Date

September 4, 2021

လီဗာပူးရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်နဲ့ ဆုဖလားတွေ အနိုင်ရဖို့ဖြစ်ကြောင်း သီယာဂို ဖွင့်ဟ

ဒီရာသီ လီဗာပူးရဲ့ ရည်မှန်းချက် အတိုင်းအတာက အကန့်အသတ် မရှိပါဘူးလို့ ကွင်းလယ်လူ သီယာဂို အန်ကယ်တာရာက လီဗာပူးဝဘ်ဆိုဒ်ကို ထုတ်ဖော် ပြောဆိုပါတယ်။ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့ စီးရီးလိုက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ စပိန်သား ကွင်းလယ်လူဟာ သူ့ရဲ့ အန်ဖီး ကစားသမားဘဝ ဒုတိယမြောက် ရာသီကို စတင်နေပြီဖြစ်တယ်။ မနှစ်တုန်းက ကိုဗစ်ကပ်ဘေးကြားမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ဆုဖလားပြိုင်ပွဲတိုင်းမှာ လီဗာပူးအသင်း ရှိနေအောင် ကွင်းလယ်လူက ကူညီပေးချင်နေပါတယ်။ “ ကျနော် ကစားခဲ့တဲ့ အသင်းတိုင်းမှာ ထားခဲ့တဲ့ တူညီတဲ့… Continue Reading →

ဒီရာသီ ရာသီအစမှာတင် လီဗာပူးအသင်းရဲ့ အကောင်းမြင်စရာ တိုးတက်လာမှုကို မာနေး ဖွင့်ဟ

ရာသီအစောပိုင်းကာလ အကောင်းမြင်စရာ တချက်ကတော့ မနှစ်က တစ်ရာသီလုံးနီးပါး ပွဲမကစားနိုင်ခဲ့တဲ့ မာတစ်နဲ့ ဗန်ဒိုက်တို့ ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာပြီး ကြံ့ခိုင်မှု ပြည့်ဝနေကာ တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနေနိုင်ခြင်းပဲ ဖြစ်ကြောင်း အသင်းဝဘ်ဆိုဒ်ကနေ မာနေးက ဖွင့်ဟသွားပါတယ်။ ဂျိုဂိုးမက်စ်ဟာလည်း ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ပွဲတွေမှာ ရွေးချယ်ခွင့်ရနေပြီဖြစ်တယ်။ သူတို့လို ခံစစ်သမားတွေအပြင် နွေဈေးကွက်မှာ ရထားတဲ့ ကစားသမားသစ် ကိုနတေးကြောင့် မန်နေဂျာကလော့ပ်ဟာ ဗဟိုခံစစ်အတွက် ရွေးချယ်စရာ အလုံအလောက် ရှိနေတာပါ။ ဗန်ဒိုက်နဲ့ ပတ်သက်ပြီး မာနေးက… Continue Reading →

၂၀၂၄ ခုနှစ် စာချုပ်ကုန်ချိန်မှာ လီဗာပူးကထွက်ပြီး အနားယူဖို့ စဉ်းစားထားတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပရော်ဖယ်ရှင်နယ် ဘောလုံးလောကမှာ မန်နေဂျာ တစ်ယောက် ဖြစ်နေရတာက လုံလောက်တဲ့ နားချိန် မရှိဖြစ်နေပြီး ဒါကပဲ တစ်ခုတည်းသော ပြသနာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဂျာမန်သားကြီးဟာ နောက်လဆိုရင် လီဗာပူးအသင်းကို တာဝန်ယူတာ ၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ၂၀၁၅ အောက်တိုဘာမှာ ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဟာ လီဗာပူးအသင်းကို စတင် တာဝန်ယူခဲ့တာပါ။ ထိုစဉ်တည်းက စလို့ ကလော့ပ်ဟာ လီဗာပူးကို တဖြည်းဖြည်း အသွင်ပြောင်း တည်ဆောက်လာခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်နဲ့… Continue Reading →

ဗန်ဒိုက်ရဲ့ ကောင်းကွက်နဲ့ သူ့ကြောင့် ပိုကောင်းလာတဲ့ အသင်းဖော်ကို ထုတ်ဖော်လိုက်တဲ့ လော်ရိုး

ဥရောပအကောင်းဆုံး ကစားသမား ဆုရခဲ့ဖူးတဲ့ ဗဟိုခံစစ်မှူးဗန်ဒိုက်ရဲ့ ကစားပုံကို ကြည့်ရင်း အတိတ်တုန်းက ကလပ်ရဲ့ ဂန္တဝင် ခံစစ်မှူးရဲ့ ခြေစွမ်းတွေကို ပြန်မြင်ယောင်မိပါတယ်လို့ လီဗာပူးကစားသမားဟောင်း မက် လော်ရန်ဆန် (လော်ရိုး) က ထုတ်ပြောလာပါတယ်။ ဗန်ဒိုက်အတွက် ဘောလုံးကစားတာက လွယ်လွန်းနေသလို သူဟာ သူ့ရဲ့ ခံစစ်အသင်းဖော်တွေဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိအောင်လဲ ဦးဆောင်ပေးနိုင်တယ်လို့ လော်ရန်ဆန်က ဆိုပါတယ်။ ဗန်ဒိုက်ဟာ မနှစ်က ဘောလုံးရာသီ တစ်ခုလုံးနီးပါးကို ပြင်းထန် ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရာက လီဗာပူးကလည်း ထိပ်ဆုံး လေးသင်း… Continue Reading →

အန်ဖီးမှာ လီဗာပူးကို အနိုင်ယူပြီး အတိတ်က အကြွေး လက်စားချေပေးဖို့ ခရက်စပို တောင်းဆို

၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အစ္စတန်ဘူလ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့ခြင်းဟာ အေစီမီလန် တိုက်စစ်မှူးဟောင်း ခရက်စပိုကို အခုချိန်ထိ နာကျင်နေဆဲဖြစ်ပါတယ်။ လီဗာပူးနဲ့ အေစီမီလန်တို့ဟာ ဥရောပပြိုင်ပွဲ သမိုင်းမှာ နှစ်ကြိမ်တွေ့ထားခဲ့ဖူးပြီး နှစ်ကြိမ်လုံး ဗိုလ်လုပွဲ ဖြစ်နေတာကတော့ ဒီနှစ်သင်းရဲ့ အဆင့်အတန်း မြင့်မားမှုပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၀၅ မှာ လီဗာပူးက အနိုင်ရခဲ့ပြီး ၂၀၀၇ မှာတော့ အေစီမီလန်က အနိုင်ရခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးလို့ ဆိုလိုက်တာနဲ့ ၂၀၀၅ ညကို ပြန်အမှတ်ရနေမိတဲ့ ခရက်စပိုက လက်စားချေလိုစိတ်တွေ ပြင်းပြနေပါတယ်။… Continue Reading →

လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်ခဲ့ရခြင်း အကြောင်းရင်းကို ဖယ်ကီရာ ဖွင့်ဟလာ

ပြင်သစ်ကွင်းလယ်လူ ဖယ်ကီရာက ၂၀၁၈ ခုနှစ် နွေတုန်းက လီဗာပူး ဂျာစီအနီရောင် ဝတ် ဓာတ်ပုံရိုက်ခံခဲ့ပြီး အပြောင်းအရွှေ့ ပြီးစီးလု ဖြစ်မှ ပျက်ပြယ်ခဲ့တဲ့ အကြောင်းအချို့ ဖွင့်ဟသွားပါတယ်။ လိုင်ယွန်ကြယ်ပွင့်ဟောင်း ဖယ်ကီရာက ၎င်းနဲ့ လီဗာပူးရဲ့ ပေါင် ၅၃ သန်းတန် အပြောင်းအရွှေ့ မကြေငြာခင်မှာပဲ အနီရောင် ဂျာစီနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ကာ ထိုပုံများ ပေါက်ကြားခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပြီး နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ လီဗာပူးပရိသတ်တွေ သိပ်ကို သိလိုခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ အပြောင်းအရွှေ့ဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!