Date

July 16, 2021

Official: ပိုလန်စတား မြူဇီယန်လိုစကီးကို ပရော်ဖက်ရှင်နယ်စာချုပ် ပေးနိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူး အကယ်ဒမီစတားလေး မြူဇီယန်လိုစကီးဟာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို အသင်းနဲ့ တရားဝင် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အောက်တိုဘာမှာ အသက် ၁၈ နှစ်ပြည့်မယ့် မြူဇီယန်လိုစကိးဟာ အသင်းနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ အနည်းဆုံး ၂၀၂၄ ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်။ သြစတြီးယား ရာသီကြိုမှာ ယာဂင်ကလော့ပ်ရဲ့ စီနီယာအသင်းနဲ့အတူ လိုက်ပါလာခဲ့တဲ့ ပိုလန်လူငယ်လေးဟာ မနှစ်က နွေမှာပဲ အသင်းနဲ့ ပူးပေါင်းခဲ့သူဖြစ်တယ်။ မနှစ်ကရာသီ ယူ-၁၈ အသင်းမှာ တောက်ပခဲ့တဲ့ တိုက်စစ်သမားဟာ လာမယ့်ရာသီမှာ… Continue Reading →

လီဗာပူးအားကစားဒါရိုက်တာ အတ်ဝပ်က အော်ဝါနဲ့ နွိုက်ဟောက်ကို ကြိုးစားနေခြင်းဖြစ်တယ်

လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်ရဲ့ ဖော်ထုတ်မှုအရ ကလပ်ဟာ ဆောနီဂွက်စ်နဲ့ ရီနာတို ဆန်းချက်စ်တို့အတွက် ညိနှိုင်းမှု လုပ်နေတယ်ဆိုတဲ့ ကိစ္စဟာ မမှန်ကန်တဲ့ သတင်းပဲဖြစ်ကြောင်း ကလပ်ရဲ့ စီနီယာအရာရှိက သတင်းပေးထားတယ်လို့ ဆိုပါတယ်။ ဘရိုက်တန်မှ ဘစ်ဆိုးမားနဲ့ လက်စတာမှ တိုင်လီမန်းတို့နဲ့ ထွက်ပေါ်နေတဲ့ သတင်းကိုလည်း အဆိုပါ အရာရှိကပဲ ပယ်ချခဲ့ပြီဖြစ်တယ်။ တိုင်လီမန်းနဲ့ မက်ဂင်တို့ကို လီဗာပူးအသင်းဘက်က သဘောကျခဲ့တာတော့ မှန်ပေမယ့် လက်စတာက ပေါင် သန်း ၆၀၊ အက်စတွန်ဗီလာက ပေါင် သန်း ၅၀ အသီးသီး ဈေးခေါ်ထားမှုတွေက… Continue Reading →

လိုကတ်တယ်လီကို ရောင်းထုတ်ရရင် လီဗာပူးကွင်းလယ်လူကို ပြန်ခေါ်ဖို့ စီစဉ်နေတဲ့ ဆူဆိုလိုအို

စီးရီးအေကလပ် ဆူဆိုလိုအိုအသင်းဟာ လိုကတ်တယ်လီနေရာ အစားထိုးဖို့အတွက် လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ကို ဦးစားပေးအဖြစ် ချိန်ရွယ်ထားတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ အီတလီလက်ရွေးစင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းက ညိနှိုင်း စကားပြောနေတယ်။ လိုကတ်တယ်လီကို ခေါ်ယူရေးအတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကလည်း စိတ်ဝင်စားထားပါတယ်။ ကွင်းလယ်လူကို ခေါ်ယူဖို့ဆိုရင် ထပ်တိုးကြေးတွေ အပါ ပေါင် သန်း ၄၀ လောက် ကျသင့်မှာလည်း ဖြစ်ပါတယ်။ မနှစ်ကရာသီ စီးရီးအေကလပ်အတွက် အမှတ်ပေးပွဲ ၃၄ ပွဲထိ ကစားပေးခဲ့တဲ့ လိုကတ်တယ်လီဟာ ယူရို ၂၀၂၀ မှာလည်း… Continue Reading →

လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီနဲ့ ပတ်သက်လို့ ပရိသတ်တွေကြား ငြင်းခုန်မှုဖြစ်ပွား

လီဗာပူး နာမည်ကျော် သတင်းထောက်ဖြစ်သူ ဂျိမ်းပီယော့ဇ်က အသင်းရဲ့ ဈေးကွက်အတွင်း လှုပ်ရှားနေတဲ့ အခြေအနေကို The Athletic က ဖော်ပြခဲ့ရာမှာ ပရိသတ်တွေကြား အငြင်းပွားမှုတွေ ကြီးမားခဲ့ပါတယ်။ ပီယောဇ့်က ဆိုရာမှာ အားကစားဒါရိုက်တာ အတ်ဝပ်၊ လက်ထောက်ဒါရိုက်တာ ဂျူလီယန်ဝတ်တို့ဟာ ကစားသမားခေါ်ယူရေးဆိုင်ရာ အကြီးအကဲ ဒေ့ဖော်လိုး၊ ကင်းထောက်ချုပ် ဘယ်ရီဟန်တာတို့နဲ့အတူ ကလပ်အတွက် အဝင်အထွက် စာရင်းတွေကို ကြိုးစား စီမံပေးနေတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြင်ပမှ ကစားသမားအချို့ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အရင်ဆုံး ကစားသမား ရောင်းထုတ်ဦးမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှ… Continue Reading →

အနည်းငယ် ထူးဆန်းနေနိုင်တဲ့ သူ့ရဲ့ အရည်အချင်းကောင်းတစ်ခုကို ဖွင့်ဟသွားတဲ့ ကိုနတေး

လီဗာပူးခံစစ်မှူးသစ် ကိုနတေးက သူဟာ ဘယ်လိုကစားသမားလဲဆိုတာကို မိတ်ဆက်မှု ပြုလုပ်သွားရာမှာ သူဟာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ကြောင်းကိုပါ ထုတ်ဖော် ပြောဆိုပါတယ်။ သြစတြီးယားက ရာသီကြို လေ့ကျင့်ရေးကို အသင်းဖော်တွေနဲ့အတူ ရောက်ရှိနေတဲ့ ကိုနတေးဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ပြန်လည်တည်ဆောက်တဲ့ လေ့ကျင့်ရေးတွေနဲ့ ယာဂင်ကလော့ပ် နည်းပြအဖွဲ့ဝင်တွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေကို သင်ယူနေပြီဖြစ်ပါတယ်။ ကိုနတေးက ” ကျနော်က လူကောင်ကြီးပြီး သန်မာပါတယ်။ ဘောလုံးကိုင်ဖို့လည်း ကြောက်ရွံ့မနေတတ်သူပါ ” ဆိုပြီး လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေ သူ့ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဖြေဆိုမှု… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!