Date

July 22, 2021

မိန့်နဲ့ပွဲမှာ အတ်ဒရီယန်နဲ့ ကားရီးယက်စ်ကိုကျော်ပြီး ဘာလို့ ကလယ်ဟာကို ဂိုးဖမ်းခိုင်းမှာလဲ

မနက်ဖြန်ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီမှာတော့ မိန့်နဲ့ လီဗာပူးအသင်းတို့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဂိုးသမားအဖြစ် ကလယ်ဟာကို တာဝန်ပေးမှာ ဖြစ်ပါတယ်။ အစောပိုင်း မိနစ် ၃၀ နှစ်ပွဲမှာ အတ်ဒရီယန်နဲ့ ကားရီးယက်စ်ကို တာဝန်ယူစေခဲ့ပြီး မိနစ် ၉၀ ပုံမှန်ကစားမှုမှာ ကလယ်ဟာကို တာဝန်ပေးမှာက အယ်လီဆန်ရဲ့နောက် နံပါတ် ၂ နေရာအတွက် ကလယ်ဟာကို လျာထားပြီဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်တယ်။ မိန့်နဲ့ပွဲမှာ ဘာလို့ ကလယ်ဟာကို တာဝန်ပေးသလဲဆိုတာက သြစတြီးယား ရာသီကြိုက… Continue Reading →

Interview | ကားရီးယက်၊ အတ်ဒရီယန်တို့ကို ကျော်ပြီး မိန့်နဲ့ပွဲမှာ ပွဲထွက်ရမယ့် ကလယ်ဟာရဲ့ အင်တာဗျူး

ရာသီကြိုမှာ အသေးစားဒဏ်ရာ ရှိထားခြင်းကြောင့် ဂိုးသမား ကွီဗန် ကလယ်ဟာကို မိနစ် ၃၀ ကစားတဲ့ အစောပိုင်း ချစ်ကြည်ရေးပွဲ ၂ ပွဲမှာ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ သို့ပေမယ့်လို့ ဒဏ်ရာက ပြန်သက်သာနေတဲ့ လူငယ်ဂိုးသမားလေးဟာ သောကြာနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘွန်ဒက်လီဂါကလပ် မိန့်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရလာဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာပဲ ကလယ်ဟာက “ ဒူးမှာ ထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ် ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ပါဘူး။ ကျနော် လေ့ကျင့်ရေးမှာ ပြန်ပါနေပြီး မိန့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ… Continue Reading →

အေးဂျင့်ထံ တရားဝင် မေးမြန်းမှုဖြင့် နက်ဖီးလစ်၊ အိုဂျိုတို့ကို ခေါ်ယူနိုင်ရေး ကြိုးစားလာတဲ့ လေဗာကူဆင်

ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ လီဗာပူး ကစားသမားတွေဖြစ်တဲ့ နက်ဖီးလစ်နဲ့ အိုဂျိုတို့အတွက် ကြိုးစားမှု စတင်လာခဲ့ပြီလို့ သိရပါတယ်။ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ အပါအဝင် လီဗာပူးအတွက် ပွဲ ၂၀ ကစားပေးခဲ့တဲ့ နက်ဖီးလစ်ဟာ ရာသီသစ်မှာတော့ ပုံမှန်ပွဲထွက်ခွင့်အတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်တယ်။ ကိုနတေး ရောက်လာခဲ့ပြီဖြစ်သလို ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လည်း ရှိနေသေးတာကြောင့် နေရာပြိုင်ဆိုင်မှုက ပြင်းထန်လာဖို့ ရှိနေပါတယ်။ စကိုင်းစပေါ့ရဲ့ အဆိုအရ လေဗာကူဆင်ဟာ နက်ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်အဖွဲ့ဖြစ်တဲ့ Murdock… Continue Reading →

ဆောင်းပါး | ဆာ ဖာ မာ အပါအဝင် အားလုံးကိုတော့ အိုမင်းတဲ့ထိ ထိန်းသိမ်းသွားမှာ မဟုတ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လူစာရင်း အသစ်တည်ဆောက်မှုထက်စာရင်း ပြောင်းလဲ တည်ဆောက်မှုကို ရွေးချယ်လာမှာဖြစ်ပြီး အသက် ၃၀ အထက် ကစားသမားတွေဟာ အသင်းမှာ အနာဂတ်ရှည် ဆက်ဖို့ သံသယဝင်စရာ အနေအထားကို ရောက်လာခဲ့ပါပြီ။ The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်ကပဲ ဒီနွေမှာ လီဗာပူးအသင်းဟာ အဓိက ကစားသမားအချို့ကို ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ် အဓိက ပါဝင်ကြိုးကိုင်မယ် သက်တမ်းတိုးမှုမှာ အယ်လီဆန်၊ ဖာဘင်ညို၊ ဗန်ဒိုက်၊ ထရန့်၊ ရော်ဘတ်ဆန်တို့… Continue Reading →

ဘိုဝမ်အတွက် ပေါင် ၃၅ သန်း၊ နက်ဖီးလစ်၊ မာလန်း အပါအဝင် လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အသင်းနဲ့ ရာသီကြို ပူးပေါင်းရာမှာ အဆင်သင့်ဖြစ်ဖို့ တစ်ဦးတည်း လေ့ကျင့်ရေးတွေကို စတင်နေပါပြီ။ သြစတြီးယားရောက် လီဗာပူးအသင်းသားတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ရေးကြားမှာ နားချိန်တွေလည်း ရဟန်ရှိပြီး အသင်းသားတွေ ပျော်ရွှင်စွာဖြင့် လည်ပတ်နေကြတာကို မြင်ရပါတယ်။ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ ခံစစ်မှူး နက်ဖီးလစ်ကို ခေါ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့်လည်း ခေါ်ယူလိုကြောင်း စာရင်းပေးမှု လုပ်ခဲ့ပါတယ်။ ဝက်ဟမ်းအသင်းက ဘိုဝမ်အတွက် လီဗာပူးထံက တရားဝင် ကမ်းလှမ်းမှုကို မရသေးကြောင်းနဲ့ တိုက်စစ်သမားအတွက် ပေါင် ၃၅ သန်းထက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!