Month

August 2021

စွမ်းဆောင်ရည် ကျဆင်းနေခဲ့တဲ့ လီဗာပူးရဲ့ ဘယ်ခြမ်းတိုက်စစ်

ချယ်ဆီးနဲ့ပွဲမှာ ဘယ်အစွန်လူ ရိုဘို ပြန်လည် ပါဝင်လာခဲ့ပြီး တွဲဘက်ဟောင်းကြီး မာနေးနဲ့ ယှဉ်တွဲ ကစားခဲ့ပေမယ့် လီဗာပူးရဲ့ ဘယ်ခြမ်း အားနည်းမှုက မြင်သာခဲ့ပါတယ်။ ရာသီသစ်ရဲ့ ပထမဆုံးပွဲအဖြစ် အသက် ၂၇ နှစ်အရွယ် ဘယ်အစွန်လူဟာ သူ့ရဲ့ နေရာကို ပြန်လည် ရယူနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုစတက်နဲ့ လူစားလဲခံခဲ့ရပေမယ့် အဲ့အချိန်က ပွဲအဖြေကို ပြောင်းလဲနိုင်လောက်အောင် တန်ပိုမြင့်နေတဲ့ အနေအထား မဟုတ်တော့ပါဘူး။ ရိုဘိုဟာ မောပန်းနေတဲ့ အနေအထား မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ထောက်ပံ့မှုမှာတော့ တက်ကြွတဲ့ ကစားဟန်မျိုး… Continue Reading →

အနီကဒ်ပြစ်ဒဏ်က ပြင်းထန်ကြောင်း မှတ်ချက်ပေးပြီး 11 v 11 အနေအထား ပိုကြိုက်တယ်လို့ ယာဂင် ဆို

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲမှာ ရိစ်ဂျိမ်းရဲ့ ကိစ္စကို စကားပြောတာက အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ စည်းမျဉ်းဆုံးဖြတ်သူတွေက မန်နေဂျာတွေ ဘာပဲပြောပြော သူတို့ ဆုံးဖြတ်တဲ့အတိုင်းပဲ ဆုံးဖြတ်ကြတာဖြစ်လို့ ပြောလည်း ထူးမယ်မထင်ဘူးလို့ ကလော့ပ်က ဆိုတာပါ။ ဒါပေမယ့်လို့ ရိစ်ဂျိမ်းကို အနီကဒ်ပေးတာက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ပွဲရလဒ်ကို ဖျက်ဆီးခဲ့တာလို့ သူက ဆိုပါသေးတယ်။ ယာဂင်ကလော့ပ်က ” ဒီလို အပြစ်ပေးမှုတွေကို ကျနော် ဘယ်တုန်းကမှ မကြိုက်ပါဘူး။ စည်းမျဉ်း အပြောင်းအလဲတွေ၊ စည်းကမ်းပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တစ်ယောက်ယောက်က… Continue Reading →

ညာခြမ်း တြိဂံ ပုံစံ ကစားမှုမှာ အယ်လီးယော့ အသင်းအတွက် အကျိုးဖြစ်ခဲ့ခြင်းကို ယာဂင် ချီးကျူး

လီဗာပူးလူငယ်လေး အယ်လီးယော့ဟာ နှစ်ပွဲဆက်တိုက် ပွဲထွက်ရမှုအဖြစ် ဘန်လေပွဲနောက်ပိုင်း ချယ်ဆီးနဲ့ပွဲမှာလည်း သူ့နေရာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ကိတ်တာရဲ့ နေရာကို ဆက်ပြီး အနိုင်ရခဲ့ခြင်းဖြစ်ကာ ဖာဘင်ညို၊ ဟန်ဒါဆန်တို့လို ဝါရင့် ကစားသမားတွေနဲ့ တွဲဘက် ကစားသွားခဲ့တာဖြစ်တယ်။ ရလဒ်က စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဆယ်ကျော်သက် ကစားသမားလေးရဲ့ ကစားနိုင်စွမ်းကတော့ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အယ်လီးယော့ဟာ ထရန့်၊ ဆာလာတို့နဲ့ ညာခြမ်းမှာ တြိဂံ အတွဲအဖြစ် ကစားခဲ့ပြီး လိုက်လျောညီထွေး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားလေးဟာ သူ့အသင်းဖော်တွေဖြင့်… Continue Reading →

ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမယ့် တိုက်ပွဲကို လူကာကူလည်း သဘောကျနေလိမ့်မယ်လို့ တူချယ် ပြောလာ

ချယ်ဆီးမန်နေဂျာ တူချယ်က မနှစ်ကရာသီ မတ်လမှာတုန်းက အန်ဖီးကွင်းအတွင်း လီဗာပူးကို အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ခြားနားမှုတွေ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ မေဆန်မောင့်ရဲ့ ပထမပိုင်း ပြီးခါနီး သွင်းဂိုးဖြင့် အဆိုပါပွဲကို ချယ်ဆီးက ၁-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ ထိုစဉ်တုန်းက လီဗာပူးဟာ ဗဟိုခံစစ်ပိုင်းမှာ ပြဿနာကြီးတွေ ရှိနေခဲ့ကာ ဒီတစ်ကြိမ်မှာတော့ အဓိက ခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့ ပြန်လည် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ တူချယ်က ” ဗန်ဒိုက် ပါတဲ့ လီဗာပူးနဲ့ ဗန်ဒိုက် မပါတဲ့ လီဗာပူးက… Continue Reading →

ရိုဘို၊ ဖာဘင်ညို ပါဝင်လာမယ့် လီဗာပူး V ချယ်ဆီးပွဲ ပွဲထွက် လူစာရင်း ၁၁ ဦးအား ခန့်မှန်းခြင်း

လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ အန်ဖီးကွင်းအတွင်း ချယ်ဆီးအသင်းကို ဧည့်ခံ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပွဲကြိုအတွင်း နားလည်ထားရတာက လီဗာပူး လူစာရင်းဟာ မီလ်နာ တစ်ဦးတည်းကလွဲရင် ရိုဘိုကအစ ကျန်ကစားသမားအားလုံး ဒဏ်ရာ ပြဿနာမရှိဘဲ ကြံ့ခိုင်မှု ကောင်းနေတယ်လို့ သိရတယ်။ ဘန်လေနဲ့ပွဲမှာ မပါထားနိုင်တဲ့ ဖာဘင်ညို၊ ချိန်ဘာလိန်တို့ကလည်း ဒီကနေ့ပွဲအတွက် အဆင်သင့် ဖြစ်နေမှာဖြစ်ပါတယ်။ ဒီနေ့ပွဲအတွက် လီဗာပူးပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာ ကိစ္စ (၃) ခု ရှိပါတယ်။ အဲ့တာတွေက ဘယ်အစွန်နေရာ ဘယ်သူတွေကို သုံးမလဲ၊… Continue Reading →

ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲအဖြစ် အန်ဖီးမှာ အေစီမီလန်ကို ဧည့်ခံ ယှဉ်ပြိုင်ရမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ရာသီသစ်ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲအဖြစ် အေစီမီလန်ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ပွဲချိန်ဇယားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အက်သလက်တီကို၊ ပေါ်တို၊ အေစီမီလန်တို့နဲ့အတူ အုပ်စု ဘီမှာ ကျရောက်နေတာပါ။ ၂၀၀၅၊ ၂၀၀၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ အေစီမီလန်နဲ့တော့ စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲဟာ လိဒ်ယူနိုက်တက် (အဝေးကွင်း)၊ ပဲလေစ့် (အိမ်ကွင်း)တို့ကို ယှဉ်ပြိုင်ကစားရမယ့် အမှတ်ပေးပွဲစဉ်တွေကြားမှာ… Continue Reading →

နွေအပြောင်းအရွှေ့ လက်ကျန် ၄ ရက်အတွက် လီဗာပူးရဲ့ အခြေအနေ ဘယ်လိုလဲ ယာဂင် ပြော

ချယ်ဆီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကလော့ပ်ရဲ့ ဖြေဆိုပေးမှုတွေဖြစ်ပါတယ်။ နွေဈေးကွက်နဲ့ ပတ်သက်လို့ … ကျနော်တို့အတွက် အရမ်းကို အလုပ်များတဲ့ ၄ ရက်တာကာလ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လို့ ဘာဖြစ်လာမယ်ဆိုတာကလည်း မသိနိုင်သေးပါဘူး။ အခြားအသင်းတွေ လူခေါ်နေမှု … အခြားအသင်းတွေက သူတို့ရဲ့ တိုက်စစ်ပိုင်းတွေမှာ အင်အားဖြည့်ဖို့ လိုတယ်လို့ ယူဆပြီး ကစားသမား ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မန်စီးတီးက စီရော်နယ်ဒိုကို ခေါ်ယူမယ့်အပေါ်… ပွဲကြည့်ပရိသတ် အနေနဲ့ပဲ ကြည့်နေပါတယ်။… Continue Reading →

ချယ်ဆီးက သိပ်ကောင်းတဲ့အသင်းလို့ ချီးကျူးပြီး ဒဏ်ရာ အခြေအနေတွေအကြောင်း ကလော့ပ် ပြော

စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ပွဲကြိုမှာ ကလပ်ရဲ့ လူစာရင်း အခြေအနေကို ကလော့ပ်က ထုတ်ပြောလာပါတယ်။ ဝါရင့် ကွင်းလယ်လူ မီလ်နာ မပါနိုင်ဘူးဆိုပေမယ့် ရိုဘို၊ ချိန်ဘာလိန်၊ ဖာဘင်ညိုတို့ အခြေအနေ ကောင်းနေဟန် ရှိပါတယ်။ ယာဂင်ကတော့ ဒဏ်ရာရ ကစားသမားတွေ မရှိဘဲ အားလုံး ပါဝင် လေ့ကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကလော့ပ်က ” ရိုဘိုက တစ်ပတ်လုံး လေ့ကျင့်ထားပါတယ်။ သူက ပါဝင်ဖို့အတွက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ မီလ်နာကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ သူ့အတွက် ချယ်ဆီးပွဲမှာ ပါဝင်ဖို့က… Continue Reading →

လီဗာပူး V ချယ်ဆီး ပရီးမီးယားလိဂ် ပွဲစဉ် (၃) ရဲ့ မိုက်ကယ်အိုဝင် ပွဲကြို သုံးသပ်နှင့် ရလဒ်ခန့်မှန်း

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းရဲ့ ကြီး ၆ ကြီး ပြိုင်ဘက်တွေထဲက တစ်သင်းဖြင့် ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့မှုဖြစ်တယ်။ ဒီပွဲမှာတော့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် တိုက်စစ်သမား လူကာကူနဲ့ ဗန်ဒိုက်ကြား ထိပ်တိုက်ရင်ဆိုင်မှုကို စောင့်ကြည့်လိုတဲ့ ဘောလုံးပရိသတ်တွေလည်း များပြားနေဖို့ ရှိပါတယ်။ အဆိုပါ ပွဲစဉ်အတွက် ဘောလုံးပွဲခန့်မှန်းသူ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!