့ အနေအထား မဟုတ်တော့ပါဘူးလို့ မန်နေဂျာကလော့ပ်က ဆိုပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယား အဆင့် ၆ မှာရှိနေပြီး အဆင့် လေးနေရာက လက်စတာနှင့် တစ်ပွဲလျော့ကစား ၆ မှတ်အကွာ၊ အဆင့် ၅ နေရာက ဝက်ဟမ်းနှင့် ပွဲတူ ၁ မှတ်အကွာ အနေအထားမှာ ရှိနေတာပါ။ အဆင့် ၃ နေရာက ချယ်ဆီးနှင့်လည်း တစ်ပွဲလျော့ ၇ မှတ် အကွာမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!