Month

September 2021

ပွဲထွက်နေရာ အတွက် ဂျိုတာနဲ့ ပြိုင်ဆိုင်နေရတဲ့ အပေါ် တိုက်စစ်မှုး ဖာမီနိုရဲ့ သဘောထား

လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တို ဖာမီနို က လတ်တလော ဘရာဇီးသတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာ ကလပ်အသင်းရဲ့ တိုက်စစ် ပွဲထွက် တစ်နေရာ အတွက် ဂျိုတာနဲ့ ပြိုင်ဆိုင်ရဖို့ အသင့် ရှိနေကြောင်းနဲ့ ပေါ်တူဂီသားက ပိုဦးစားပေး နေရာ ရလာတဲ့ အပေါ်လည်း အေးအေးဆေးဆေး ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဖာမီနိုဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲတစ်ချို့ လွဲချော်ခဲ့ရတာ ရှိသလို ပွဲထွက်လူစာရင်းကနေလည်း တစ်ပွဲသာ ပါဝင်ခွင့် ရထားပါတယ်။ ဒါပေမယ့် ဖာမီနို က… Continue Reading →

နူနက်စ်ရဲ့ ခြေစွမ်းကို လေ့လာဖို့ ဘင်ဖီကာ V ဘာစီလိုနာပွဲကို တက်ရောက် ကြည့်ရှုခဲ့တဲ့ လီဗာပူးကင်းထောက်

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ကလပ်ရဲ့ ပစ်မှတ်ကစားသမားတွေကို လေ့လာဖို့ ကင်းထောက်တွေကို စေလွှတ် ကြည့်စေမှုမှာ ဘင်ဖီကာနဲ့ ဘာစီလိုနာပွဲလည်း ပါဝင်ခဲ့ကြောင်း လီဗာပူးသတင်းထောက် Melissa Reddy က ဖော်ပြပါတယ်။ လီဗာပူးအသင်းမှာ ပထမအသင်းကင်းထောက် ၂၀ ကျော်ရှိပြီး သူတို့ကိုတော့ ဒေ့ဗ်ဖော်လိုးနဲ့ ဘယ်ရီဟန်တာတို့က ကြီးကြပ်ကာ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်နဲ့ လက်ထောက်ဖြစ်တဲ့ ဂျူလီယန်ဝတ်တို့က တိုက်ရိုက် ကွပ်ကဲတာပဲ ဖြစ်ပါတယ်။ ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ဗီလာရီးရဲလ် တောင်ပံသမား ဒမ်ဂျူမားကို ကင်းထောက်ခဲ့တယ်။ ဒါ့အပြင် ဘင်ဖီကာနဲ့… Continue Reading →

လီဗာပူးအသိုင်းအဝိုင်းက ဟန်ဒါဆန်ကို ရှင်သန်နေတဲ့ ဂန္တဝင်တစ်ဦးအဖြစ် လေးစားချစ်ခင်ရခြင်း အကြောင်းရင်း

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပေါ်တိုနဲ့ပွဲမှာတော့ သူ့ရဲ့ အနီရောင် ကစားသမားဘဝ ပွဲပေါင်း ၄၀၀ ကို ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ မာဆေးဆိုဒ်ကို အသက် ၂၁ နှစ်အရွယ်မှာ ရောက်လာခဲ့ကာ ဆယ်စုနှစ်တစ်ခုကြာ ကစားပေးခဲ့ပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ လီဗာပူးမှာတော့ လူလေးစားခံရမှု မြင့်မားတဲ့ ကစားသမားဖြစ်ပါတယ်။ တစ်ချိန်က စတီဗင်ဂျရတ်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ကလပ်ရဲ့ အပြောအခံရဆုံး ကစားသမားဟာ လက်ရှိမှာတော့ လီဗာပူးရဲ့ အကြီးမြတ်ဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီဖြစ်တယ်။ အခုကတော့ ကလပ်အတွက် ပွဲ ၄၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဟန်ဒါဆန်နဲ့… Continue Reading →

နောက်ပွဲကိုလည်း ပေါ်တိုမှာပဲ ကစားချင်တယ်လို့ စနောက်သွားတဲ့ ဆာလာ

ပေါ်တိုကို ရင်ဆိုင်တိုင်း လီဗာပူးက ရလဒ်တွေ ကောင်းသလို အထူးသဖြင့် သူတို့ အိမ်ကွင်းမှာဆိုရင် ဂိုးတွေ အတော်လေး ပြတ်တဲ့ထိ ရလဒ်ကောင်းခြင်းအတွက် ဆာလာက အံ့သြနေပါတယ်။ ” ကျနေ်ာတို့ ပွဲစတည်းက လွှမ်းမိုးကစားနိုင်စွမ်း ကောင်းမွန်ခဲ့ပါတယ်။ ကျနေ်ာတို့အတွက် ရလဒ်ကောင်းလည်း ရခဲ့ပါတယ်။ အခု ကျနေ်ာတို့တွေ အုပ်စုတွင်း ပထမနေရာမှာ ရပ်တည်နေတယ်လို့ ထင်ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့်လို့ ပွဲစတည်းကနေပြီး ကျနေ်ာတို့ ရလဒ်ကောင်းအတွက် ဦးဆောင်ကစားနိုင်ခဲ့တယ်။ ” လို့ ပေါ်တိုကို ၅-၁ ဖြင့် အနိုင်ရခြင်းနဲ့ ပတ်သက်လို့… Continue Reading →

လီဗာပူးခေတ်သစ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးက ဆွာရက်စ်လား ဆာလာလား ငြင်းခုံကြတဲ့ အိုဝင်နဲ့ ဖာဒီနန်

လီဗာပူးရဲ့ မော်ဒန်ခေတ် အကောင်းဆုံး တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ငြင်းခုံမှုလုပ်ရာမှာ မိုက်ကယ်အိုဝင်နဲ့ ရီယို ဖာဒီနန်တို့က သဘောထားချင်း မတိုက်ဆိုင်ခဲ့ပါဘူး။ လီဗာပူးက ပေါ်တိုကို ၅-၁ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုဗိုလ် ဖြစ်ခဲ့သလို အီဂျစ်သားဟာ အဲ့ဒီ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဆာလာဟာ ပွဲချိန်နှစ်ပိုင်းမှာ တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပြီး ရာသီသစ်မှာ သူဟာ ၈ ပွဲကစား၊ စုစုပေါင်း သွင်းဂိုး ၈ ဂိုးထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဖာဒီနန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း… Continue Reading →

ပုံမှန် အလေ့အထတွေကို ချိုးဖောက်ပြီး ဂျုံးနဲ့ ဟန်ဒါဆန်ကို ပြောင်းပြန် အသုံးချခဲ့တဲ့ ယာဂင်

ပေါ်တိုကို ၁-၅ ဖြင့် အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲအတွင်း မန်နေဂျာကလော့ပ်ဟာ ကွင်းလယ်ပိုင်းမှာ အများမထင်ထားတဲ့ ကိစ္စတစ်ခုကို ပလန်ဆွဲခဲ့ပါတယ်။ စာရွက်ပေါ်မှာတော့ ဖာဘင်ညိုကို နံပါတ် ၆ နေရာ ကစားစေပြီး ညာခြမ်း ကွင်းလယ်လူအဖြစ် ဟန်ဒိုကို ပွဲထုတ်ခဲ့ကာ ဘယ်ခြမ်း ကွင်းလယ်လူနေရာမှာ ကာတစ်ဂျုံးကို ထုတ်သုံးခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ပွဲပလန်အရ သူတို့ နှစ်ဦးရဲ့ ကစားဟန်ဟာ လီဗာပူးပရိသတ်တွေကို မျက်ခုံးပင့်ရမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲရဲ့ အစောပိုင်း ၃၇ မိနစ်မှာ ကာတစ်ဂျုံးဟာ deep-lying playmaker နေရာက… Continue Reading →

ထရန့်ရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုဆိုးလို့ မန်စီးတီးပွဲကို လွဲမယ်လို့ ကလော့ပ် ပြော

လီဗာပူးက ပေါ်တိုကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာတော့ ညာအစွန်လူ ထရန့် လိုက်ပါသွားနိုင်ခြင်း မရှိဘဲ ဒဏ်ရာကြောင့် ခါဘီမှာပဲ ကျန်နေခဲ့တာဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်ရဲ့ လူစာရင်းမှာ လူငယ်အစွန်လူ နီကိုး ပါဝင်ခဲ့ပေမယ့် ဝါရင့် ကွင်းလယ်လူ မီလ်နာ၊ ဗဟိုခံစစ်သမား ဂိုးမက်စ်တို့ကို ကျော်ပြီး ပွဲထွက်ကစားခွင့်တော့ မရခဲ့ဘူး။ နီကိုး ကိုယ်တိုင်ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးပါဘူး။ ပေါ်တိုပွဲကြိုမှာ ကလော့ပ်က ထရန့်ရဲ့ အခြေအနေကို ပြောပြခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ဖန်တီးရှင်လေးဟာ… Continue Reading →

ပေါ်တူဂီမြေမှာ ခြေစွာလေ့ရှိတဲ့ လီဗာပူးရဲ့ ညက ချန်ပီယံလိဂ် ဂိုးပြတ်နိုင်ပွဲမှ အရေးကြီး အချက် ၄ ချက်

ပေါ်တူဂီကို လီဗာပူး လာကစားတဲ့အခါတိုင်း ပေါ်တို ဘယ်လောက်တောင် မုန်းနေလိုက်မလဲ။ ၂၀၁၇-၁၈ ရာသီမှာ ၅-၀ နဲ့ အနိုင်ရပြီး ၂၀၁၈-၁၉ မှာလဲ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ နှစ်ရာသီလုံးမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။ အခု ဒီရာသီ တွေ့ဆုံမှုလဲ သူတို့ဟာ အစကနေ အဆုံးထိ ပွဲကိုလွှမ်းမိုးထားခဲ့ပြီး စိတ်ရှုပ်ထွေးနေတဲ့ ပြိုင်ဘက်တွေကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။ ဆာလာရဲ့ ၂ ဂိုး၊ မာနေးရဲ့ ၁ ဂိုးနဲ့အတူ လီဗာပူးဟာ… Continue Reading →

ပေါ်တိုကို ၅ ဂိုးပြတ် နိုင်ပွဲမှာ အထင်ကြီးစရာ အကောင်းဆုံး လီဗာပူးအသင်းသားဖြစ်ခဲ့တဲ့ ကာတစ်ဂျုံး

ပေါ်တို ၁-၅ လီဗာပူးပွဲမှာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သလို ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ လုပ်ပေးခဲ့ပါတယ်။ ဆာလာအတွက် သွင်းဂိုး နှစ်ကြိမ်နဲ့ ဖာမင်နိုအတွက် တစ်ကြိမ်တို့မှာ ဂျုံးရဲ့ ဖန်တီးပေးမှုတွေက သိပ်ကို ကောင်းခဲ့ပေမယ့် ၂ ကြိမ်အတွက်ပဲ နာမည်စာရင်း သွင်းခြင်းခံခဲ့ရတယ်။ ဒါပေမယ့်လို့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ လီဗာပူးပရိသတ်တွေရဲ့ အထင်ကြီးခြင်းကိုတော့ စတင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ” ကာတစ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!