Date

July 24, 2021

ရာသီကြို ခြေစွမ်းတွေက လီဗာပူးအသင်း ရှိရမယ့် အဆင့်နား လုံးဝတောင် မနီးစပ်သေးဘူးဆိုတဲ့ ယာဂင်

မန်နေဂျာယာဂင်ကလော့ပ်က ရာသီကြိုပွဲ ၃ ပွဲကစားထားပြီဖြစ်တဲ့ အသင်းရဲ့ ခြေစွမ်းတွေဟာ ရာသီသစ်မှာ အသင်းရှိရမယ့် ခြေစွမ်းအနား လုံးဝတောင် မနီးစပ်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ရာသီကြိုဆိုတာက အကောင်းဆုံးတွေကို ရာနှုန်းပြည့် လုပ်ပြဖို့ထက် ဘယ်လောက် အတိုင်းအတာထိ အကောင်းဆုံး လုပ်ပြနိုင်မလဲကို စောင့်ကြည့်ရတဲ့ အနေအထားလို့ သူမြင်ပါတယ်။ အခုချိန်ထိ ဒဏ်ရာပြဿနာကင်းကင်းနဲ့ စွမ်းဆောင်ပြနေတာကိုပဲ ကျေနပ်ကြောင်း မန်နေဂျာကြီးက အသင်းဝဘ်ဆိုဒ်ကို ထုတ်ပြောခဲ့ပါတယ်။ ယာဂင်က ” ပွဲအပြီး နောက်ရက်မှာ လေ့ကျင့်ချိန် ၂ ချိန် ထပ်ရှိပါမယ်။ ပွဲမတိုင်ခင်… Continue Reading →

ဝဲလ်ဆန် အပြောင်းအရွှေ့ သေချာခဲ့တာကြောင့် အသုံးစရိတ် ပေါင် သန်း ၃၀ ရပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးတောင်ပံလူ ဟယ်ရီဝဲလ်ဆန်ဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းထံ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့ရေးကိစ္စ သေချာခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းထောက် ဂျိမ်းပီယော့ဇ်ကလည်း အတည်ပြုပေးခဲ့ပါပြီ။ ဝဲလ်ဆန်ဟာ ဆေးစစ်မှုတွေလုပ်ဖို့ရာ သြစတြီးယားက လီဗာပူးရာသီကြို လေ့ကျင့်ရာနေရာကနေ ဗြိတိန်ကို ပြန်ဖို့ ထွက်ခွာပြီဖြစ်တယ်။ ဝဲလ်ဆန်နဲ့ ဖူလ်ဟမ်ကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားခဲ့ပြီး ဖြစ်ပါတယ်။ အရင်အပတ်ကပဲ ဂျိမ်းပီယော့ဇ်က လီဗာပူးအသင်းက ဖူလ်ဟမ်အသင်းကို ဝဲလ်ဆန်အတွက် ပေါင် ၁၅ သန်း ရလိုကြောင်း အကြောင်းပြန်ထားခဲ့တယ်။ ထိုစဉ်တုန်းက ဖူလ်ဟမ်ဘက်က… Continue Reading →

သူ့နေရာက ကမ္ဘာအဆင့်ကစားသမားနဲ့ တွဲဘက်လေ့ကျင့်ရဖို့ စောင့်မျှော်နေတဲ့ လီဗာပူးကြယ်ပွင့် အိုဝင်ဘက်

ရာသီကြိုမတိုင်ခင်တည်းက သတင်းထွက်နေတဲ့ လီဗာပူးကြယ်ပွင့်လေး အိုဝင်ဘက်ဟာ မိန့်ကို ရင်ဆိုင်တဲ့ ချစ်ကြည်ရေးပွဲမှာ ၄၅ မိနစ် ထပ်မံ ကစားခွင့်ရခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘောကို မိန့်ဘက်က ကိုယ်ဂိုးကို သွင်းယူမှုနဲ့အတူ ပွဲအား အနိုင်ရစေခဲ့ပါတယ်။ အသက် ၁၈ နှစ်သား ဝေလ်းဘယ်အစွန်လူလေးဟာ ရာသီကြိုမှာ ဒုတိယအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ ဘယ်ခြမ်းက သူ့ရဲ့ ဖြတ်တင်မှုကို မိန့်ဘက်က ရှင်းထုတ်ရင်း ကိုယ်ဂိုးကို သွင်းယူမိခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါ သွင်းဂိုးက ကိုယ်တိုင် သွင်းယူရသလို… Continue Reading →

ဆောင်းပါး | ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ခြားနားတဲ့ အကြပ်အတည်းတွေ ရင်ဆိုင်နေရဆဲ ယာဂင်နဲ့ လီဗာပူး

မနှစ်ကရာသီမှာ ခံစစ်ပိုင်းအတွက် ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်ရအပြီး လီဗာပူးဟာ နောက်ဆုံး ရမှတ် ၃၀ အတွင်း ၂၆ မှတ် ရယူနိုင်မှုနဲ့အတူ အမှတ်ပေးဇယား အဆင့် ၃ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ နက်ဖီးလစ်နဲ့ ရိုင်းဝီလီယံတို့ တောက်ပမှုက လီဗာပူးကို ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခု ရစေခဲ့ခြင်းဖြစ်တယ်။ တကယ်တမ်းမှာတော့ မနှစ်ကရာသီဝက် အကျော်မှာ လီဗာပူးအသင်းဟာ ရာသီကုန် အဆင့် ၄ အတွင်း မဝင်နိုင်တော့ဘူးလို့ ယူဆခံရတဲ့ အနေအထားထိကို အခြေအနေတွေ ဆိုးရွားခဲ့တာဖြစ်တယ်။ မေလနောက်ပိုင်းမှာ အခြေအနေတွေက… Continue Reading →

လာမယ့်အပတ် ဟာသာဘာလင်နဲ့ ခြေစမ်းပွဲမှာလည်း ကစားခွင့်ရမှာ မဟုတ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်

ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ဟာ သြစတြီးယား ရာသီကြိုမှာ ပါဝင်နေပေမယ့် လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဟာသာဘာလင်နဲ့ ချစ်ကြည်ရေးပွဲမှာလည်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ မနေ့ကပွဲမှာ မန်နေဂျာကလော့ပ်က ကိုနတေးနဲ့ မာတစ်အတွဲ၊ နက်ဖီးလစ်နဲ့ ကိုမတ်တီယို အတွဲတွေကို စမ်းသပ် အသုံးပြုခဲ့တယ်။ လာမယ့်ပွဲမှာလည်း ကိုနတေးနဲ့ မာတစ် အတွဲကိုပဲ ထုတ်သုံးဦးမှာဖြစ်ကာ အဓိက ခံစစ်မှူး နှစ်ဦးကိုတော့ လေ့ကျင့်ရေးတွေမှာ ပါဝင်စေတာကလွဲလို့ မိနစ် ၉၀ ပွဲတစ်ပွဲရဲ့ ဖိအားတွေကို ရင်ဆိုင်စေဖို့ မရှိပါဘူး။ သူတို့ နှစ်ဦးနဲ့ ပတ်သက်ပြီး စွန့်စားမှုတွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!