Date

July 3, 2021

ဒီနွေမှာ ရီနာတို ဆန်းချက်ကို ခေါ်ယူဖို့ လီဗာပူးဘက်က အလေးအနက် စိတ်ဝင်စာလာခဲ့ပါပြီ

ရာသီသစ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် လိုက်ဇစ် ခံစစ်မှူး ကိုနတေးကို ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ကြယ်ပွင့်တွေအတွက် စိတ်ရှည်ရှည် စောင့်ကြည့်နေပြီး ယူရိုပြိုင်ပွဲ အပြီးမှာ တရားဝင် ကမ်းလှမ်းမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ကိုနတေးအတွက် ပေါင် ၃၅ သန်း အကုန်အကျခံ ခေါ်ယူထားခဲ့ခြင်းက ဗန်ဒိုက်ရဲ့ ညာခြမ်း ပါတနာနေရာမှာ ဂိုးမက်စ်၊ မာတစ်နဲ့အပြိုင် စိန်ခေါ်စေဖို့ ဖြစ်လာလိမ့်မယ်။ အခြားသော ခေါ်ယူမှုတွေကတေ့ာ ခပ်မြန်မြန် ဖြစ်လာမှာ မဟုတ်ဘဲ ကစားသမား ရောင်းထုတ်မှုအပေါ်ကို အဓိက မှီတည်းနေမယ်လို့… Continue Reading →

သူ့ထက် နည်းစနစ်ပိုင်း ပိုကောင်းတဲ့ ထိပ်တန်းကစားသမား (၅) ဦးကို ရွေးထုတ်ပြတဲ့ နေမာ

ဘရာဇီးတိုက်စစ်သမား နေမာက ဘောလုံးလောကမှာ သူ့ထက်ပိုပြီး နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ကစားသမားတွေ ရှိပါတယ်လို့ ဖွင့်ဟသွားပါတယ်။ ဘရာဇီးအကျော်အမော် နေမာဟာ ငယ်စဉ်တည်းက သူ့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးသူဖြစ်တယ်။ အခုလို သူကိုယ်တိုင်က အသိအမှတ်ပြုရတဲ့ ကစားသမားတွေ ရှိတာက ဒီကစားသမားတွေရဲ့ နည်းစနစ် ထူးချွန်မှုက မေးခွန်းထုတ်စရာ မလိုတဲ့ အနေအထား ဖြစ်ပါတယ်။ ကမ္ဘာဘောလုံးလောကရဲ့ နည်းစနစ်အကောင်းဆုံး ကစားသမားတွေအကြောင်း ဖြေဆိုရာမှာ နေမာက ” ကမ္ဘာပေါ်မှာ နည်းစနစ်အကောင်းဆုံး ကစားသမား ၅ ဦးလား? ကျနော်… Continue Reading →

ဗန်ဒိုက်ရဲ့ ရာသီကြို ပြင်ဆင်မှုကို မြင်အပြီး ဂရုစိုက်ထားကြတော့လို့ လီဗာပူးပရိသတ်တွေ တုန့်ပြန်

မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာ ရိုက်ခတ်မှုကြီးတွေနဲ့အတူ အတော်လေး ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်ဖို့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ရာသီသစ်မှာ ဗန်ဒိုက်၊ သီယာဂို၊ ဖာဘင်ညိုတို့နဲ့တကွ အဓိက တိုက်စစ်သမားတွေ ဒဏ်ရာကင်းစင်နေမယ်ဆိုရင် လီဗာပူးရဲ့ စိန်ခေါ်နိုင်စွမ်းက ထိပ်တန်းမှာ ရှိနေဆဲဖြစ်တယ်။ ယူရိုပြိုင်ပွဲ မပြီးဆုံးသေးပေမယ့် ခံစစ်မှူး ဗန်ဒိုက်က သူ့ရဲ့ ရာသီကြို လေ့ကျင့်ရေး ပူးပေါင်းမှု မစတင်ခင် တစ်ဦးတည်း လေ့ကျင့်နေမှု ဗီဒီယိုကို ထုတ်ပြခဲ့ပါတယ်။ ရာသီကြို မစတင်ခင် ရာနှုန်းပြည့် ကြံ့ခိုင်မှုအတွက် တောက်လျှောက် လေ့ကျင့်ရေးဆင်းနေတဲ့… Continue Reading →

လီဗာပူးနဲ့ ဇာတ်လမ်းတွေ ရှိထားပြီး တစ်ရက်မှာ အသင်းထံ ပြောင်းလာနိုင်မယ် ယုံကြည်ထားတဲ့ ဒိုကူ

ပြင်သစ်ကလပ် ရီးနက်စ်အသင်းမှ တိုက်စစ်သမား ဒိုကူရဲ့ ဘယ်ဂျီယံအသင်းက ကွာတားဖိုင်နယ်မှာ အီတလီကို အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရပြီဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲအတွင်း ဒိုကူရဲ့ ခြေစွမ်းတွေကို မြင်ရတော့မှာ မဟုတ်ပေမယ့် သူဟာ အနာဂတ်မှာ လီဗာပူးကို ပြောင်းလာနိုင်ချေရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ လီဗာပူးအသင်းဟာ ကစားသမား ၁၅ နှစ်အရွယ်တည်းက အသင်းထံ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး သီးသန့် ပြောဆိုမှုတွေပါ ရှိခဲ့ပါတယ်။ ဒိုကူဟာ ယာဂင်ကလောပ်၊ မာနေး၊ ဝိုက်နယ်ဒမ်၊ စတီဗင်ဂျရတ်တို့ဖြင့် ဆွေးနွေးခွင့်ပါ ရခဲ့ပြီး တစ်ရက်မှာ ပိုကောင်းလာမယ့်သူ့ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!