Date

May 10, 2021

ဆာလာ ချယ်ဆီးကို ပြန်သွားဖို့က လုံးဝ မဖြစ်နိုင်ဘူးလို့ James Pearce ထုတ်ပြော

လီဗာပူးအသင်းဆိုင်ရာ ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်သူ James Pearce က ဆာလာကို ချယ်ဆီးက ပြန်လည် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ The Athletic သတင်းဌာနမှာ အသင်းပရိသတ်တွေဖြင့် ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍအတွင်း James Pearce က ဖြေဆိုပေးခဲ့တာဖြစ်ပြီး အင်္ဂလန်ပြိုင်ဘက်အသင်းထံ အဓိက ကစားသမားကို ရောင်းထုတ်ခြင်းကို လီဗာပူးဘက်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပြပါတယ်။ James Pearce က ပြောရာမှာ “ ဒီနွေမှာ ချယ်ဆီးထံ… Continue Reading →

လီဗာပူးကစားသမားဘဝ ပထမဆုံးသွင်းဂိုးအတွက် အောင်ပွဲခံမှု အဓိပ္ပာယ်ကို သီယာဂို ရှင်းပြ

ကွင်းလယ်လူ သီယာဂိုက လီဗာပူးကစားသမားဘဝ ပထမဆုံးသော သွင်းဂိုးအတွက် သူ့ရဲ့ အောင်ပွဲခံမှုဟာ ဘာအဓိပ္ပာယ်လဲဆိုတာကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောသွားပါတယ်။ သီယာဂိုက ” ကွင်းထဲ ဝင်မကစားရတဲ့ အသင်းဖော်တွေနဲ့ ကျနော်ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေးတွေရှိတယ်ဆိုတာ သေချာပါတယ်။ ကိုယ်ကစားခွင့်ရနေချိန်တွေမှာလည်း သူတို့အတွက် အမြဲတမ်း စဉ်းစားပါတယ်။ အသင်းဖော်တွေ ဘယ်လို အလုပ်လုပ်သလဲ၊ သူတို့ မကစားရရင်တောင်မှ သူတို့ရဲ့ ပြုမှုပုံက ဘယ်လိုရှိလဲသလဲဆိုတာတွေကိုလည်း စဉ်းစားမိတယ်။ ဒီတော့ ဂိုးသွင်းခဲ့တာက အရန်ခုံက အသင်းဖော်တွေအတွက်လည်း ပါဝင်တယ်ဆိုတာကို ပြသ အောင်ပွဲခံခဲ့တာဖြစ်ပါတယ် ”… Continue Reading →

ယူနိုက်တက်နှင့်ပွဲမှာ ဗဟိုခံစစ်အတွဲကို ပြောင်းလဲ ပွဲထုတ်သွားရဖွယ်ရှိနေတဲ့ ယာဂင်ကလော့ပ်

ဒီအပတ် ကြားရက်မှာ ပွဲကျန်အဖြစ် လီဗာပူးက ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ အဝေးကွင်းထံသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ခါဘတ်ဟာ ကြွက်သားဒဏ်ရာ ရနေတယ်လို့ သိထားရပြီး ၎င်းဟာ ဂျိမ်းမီလ်နာ၊ နာဘီကိတ်တာ၊ ဘမ်ဒေးဗစ်တို့နည်းတူ ဆောက်သမ်တန်ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ယူနိုက်တက်ပွဲမှာလည်း သူတို့အားလုံး ပါဝင်သွားဖွယ် မရှိဘူးလို့ သိရပြီး မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ရဖွယ် ရှိနေပါတယ်။ ရာသီကုန် မတိုင်ခင်မှာ လီဗာပူးဟာ ၃ ရက် တစ်ပွဲနှုန်းလောက်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ကာ တစ်ရာသီလုံး အသင်းကို ထိခိုက်ထားစေတဲ့ ခံစစ်ပြဿနာကို… Continue Reading →

ဗန်ဒိုက် ယူရိုပြိုင်ပွဲ ဝင်ကစားဖို့ ဘယ်သူ ဆုံးဖြတ်ရမလဲ အသိပေးလိုက်တဲ့ နယ်သာလန်နည်းပြ ဒီဘိုးဝါး

နယ်သာလန် လက်ရွေးစင် အသင်း နည်းပြ ဖရန့် ဒီဘိုးဝါးကတော့ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာနေတဲ့ လီဗာပူး ခံစစ်မှူး ဗာဂျေး ဗန်ဒိုက်ဟာ နိုင်ငံအသင်းနဲ့ အတူ နွေမှာ ကစားရမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်မလား ဆိုတာ ကစားသမား ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိကြောင်း ဆိုလိုက်ပြီး ပါဝင်လာဖို့လည်း မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ တစ်နှစ်ရွှေ့ထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ဒီနွေမှာ ကစားရတော့မှာ ဖြစ်ပြီး ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတည်းက ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ်… Continue Reading →

ခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့ သီယာဂိုနှင့် ပတ်သက်လို့ ဆွေးနွေးသွားတဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ် ကစားသမားဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ခက်ခဲနေတဲ့ အခြေအနေတွေနှင့် ပတ်သက်ပြီး စကားပြောမှု လုပ်ခဲ့ပါတယ်။ သူကတော့ အရည်အချင်း ကြွယ်ဝတဲ့ ကွင်းလယ်လူဟာ နယ်မြေသစ်မှာ ရုန်းကန်နေရတယ်ဆိုတဲ့ အမြင်ကို လက်ခံတယ်။ ဒီလို ရုန်းကန်နေရတယ်ဆိုတာကလည်း လီဗာပူးအသင်းမှာကိုက ဒဏ်ရာပြဿနာတွေ များနေခြင်း၊ ခြေစွမ်းတွေ ကျဆင်းနေကြခြင်းကြောင့်ဖြစ်ပြီး သီယာဂိုရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သီယာဂိုနှင့် ပတ်သက်လို့ အိုဝင်က … “ လီဗာပူးအသင်း ခြေချော်မှု၊ ခြေစွမ်းကျဆင်းမှုတွေနှင့် သွားပြီး တိုက်ဆိုင်နေတာကလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!