Date

July 21, 2021

ချိန်ဘာလိန်ကို နံပါတ် ၉ နဲ့ အယ်လီယော့ကို နံပါတ် ၁၀ နေရာတွေမှာ ဆက်သုံးဖွယ်ရှိတဲ့ ယာဂင်

ရာသီကြို ပထမအပတ် လေ့ကျင့်မှုအရ လီဗာပူးနည်းပြအဖွဲ့က အသင်းသား အချို့ကို နေရာပြောင်းကစားစေမယ်လို့ သတင်းတွေထွက်နေပြီး မိနစ် ၃၀ စာ ပထမဆုံး ချစ်ကြည်ရေးပွဲ နှစ်ပွဲမှာတော့ အဆိုပါ ကိစ္စတွေ အမှန်ဖြစ်လာတာကို မြင်ထားရပါတယ်။ လီဗာပူးက စတုဂတ်ကို ၁-၁ သရေကျတဲ့ ချစ်ကြည်ရေးပွဲမှာ ချိန်ဘာလိန်က အထောင်တိုက်စစ်သမား နေရာက ပွဲထွက်လာပြီး တိုက်စစ်သမားဖြစ်တဲ့ အယ်လီးယော့က နံပါတ် ၁၀ နေရာဖြစ်တဲ့ ကွင်းလယ် တိုက်စစ်နေရာကို ပြောင်းကစားလာတာကို မြင်ခဲ့ရတယ်။ ချိန်ဘာလိန်က ပုံမှန်အားဖြင့် ကွင်းလယ် နံပါတ်… Continue Reading →

ရလဒ်အတွက် ဝမ်းနည်းမိပေမယ့် စတုဂတ်နဲ့ မိနစ် ၃၀ ကစားရမှုကို ကျေနပ်ကြောင်း ဖွင့်ဟတဲ့ ကိုနတေး

လီဗာပူးရဲ့ အဓိက ကစားသမားတွေ ပါဝင်တဲ့ စတုဂတ်နဲ့ မိနစ် ၃၀ ခြေစမ်းပွဲက ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ခံစစ်မှူးသစ် ကိုနတေးက လူငယ်ခံစစ်မှူး ရိုင်းနဲ့ တွဲဘက် ကစားခွင့်ရခဲ့တယ်။ ကိုနတေးက ပွဲအစ ၆ မိနစ်မှာတင် ဖီးလစ် ဖော်စတာရဲ့ အဖွင့်သွင်းဂိုးကို ခွင့်ပြုရတာအတွက် စိတ်ပျက်ခဲ့ပေမယ့် လီဗာပူးဂျာစီ ဝတ်ဆင်ကစားခဲ့ရတဲ့ ပထမဆုံးပွဲဖြစ်တာအတွက် ပျော်ရွှင်နေပါတယ်။ ကိုနတေးက “ မမေ့နိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ပွဲကို အနိုင်မရခဲ့တာအတွက်တော့ အနည်းငယ် ဝမ်းနည်းမိပေမယ့် အဆင်ပြေပါတယ်။… Continue Reading →

ဝဲလ်ဆန်အတွက် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ဖူလ်ဟမ်အသင်းထံ အကြောင်းပြန်ထားတဲ့ လီဗာပူး

ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဒီနွေမှာတင် လီဗာပူးတောင်ပံသမား ဟယ်ရီဝဲလ်ဆန်ကို ခေါ်ယူသွားဖို့ ရေပန်းစားလာခဲ့ပါတယ်။ လီဗာပူးမှာ ၁၆ နှစ်ကြာ ရှိခဲ့ပေမယ့် စီနီယာကစားခွင့်မရ ဖြစ်နေတဲ့ ဝဲလ်ဆန်ဟာ ကုန်ခဲ့တဲ့ ၃ ရာသီအတွင်းမှာ ဒါဘီ၊ ဘုန်းမောက်၊ ကာဒစ် အသင်းတွေထံ အငှားထွက်ကစားနေခဲ့တယ်။ အသက် ၂၄ နှစ်အရွယ် ရှိလာပြီဖြစ်တဲ့ တိုက်စစ်သမားကို ဒီနွေမှာတင် အပြီးသတ် ရောင်းထုတ်ဖို့ကို လီဗာပူးဘက်က ဆုံးဖြတ်ထားပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်လာဖို့ ပြင်ဆင်နေတဲ့ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်ကော၊ ချန်ပီယံရှစ်မှာပါ အတွေ့အကြုံရှိတဲ့… Continue Reading →

ချစ်ကြည်ရေးပွဲတွေမှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို မထည့်နိုင်ခြင်းအပေါ် ယာဂင်ကလော့ပ် ရှင်းပြ

မနေ့ညက လီဗာပူးအသင်းဟာ မိနစ် ၃၀ စာ ချစ်ကြည်ရေးပွဲ ၂ ပွဲကို နှစ်သင်းခွဲပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ကို မထည့်ခဲ့ပါဘူး။ မနှစ်ကရာသီမှာ ကာလရှည် ဒဏ်ရာတွေ ရထားခဲ့တဲ့ သူတို့ နှစ်ဦးဟာ ရာသီကြိုမှာ အကောင်းဆုံး ပါဝင်ထားပေမယ့် ဒီရာသီစမှာတင် လီဗာပူးအတွက် ပွဲထွက်ပေးနိုင်မလား မသေချာသေးတာဖြစ်တယ်။ ပထမဆုံး ချစ်ကြည်ရေးနှစ်ပွဲမှာ မပါနိုင်တာကတော့ ဆေးအဖွဲ့ထံက ခွင့်ပြုချက် မရသေးတာကြောင့်လို့ သိရတယ်။ ကိုဗစ်ကာလကတည်းက လီဗာပူးကစားသမားတွေဟာ ပြင်းထန်တဲ့ ပွဲဆက်တွေကြောင့် မကြာခဏ ဒဏ်ရာတွေဖြစ်လာခဲ့တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!