Date

July 23, 2021

အဲဗာတန် အသင်းကို နည်းပြအဖြစ် ဘယ်တော့မှ တာဝန်ယူဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့ ဂျရတ်

လီဗာပူးအသင်းရဲ့ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက် ဖြစ်တဲ့ အဲဗာတန်အသင်းမှာ နည်းပြ အန်ဆယ်လော့တီ ထွက်ခွာသွားပြီးနောက် လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ စကော့တလန်ကလပ် ရိမ်းဂျားစ်အသင်း မန်နေဂျာ ဖြစ်နေတဲ့ စတီဗင် ဂျရတ်က လီဗာပူးနည်းပြဟောင်း ရာဖေးဘင်နီတက်ဇ် အဲဗာတန် နည်းပြ ဖြစ်လာတဲ့ အပေါ် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျရတ်က သူ့အတွက် ဆိုရင်တော့ အဲဗာတန်အသင်းကို ကိုင်တွယ်ဖြစ်ဖို့ ဘယ်တော့မှ ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ယတိပြတ် ဆိုခဲ့ပါတယ်။ ဂျရတ်ရဲ့ ရိမ်းဂျားစ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက… Continue Reading →

ကလပ် ကြယ်ပွင့်ကို ယူနိုက်တက်ထံ ဆုံးရံှူးရဖို့ ရှိနေပြီး နယူးကာဆယ် ဂန္တဝင်ရဲ့ သားကို ပြန်ခေါ်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် စီနီယာအသင်း လူစာရင်းထဲ အင်အားဖြည့်ဖို့ ကြိုးစားနေရင်းမှာပဲ သက်တမ်းအလိုက် လူငယ်အသင်းတွေအတွက် စီမံမှုတွေကိုလည်း ဆက်တိုက် လုပ်နေပါတယ်။ ယူ-၁၈ အသင်းသားအချို့ကို ပရော်ဖက်ရှင်နယ် စာချုပ်သစ်တွေပေးပြီး ယူ-၂၃ အသင်းအတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့တယ်။ အဲ့အထဲက ကလပ်ရဲ့ ထိပ်တန်း လူငယ်တစ်ဦးဖြစ်တဲ့ အီသန်းကို စာချုပ်သစ်ပေးရေးကိစ္စ မအောင်မြင်ခဲ့ဘဲ ၁၆ နှစ်သား ကြယ်ပွင့်လေးဟာ ယူနိုက်တက်ထံ ပြောင်းရွှေ့သွားဖို့ ရှိနေပြီဖြစ်တယ်။ ချယ်ဆီးလေ့ကျင့်ရေးကိုလည်း သွားရောက် လေ့လာခဲ့တဲ့ ဆယ်ကျော်သက်လေးဟာ ယူနိုက်တက်ထံပဲ ပြောင်းဖို့ ပိုနီးစပ်နေပါတယ်။ လီဗာပူးက… Continue Reading →

Interview | လီဗာပူးပရိသတ်တွေအတွက် သတင်းကောင်းကို အမှာပါးတဲ့ ဆာဒီယို မာနေး

လီဗာပူးကစားသမားဘဝ အရှည်ဆုံး နွေအားလပ်ရက်ကို အနားရခဲ့သလို အချိန်အကြာဆုံး ရာသီကြိုအဖြစ် ၄ ပတ်လောက် အသင်းဖော်တွေနဲ့ အတူတကွ အချိန်ကုန်ဆုံးရမယ့်နောက် ရာသီသစ်အတွက် သူအဆင်သင့်ဖြစ်နေပြီလို့ မာနေးက ထုတ်ပြောလာပါတယ်။ မနှစ်ကရာသီမှာ ခက်ခဲစွာ ရုန်းကန်ခဲ့ရပြီး သွင်းဂိုး ၁၆ ဂိုး သွင်းနိုင်ခဲ့တာကို မာနေးက မကျေနပ်ပါဘူး။ လာမယ့်ရာသီမှာတော့ သွင်းဂိုးတွေဖြင့် မြူးတူးပျော်ပါးနေတဲ့ ဆာဒီယိုကို ပြန်တွေ့ရစေပါမယ်လို့ ဆာဒီယိုက လီဗာပူးပရိသတ်တွေကို သတင်းစကား ပါးခဲ့ပါတယ်။ လီဗာပူးဝဘ်ဆိုဒ်ကို မာနေး ဖြေဆိုပေးခဲ့တဲ့ အင်တာဗျူးအား ဖော်ပြလိုက်ပါတယ်။ LFC –… Continue Reading →

ယာဂင် ချီးမွန်းရမှုနဲ့ ရာသီကြိုမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး အသင်းသားဖြစ်လာတဲ့ ချိန်ဘာလိန်

လီဗာပူးပရိသတ်တွေဟာ ချိန်ဘာလိန်နဲ့ ပတ်သက်လာရင် မျှော်လင့်ချက်ကြီးတွေ သိပ်မရှိကြတော့ပါဘူး။ ပထမဆုံးရာသီမှာ ထိပ်တန်းခြေစွမ်းတွေ ပြသခဲ့ပေမယ့် ဒဏ်ရာရပြီးနောက်ပိုင်း သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် ပရိသတ်တွေက စိတ်ပျက်လာခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့်လို့ မနှစ်က နိုဝင်ဘာမှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ချိန်ဘာလိန်က အဲ့နောက်ပိုင်းမှာ လီဗာပူးရဲ့ လေ့ကျင့်ရေး အားလုံးနီးပါးကို တောက်လျှောက် ပြန်ပါလာနိုင်ခဲ့တယ်။ သူ့ရဲ့ ကြံ့ခိုင်မှုအရ ပွဲစဉ်တွေမှာ ပါဝင်လာတာမျိုး မမြင်ရပေမယ့် ကာလရှည် ကြိုးစားလာမှုဟာ ဒီနွေမှာတော့ သက်ရောက်မှု ရှိလာခဲ့ပြီး ရာသီကြိုကို အကောင်းဆုံး ပါဝင်လာနိုင်ပါပြီ။ ရာသီကြိုမှာ ချိန်ဘာလိန်ရဲ့… Continue Reading →

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ရာသီကြိုပြိုင်ဘက် မိန့်အသင်းအကြောင်း အနည်းငယ် မိတ်ဆက်ခြင်း

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီမှာတော့ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် မိန့်အသင်းနဲ့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြိုကို စတင်ခဲ့တာ ၁၂ ရက်ဝန်းကျင် ရှိလာခဲ့ပြီဖြစ်တယ်။ ဒီကြားထဲမှာ ကြံ့ခိုင်မှု စမ်းသပ်ခြင်းအဖြစ် မိနစ် ၃၀ စာ ခြေစမ်းပွဲ ၂ ပွဲကိုလည်း ကစားထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီသစ်အတွက် ပြင်ဆင်မှုတွေဟာ အရှိန်ကောင်းလာနေပြီလို့ ဆိုနိုင်ပါတယ်။ လီဗာပူးရဲ့ ရာသီကြိုပြိုင်ဘက် မိန့်အသင်းနဲ့ ပတ်သက်လို့ အနည်းငယ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!