Date

September 2, 2021

ရာသီအစ တာအထွက်မှာတင် စိတ်လျော့ချင်နေတဲ့ ပရိသတ်တွေကို သတိပေးလာတဲ့ ဂျွန်ဘန်းစ်

လီဗာပူး တိုက်စစ်သမားဟောင်းကြီး ဂျွန်ဘန်းစ်က နွေမှာ လူသစ်ခေါ်ယူမှု နည်းပါးခဲ့ပေမယ့် အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိနေပါသေးတယ်ဆိုပြီး ပရိသတ်တွေကို သွေးနွေးပေးမှုတွေ ပြုလုပ်ပေးသွားပါတယ်။ ကိုနတေး တစ်ဦးတည်း ခေါ်ယူထားတဲ့ လီဗာပူးဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှုတွေမှာ ကျဆင်းလာနေတယ်။ ဂျွန်ဘန်းစ်ကတော့ ဒီအခြေအနေအပေါ် စိုးရိမ်နေခြင်း မရှိဘူးလို့ ထုတ်ပြောလာကာ ပရိသတ်တွေအနေနဲ့ ကလော့ပ်အပေါ် ယုံကြည်ပေးဖို့ အသင်းကို ယုံကြည်ပေးဖို့ တွန်းအားပေးမှု ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဂျွန်ဘန်းစ်က ” အပြောင်းအရွှေ့မှာ လက်မှတ်ထိုး ခေါ်ယူမှုတွေ နည်းပါးခဲ့တာနဲ့ ပတ်သက်လို့ ကျနော်ကတော့… Continue Reading →

ခံစစ်မှူး ကိုနတေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အံသြသင့်ရမှုတွေကို ဖွင့်ဟသွားခဲ့တဲ့ မာနေး

ဆာဒီယို မာနေးက အသင်းရဲ့ လေ့ကျင့်ရေးမှာ မြင်နေရတဲ့ ကိုနတေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အံ့သြသင့်ရမှုတွေကို ဖွင့်ဟပြောဆိုမှု ပြုလုပ်သွားပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မကစားရသေးတဲ့ ကိုနတေးဟာ နိုင်ငံတကာပွဲအပြီး အသင်းရဲ့ ၃ ရက် ၁ ပွဲ ကာလတွေမှာ ပွဲကစားခွင့်တွေရလာမှာဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ကစားသမားသစ်တွေကို ခပ်မြန်မြန် မိတ်ဆက်ပေးမှုအစား သူ့ရဲ့ နည်းစနစ်မှာ အံဝင်အောင် စောင့်ပေးလေ့ရှိပြီး ဒါက ကိုနတေးအတွက် အကူအညီဖြစ်မယ် ယူဆရတယ်။ မာနေးက “ သူက သိပ်ကောင်းတဲ့… Continue Reading →

ရာသီကြို အခြေအနေကြောင့် အဆိုးဆုံးထိပါ မျှော်လင့်ခဲ့ကြောင်း ရိုဘို ဖွင့်ဟလာ

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ရာသီကြိုမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကနေ အမြန်ဆုံး သက်သာလာတာအတွက် ကျေနပ်နေပါတယ်။ သူ့ရဲ့ ဒဏ်ရာဟာ ကာလရှည် နားရနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် ကံကောင်းစွာပဲ မပြင်းထန်ခဲ့တာကြောင့် သီတင်းပတ် နှစ်ပတ်လောက် အနားယူရုံနဲ့ ပျောက်ကင်းခဲ့ရတယ်။ ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်တွေအတွက် စကော့တလန်အတွက် ကစားပေးခဲ့ပြီဖြစ်ပါတယ်။ ရိုဘိုက “ မတော်တဆဖြစ်ခဲ့တဲ့ ဗီဒီယိုကို ပြန်ကြည့်ချိန်မှာ အခြေအနေက သိပ်မကောင်းခဲ့ဘူး။ ကျနော် အဆိုးဆုံးအထိ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ နောက်ရက် ဒဏ်ရာကို… Continue Reading →

အပြောင်းအရွှေ့ ပိတ်အပြီး လီဗာပူးရဲ့ စီနီယာအသင်းအတွက် အပြီးသတ် လူစာရင်း (၂၈) ဦး

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် နွေဈေးကွက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကိုနတေး တစ်ဦးတည်းကို ခေါ်ယူခဲ့ခြင်းဖြစ်ကာ အဓိက ကစားသမား အချို့နဲ့ လူငယ်ကစားသမား အချို့တွေကို လက်လွတ်ခဲ့ရတယ်။ နက်ဖီးလစ်၊ အိုရီဂီ၊ နီကိုး၊ မီနာမီနိုတို့ကို ရောင်းထုတ်နိုင်ခြင်း မရှိမှုကြောင့် နောက်ထပ်သော ကစားသမားတွေကို ခေါ်ယူခဲ့ခြင်း မရှိတဲ့ အသင်းရဲ့ နွေလှုပ်ရှားမှုက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ လူစာရင်းဟာ ဒဏ်ရာပြဿနာတွေ များစွာ ရင်ဆိုင်ရတဲ့ မနှစ်ကထက်စာရင် တောင့်တင်းတယ်လို့ ဆိုနိုင်ပေမယ့် အသင်းပြိုင်ဆိုင်ရမှာက ကိုယ်လူစာရင်း မဟုတ်ဘဲ ပြိုင်ဘက်အသင်းတွေရဲ့… Continue Reading →

ခပ်လွယ်လွယ် မေ့လိုက်ကြတဲ့ လူတွေအတွက် ဆုဖလားနဲ့ သွင်းဂိုး (၃၀) ရယူပြမယ်ဆိုတဲ့ မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက ရာသီသစ်အတွက် ရည်မှန်းချက်တွေ ရှိနေပြီး အဲ့တာကတော့ သူ့ရဲ့ သွင်းဂိုးနှုန်းကို မြှင့်တင်ကာ အသင်းအတွက် ဆုဖလား အနိုင်ယူပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ လီဗာပူးရဲ့ အဓိက အသင်းသားဖြစ်ခဲ့တဲ့ မာနေးဟာ ဘလွန်းဒီအောဆုအတွက် ထိပ်ပိုင်း တစ်နေရာထိ တက်ရောက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်ကရာသီမှာ စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ မာနေးရဲ့ အရည်အချင်းကို သံသယ ဝင်သူတွေက များစွာ ရှိလာနေခဲ့ပါပြီ။ မာနေးက ” ဘောလုံးမှာ ကိစ္စတွေက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!