Month

August 2021

ချယ်ဆီးပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖာမင်နို နိုင်ငံတကာ သီတင်းပတ် အပြီး လိဒ်နဲ့ပွဲမှာ ပါနိုင်မည်မဟုတ်

လီဗာပူးတိုက်စစ်မှူး ဖာမင်နိုဟာ တံကောက်ကြော ဒဏ်ရာနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်အဖွင့်ပွဲကို ပါဝင်နိုင်မယ်လို့ အသင်းသတင်းထောက် Ian Doyle က ထုတ်ပြောလာပါတယ်။ ချယ်ဆီးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဖာမင်နိုဟာ ဒဏ်ရာကြောင့် ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတယ်။ ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်ခြင်းရဲ့ ကနဦး ရလဒ်တွေအရ အခြေအနေ ပြင်းထန်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း သီတင်းပတ် ၂ ပတ်လောက် အနားယူရမယ်လို့တော့ သိလာရတာဖြစ်ပါတယ်။ ဖာမင်နိုဟာ ဒဏ်ရာ မရခဲ့ရင်တောင်မှ နိုင်ငံတကာ… Continue Reading →

နက်ဖီးလစ်၊ ရိုင်း၊ ဂျုံးတို့ ပါဝင်တဲ့ လီဗာပူးအသင်းရဲ့ ဈေးကွက် နောက်ဆုံးရက် လှုပ်ရှားမှုများ

ဈေးကွက် နောက်ဆုံးရက်အတွင်း လီဗာပူးအသင်းရဲ့ အသင်းသားတွေနဲ့ ပက်သက်လို့ စီမံနေမှုတွေကို လီဗာပူးသတင်းထောက် Neil Jones က အခုလို ဖော်ပြသွားပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစသ် ၂ ပွဲမှာ အရန်စာရင်းကနေတောင် ပါဝင်ခွင့်မရထားတဲ့ အိုရီဂီဟာ ဈေးကွက် မပိတ်ခင် အသင်းက ထွက်ခွာသွားနိုင်ဖွယ် မရှိပါဘူး။ သူ့အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှု လုံးဝ မရထားတာကြောင့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးမှာပဲ ဆက်ရှိနေပါမယ်။ သူဟာ ဆာလာနဲ့ မာနေးတို့ သီတင်းပတ်… Continue Reading →

ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးပါလို့ ဆိုလာတဲ့ တိုက်စစ်မှူး ဟာလန်း

ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ နယ်သာလန်နဲ့ နော်ဝေအသင်းတို့ဟာ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ဗန်ဒိုက်နဲ့ ဟာလန်းတို့ဟာ လက်ရွေးစင်အဆင့်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်တယ်။ နော်ဝေသား တိုက်စစ်မှူးကတော့ ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးအဖြစ် ကင်ပွှန်းတပ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ဆဲလ်ဘတ်နဲ့ လီဗာပူးတို့နဲ့အတူ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း ယှဉ်ပြိုင်ဖူးကြသူတွေဖြစ်ပါတယ်။ ဟာလန်းက “ ကျနော်ရဲ့ အမြင်မှာတော့ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးပါ။ ဒါကို လူအတော်များများလည်း သဘောတူကြမယ်လို့ ထင်ပါတယ်။ သူက မြန်တယ်၊ သန်မာတယ်၊ စမတ်ကျတယ်။… Continue Reading →

နွေဈေးကွက် နောက်ဆုံး ၄၈ နာရီမှာ လီဗာပူးက ကစားသမားသစ် ခေါ်ယူသွားဖို့ မရှိပါဘူး

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နွေဈေးကွက် ပိတ်သိမ်းဖို့ ၄၈ နာရီပဲ လိုတော့ချိန်မှာ အသင်းဘက်က တစ်ခုခုများ လုပ်လေမလားလို့ မျှော်လင့်နေသူတွေရှိမယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ဖုန်းပိတ်ပြီး ဒူးနန့်နေလို့ ရပါပြီ။ လီဗာပူးအသင်းဟာ ဈေးကွက် နောက်ဆုံးရက်မှာ ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားသွားမယ့် အလားအလာ လုံးဝကို မရှိပါဘူးလို့ The Athletic မှ သတင်းထောက် James Pearce က ထုတ်ပြောလာခဲ့ပါပြီ။ ကစားသမားသစ်အတွက် မျှော်လင့်စရာ ရောင်ခြည်သန်းလေးများကော ရှိမလားလို့ ထပ်မံ မျှော်လင့်မယ်ဆိုရင် အဖြေကတော့ နည်းနည်းလေးတော့… Continue Reading →

လီဗာပူးကနေ ထွက်ခွင့်တောင်းထားတဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်ရဲ့ အခြေအနေ

လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်ဟာ ဒီရာသီပြီးရင်တော့ သူ အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့ အန်ဖီးအသင်းကနေ ထွက်ခွာမယ်လို့ The Athletic သတင်းထောက် David Ornstein က ဖော်ပြပါတယ်။ လီဗာပူးနဲ့ အတ်ဝပ်ကြား စာချုပ်ကိစ္စဟာ လာမယ့်နွေမှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ သူရဲ့ အနေအထားဟာ အပြီးသတ်ကိစ္စတွေ မဖြစ်လာသေးပေမယ့် လီဗာပူး အကြီးအကဲတွေကို သူထွက်ခွာတော့မယ့် ကိစ္စကို အတ်ဝပ်က အသိပေးထားပြီဖြစ်တယ်လို့ ယုံကြည်ရတယ်။ လီဗာပူးဘက်က စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း အတ်ဝပ်ကို သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးနိုင်အောင်… Continue Reading →

ခံစစ် အထိုင်ချ ကစားတဲ့ အသင်းတွေကို ရင်ဆိုင်ရေး နည်းလမ်းရှာဖို့ လိုနေတဲ့ ယာဂင်

လီဗာပူးအသင်းဟာ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲ သရေကျပြီး ရမှတ် ၇ မှတ် စုဆောင်းထားနိုင်ပြီဖြစ်ပါတယ်။ ဒီကာလတွေအတွင်း ဗန်ဒိုက်နဲ့ မာတစ်တို့ ကြံ့ခိုင်မှု ပြန်လည် တိုးတက်လာနေပြီး ပုံစံကောင်းတွေ ပြန်ရလာနေခဲ့ပြီဖြစ်တယ်။ ပထမ နှစ်ပွဲမှာ ယာဂင်ဟာ ကစားသမား ရွေးချယ်စရာတွေပါ ကြွယ်ဝလာခဲ့ကာ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းတွေကို လိုအပ်သလို လှည့်သုံးနိုင်စွမ်းတွေပါ ရှိနေခဲ့ပါတယ်။ အန်ဖီးကွင်းက ချယ်ဆီးနဲ့ပွဲပြီး ခရာမှုတ်ခဲ့ချိန်မှာ… Continue Reading →

လီဗာပူးရဲ့ ဘောလုံးပေးမှု မြေပုံကပြတဲ့ ညာခြမ်း တြိဂံအတွဲရဲ့ ပွဲအပေါ် လွှမ်းမိုးမှု

ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ ကစားသမား ချိတ်ဆက်ကစားမှုတွေအဖြစ် တိုက်စစ်ပိုင်းမှာ တြိဂံအတွဲတွေ ထုတ်သုံးလာနေတာကို မြင်ခဲ့ရပါတယ်။ ထရန့်နဲ့ ဆာလာတို့ရဲ့ တိုက်စစ်ပိုင်း လုပ်ဆောင်မှုကြားမှာ အယ်လီးယော့ ပါဝင်လာခဲ့ပြီး ညာခြမ်းဘက်မှာ တွဲဘက်ကစားနေစေခဲ့တယ်။ ထိုနည်းတူ ဘယ်ခြမ်းမှာလည်း ရော်ဘတ်ဆန်၊ မာနေးနဲ့ ဟန်ဒါဆန်တို့ဟာ တြိဂံပုံစံ တွဲဘက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါဟာ ယခင်ကလို တိုက်စစ်တန်းက သုံးယောက် ပူးပေါင်းလုပ်ဆောင်မှုကို ထပ်ပေါင်းဖြည့်လာတဲ့ ပုံစံဖြစ်ပါတယ်။ ဒီနွေမှာ အပြောင်းအရွှေ့ လှုပ်ရှားမှု နည်းပါးထားတဲ့ လီဗာပူးဟာ လူငယ်ကြယ်ပွင့် အယ်လီးယော့ကို အတော်လေး နေရာပေးလာခဲ့တယ်။… Continue Reading →

ချယ်ဆီးကို သရေပဲ ကစားနိုင်လို့ လီဗာပူးပရိသတ်တွေ စိတ်ပျက်နေကြတာက ဖြစ်သင့်ကြောင်း ထရန့် ပြော

လီဗာပူးညာအစွန်လူ ထရန့်က အန်ဖီးကွင်းမှာ ချယ်ဆီးကို သရေပဲ ကစားနိုင်တဲ့အပေါ် ပရိသတ်တွေ စိတ်ပျက်နေကြတာက မှန်ကန်တယ်လို့ ယူဆပြီး သူကိုယ်တိုင်လည်း ဖန်တီးမှုတွေ အားနည်းခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ထရန့်နဲ့ မထိခဲ့တဲ့ ဘောလုံး ဂိုးလွန်ဘောဖြစ်ရမယ့်အစား ထောင့်ကန်ဘောအဖြစ် သတ်မှတ်ခံရရာကနေ ရလာတဲ့ အခွင့်အရေးကို ဟာဗက်စ်က သွင်းယူပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးက ချယ်ဆီးနဲ့ သူတင်ကိုယ်တင် ကစားခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို ချယ်ဆီးဘက်က ထိတ်ထိတ်ပြာပြာ ဖျက်ထုတ်ရာက ရိစ်ဂျိမ်း အနီကဒ်ထိတဲ့ ဖြစ်ရပ်ထိပါ… Continue Reading →

ဒီရာသီမှာ လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင် နှစ်သက်ခံရခြင်းတွေ ပိုင်ဆိုင်နေတဲ့ ခံစစ်သမား

ဒီရာသီမှာ ဗဟိုခံစစ်မှူး မာတစ်ဟာ လီဗာပူးပရိသတ်တွေကြား အတော်လေး လူပြောများလာနေပြီး သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်တွေကို အထင်ကြီးမှုတွေလည်း ပြန်လည် မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဗန်ဒိုက်ပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အကောင်းဆုံး ခံစစ်မှူးလား? ဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်ခဲ့ပေမယ့်လည်း မာတစ်ရဲ့ ဂုဏ်သတင်းဟာ သူ့ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့တာပါ။ နှစ်တိုင်းမှာ ဒဏ်ရာရတတ်ခြင်းကပဲ သူ့အပေါ် လီဗာပူးပရိသတ်တွေ အဓိက စိတ်ပျက်နေရတဲ့ အချက်ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဗဟိုခံစစ်မှူးတွေ ပြန်စုံလာခဲ့ပြီဖြစ်လို့ မနှစ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!