Date

May 11, 2021

စံချိန်တင်ကြေးဖြင့် ယာဂင်ကလော့ပ် ခေါ်ယူထားတဲ့ ဂျင်းကစားသမားကို ရောင်းထုတ်ဖို့ တိုက်တွန်း

လီဗာပူးအသင်းသမိုင်းမှာ တတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ခေါ်ယူထားရသူကို လာမယ့်နွေဈေးကွက်မှာ ရောင်းထုတ်သွားဖို့ ဘီဘီစီရေဒီယိုမှ ဘောလုံးကစားပိုင်း သုံးသပ်သူ နိုယေဝဲလ်လန်က တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်းက ၂၀၁၈ မှာ လိုက်ဇစ်ကနေ လီဗာပူးကို ပေါင် ၅၂.၇၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကိတ်တာကို ဒီနွေမှာ ရောင်းထုတ်ဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။ လီဗာပူးကစားသမားဘဝ ၃ ရာသီအတွင်း ၇၆ ပွဲ ကစားနိုင်ခဲ့တဲ့ ကိတ်တာဟာ ကိုယ်တိုင် ၇ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၆ ကြိမ်… Continue Reading →

ကစားသမား ရောင်းထုတ်မှုကနေ ပေါင် သန်း ၈၀ ရဖို့ မျှော်လင့်ထားပေမယ့် ကျရံှူးခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေမှာ ကစားသမား ရှင်းထုတ်မှုတွေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံကာကွယ်ရေးကို အထောက်အပံ့ဖြစ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ The Athletic က ဖော်ပြပါတယ်။ လီဗာပူးအသင်းရဲ့ ကစားသမားခေါ်ယူရေး အဖွဲ့ဟာ လိုဗရန်၊ ဂရုဂျစ်၊ ဝဲလ်ဆန်နှင့် ကားရီးယက်စ်တို့ကို ရောင်းထုတ်ခြင်းဖြင့် ပေါင် သန်း ၆၀ ရှာဖွေဖို့ မျှော်လင့်ခဲ့တာပါ။ ဒါ့အပြင် ရှာကွီရီနှင့် အိုရီဂီတို့ကို ရောင်းထုတ်ခြင်းဖြင့် နောက်ထပ် ပေါင် သန်း ၂၀ ရဖို့ မျှော်လင့်ခဲ့တယ်။ အဆိုပါ ငွေကြေးတွေကို မန်နေဂျာကလော့ပ်… Continue Reading →

ယနေ့ နေ့လည်ခင်း နောက်ဆုံးရ လီဗာပူး အပြောင်းအရွှေ့ သတင်းတိုများ (11/05/21)

အမ်ဘတ်ပီ ထွက်ရင် ဆာလက်ကို ခေါ်ဖို့ကြံနေတဲ့ ပီအက်စ်ဂျီ အမ်ဘတ်ပီနဲ့ ပီအက်စ်ဂျီရဲ့ လက်ရှိစာချုပ်က နောက်ရာသီ ကုန်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပေမယ့် အခုထိ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ ဒါကြောင့် ဘတ်ပီသာ ထွက်ခွာမယ် ဆိုရင် ပီအက်စ်ဂျီက အစားထို့ ပစ်မှတ် အဖြစ် လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဝိုက်နယ်ဒန် နေရာအစားထိုး ပစ်မှတ် လီဗာပူးအသင်းဟာ ရာသီကုန်ရင် ထွက်ခွာတော့မယ့် ဝိုက်နယ်ဒန် နေရာ အစားထိုးဖို့… Continue Reading →

လီဗာပူးအသင်းက လိဒ်ယူနိုက်တက်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ဘူး

လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်တိုက်စစ်သမား ဘမ်ဖိုဒ့်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆိုပါ ကိစ္စက ဖြစ်လာနိုင်ဖို့ ခဲယဉ်လွန်းတယ်လို့ သိရပါတယ်။ တနင်္လာနေ့က The Athletic မှာ သတင်းထောက် David Ornstein ဖော်ပြခဲ့တာက ၂၀၂၂ ခုနှစ်မှာ လိဒ်နဲ့ စာချုပ်ကုန်မယ့် ဘမ်ဖိုဒ့်ဟာ ၂၀၂၃ ခုနှစ်ထိ သက်တမ်းရှိမယ့် တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားခဲ့ပြီလို့ ဖော်ပြတယ်။ ဒါကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုမျိုး မဟုတ်ဘူးဆိုရင် လိဒ်ဘက်က လက်ခံစဉ်းစားပေးမှာ မဟုတ်ပါဘူး။ ဘမ်ဖိုဒ့်ကို လီဗာပူး အပါအဝင်… Continue Reading →

လီဗာပူးကို ပြန်ရောက်လာတဲ့ အီးလီးယော့နှင့် ဗန်ဒန်ဘက်တို့ ရာသီသိမ်းပွဲတွေမှာ ပါဝင်ပေးနိုင်မလား

ဒီအပတ်မှာပဲ လီဗာပူးအသင်းက ချန်ပီယံရှစ်နှင့် လိဂ်ဝမ်းတွေထံ အငှားချထားတဲ့ လူငယ်ငယ်ကစားသမား ၆ ဦးဟာ သက်ဆိုင်ရာကလပ်တွေဖြင့် အငှားစာချုပ် ကုန်ဆုံးခြင်းကြောင့် လီဗာပူးအသင်းထံ ပြန်လာခဲ့ကြပြီဖြစ်ပါတယ်။ အီးလီးယော့၊ ဝဲလ်ဆန်၊ ဗန်ဒန်ဘက်၊ အိုဂျို၊ မီလာ၊ အဒမ်လူးဝစ်တို့ဟာ အက်ဆာလေ့ကျင့်ရေးမှာ အသင်းဖြင့် ပူးပေါင်းကြမှာဖြစ်တယ်။ ၎င်းတို့ သွားရောက်ကစားနေတဲ့ ဘလက်ဘန်း၊ ကာဒစ်၊ ချာတန်၊ ပလိုင်းမောက်အသင်းတို့ဟာ သက်ဆိုင်ရာလိဂ်တွေမှာ playoff တွေ ကစားရဖို့ မရှိခြင်းကလည်း လီဗာပူးထံ ခပ်စောစောပြန်လာဖို့ ဖြစ်လာစေပါတယ်။ ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး လီဗာပူးဘက်က ဘာတွေလုပ်မလဲဆိုတာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!